သက်မွန်မြင့် – ပျောက်နေတာကြာတော့ လွမ်းရောပေါ့

ပျောက်ချက်သားကောင်းနေတဲ့ သက်မွန်မြင့် က ပေါ်မယ့်ပေါ်လာတော့လည်း ဖက်ရှင်လှလှရိုက်ချက်လေးတွေနဲ့ ပါ။ သက်မွန် က ပျောက်နေတာကြာတော့ လွမ်းရောပေါ့ ဆိုကာ ဒီဇိုင်နာ မပုံ့ ရဲ့ပွဲကို တက်ရောက်ခဲ့တဲ့ပုံလေးတွေတင်လိုက်တာဖြစ်ပါတယ်။ 

Read More

နန်းသီရိမောင် ရဲ့ အလန်းလွန်ရိုက်ချက်သစ်များ

မော်ဒယ် နန်းသီရိမောင် ကတော့ ခပ်မိုက်မိုက် ရိုက်ချက်တွေနဲ့ အတူ Health Care ဂျာနယ်အတွက် ဓာတ်ပုံတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေကို သိန်းဇော်ဝင်း (Photography) ကရိုက်ကူးပေးထားတာဖြစ်ပါတယ်။ သီချင်းလည်းဆိုတဲ့ နန်းသီရိမောင် က ပြီးခဲ့တဲ့ ရက်ပိုင်း ကလည်း အလန်းလွန် ပုံတချို့ ကို တင်ထားလို့ အွန်လိုင်း ပရိသတ်တွေကြား ကြိုက်တဲ့သူကကြိုက်သလို ၊ မကြိုက်တဲ့သူတွေကြားလည်း ပွဲဆူခဲ့ပါသေးတယ်။ ကဲ ဓာတ်ပုံတွေကြည့်လိုက်ရအောင်နော်။

Read More

ခပ်မိုက်မိုက်အကြည့်တွေနဲ့ စွဲဆောင်မှုရှိနေတဲ့ ၀တ်မှုံရွှေရည်

ဝတ်မှုံရွှေရည် ကတော့ ပရိသတ်တွေအတွက် ပုံသစ်လေးတွေထပ်တင်လိုက်ပါတယ်။ ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးမှာ စတင်သရုပ်ဆောင်နေပြီဖြစ်တဲ့ ၀တ်မှုံရွှေရည် က တော့အလုပ်တွေနဲ့ မနားရတဲ့ပုံပါ။ ၀တ်မှုံရွှေရည် ကို လှအောင် ချယ်သပေးသူကတော့ မိတ်ကပ် မေဦး ဖြစ်ပြီး ၊ ဓာတ်ပုံကတော့ ထက်အောင် လို့ သိရပါတယ်။ စူးစူးရှရှ အကြည့်တွေနဲ့ ဝတ်မှုံရွှေရည် ရဲ့ ဖက်ရှင်ပုံလေးတွေက တမျိုးကြည့်ကောင်းနတာပါ။ ၀တ်မှုံရွှေရည် ရဲ့ ပရိသတ်ကြီးတွေအတွက် သိမ်းထားစရာပုံသစ်လေးတွေရပြန်ပြီပေါ့နော်။

Read More

ယုသန္တာတင် ရဲ့ ပွဲတက်ဖက်ရှင်

သရုပ်ဆောင် ယုသန္တာတင် ရဲ့ ပွဲတက်ဖက်ရှင်ပုံရိပ်လေးတွေကို ပရိသတ်တွေက နှစ်ခြိုက်သဘောကျနေကြပါတယ်။ ယုသန္တာတင် က ချစ်ပုံ့ ရဲ့Zoey collection နဲ့ ကိုယ်ထင်လာပြတာ ဆိုပြီး ဒီလို ပုံလန်းလန်းလေးတွေကို တင်ထားတာဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုရိုက်ကူးပေးသူကတော့ ကိုနေမင်းထွန်း (Amazing Grace) ဖြစ်ပါတယ်။ ပုံလေးတွေသိပ်မတင်တတ်တဲ့ ယုရဲ့ ပုံလေးတွေကို ချစ်ရင် အသဲလေးတွေပေးသွားနော်။

Read More

အပူလောင်ဆုံးသော ချစ်သောသူကိုဆုံးရှုံးမှုကို ကြုံလိုက်ရတဲ့ Nilen

စိတ်မကောင်းစရာသတင်းပါ။ Myanmar Idol မှာဝင်ပြိုင်နေတဲ့ Nilen ဟာ သူမရဲ့ ချစ်သူ ကိုဆုံးရှုံးလိုက်ရတဲ့အကြောင်း သူမရဲ့ ဖေ့ဘွတ်ခ်မှာရေးထားပါတယ်။ ချင်းတိုင်းရင်းသူလေး Nilen ရဲ့ ချစ်သူ ဟာ ဇွန် လ ၂၂ ရက်နေ့ညက ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့ကြောင်း သိရပါတယ်။ ချင်း ဂျာနယ် မှာ ရေးသားဖော်ပြထားတာကတော့ Nilen ရဲ့ ချစ်သူဟာ မိမိကိုယ်ကိုကြိုးဆွဲချကာ အဆုံးစီရင်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ချင်းအမျိုးသား ဆလိုင်း မန်ကျုံလိမ် ဟာ ရန်ကုန်တက္ကသိုလ် မှာ ၊ နိုင်ငံတကာဆက်ဆံရေး မေဂျာနဲ့  ပညာသင်ကြားနေသူလို့ လည်းသိရပါတယ်။

Read More

ပရိသတ်တဦးကိုချစ်စဖွယ်တုံ့ပြန်လိုက်တဲ့ ပိုင်ဖြိုးသု

ဒီတပတ်အတွင်း အနုပညာ ရှင်တွေထဲက သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ဆိုသလို ၊ စေ့စပ် လိုက်သူကတော့ သရုပ်ဆောင် ပိုင်ဖြိုးသု ဖြစ်ပါတယ်။ ပိုင်ဖြိုးသု ရဲ့ စေ့စပ်ပွဲသတင်းဟာ ပရိသတ်တွေကြားမှာသာမက အနုပညာရှင်တွေကြားမှာပါ ချက်ချင်းဆိုသလို အံ့သြစရာဖြစ်ခဲ့ပါတယ်။ ပိုင်ဖြိုးသု ရဲ့ လက်တွဲဖော်ကတော့ ဒါရိုက်တာ ဏကြီး ဖြစ်ပါတယ်။ ပိုင်ဖြိုးသု ရဲ့ ပရိသတ်တွေထဲကတယောက်ကတော့ ပိုင်ဖြိုးသု ယနေ့ တင်ထားတဲ့ပုံလေးတွေအောက်မှာ မမ က ရက်စက်တဲ့ သူကြီးပါ လို့ ရေးတော့ ပိုင်ဖြိုးသု က ယခုလို ချစ်စဖွယ် ပြန်လည်တုံ့ပြန်ထားပါတယ်။ပိုင်ဖြိုးသုက ” သူတို့ကျတော့လူပျိုကြီး အပျိုကြီးတွေလုပ်မှာကျနေတာပဲ ၊ သူတို့ချစ်သူတွေနဲ့တွေ့ရင်သဲသဲလှုပ်တွေချစ်ကြပြီးအားလုံးကိုမေ့နေကြမှာသိပါ့ရှင် အဲ့ခါကျတော့သုသုမ မှာအထီးကျန်အဖွားကြီးဖြစ်မှာပေါ့လို့ အာ့ကြောင့်သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်တာပဲဟာကို ” လို့ ရေးထားတာပါ။ ကဲ ပိုင်ဖြိုးသု…

Read More

သရုပ်ဆောင် ပိုင်ဖြိုးသု စေ့စပ်လိုက်ပြီ

သရုပ်ဆောင် ပိုင်ဖြိုးသု နှင့် ဒါရိုက်တာ ညဏတင်ဦး(ခ) ဏကြီး တို့ရဲ့ စေ့စပ်မင်္ဂလာဧည့်ခံပွဲ အခမ်းအနားကို ဒီကနေ့ ဇွန်လ(၂၁)ရက်နေ့၊ Sedona Hotel မှာ ကျင်းပပြုလုပ်ခဲ့တဲ့ဓာတ်ပုံ နဲ့ အင်တာဗျူးတွေ ထွက်ပေါ်လာပါတယ်။

Read More

ကျက်သရေရှိစွာလှနေတဲ့ဝတ်မှုံရွှေရည် ရဲ့ဖက်ရှင်ဝတ်စုံလေးအကြောင်း

ပရိသတ်အချစ်တော် မင်းသမီး ၀တ်မှုံရွှေရည် က ဒဏ္ဍာရီမိုး ရုပ်ရှင် သစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့ သိရပါတယ်။ ကန်တော့ပွဲပေးအခမ်းအနားကို တက်ရောက်လာတဲ့ ၀တ်မှုံရွှေရည် ဖက်ရှင်လေးဟာ ယဉ်ယဉ်လေးနဲ့ ကျက်သရေရှိလို့ နေပါတယ်။ ၀တ်မှုံရွှေရည် က နောက်တော့ ဒါကိုရှင်းပြထားပြီး “Antique look လေးတွေ ဓာတ်ကျ နေကြလို့ ရှေးခေတ်က နာမည်ကြီးမင်းသမီး အန်တီ ‘ဝင်းမင်းသန်း’ ရဲ့ ပုံလေးကို inspired ယူပြီးမေဦးကဖန်တီးပေးထားတဲ့ look လေးပါ လို့ ရေးထားပါတယ်။ 

Read More

မနောရဲ့သီချင်းသစ် ဒိုင်ယာရီအမှတ် ၃ လူကြိုက်များနေပြန်

ဗိုလ်အောင်ဒင် အဆိုတော် မနော က သီချင်းသစ် တပုဒ် ကို အွန်လိုင်းမှာ ထပ်တင်လိုက်ပါတယ်။ ဒီသီချင်းကို အဆိုတော် ပိုပို က ရေးပေးထားတာလို့ မနော က ပြောပါတယ်။ ဒီသီချင်းက နည်းနည်းတော့ ဖီး ရ မဲ့သီချင်းပါ။ စတာ နဲ့ ဒဏ်ရာတွေလည်း ဟောင်းပြီပဲ မနေ့ တနေ့ကလို ငါလေချစ်တုန်းပဲ ဆိုပြီး အစပျိုးထားတာဖြစ်ပါတယ်။မနော က ဖေ့ဘွတ်ခ်မှာ ရေးထားတာကတော့ ဒီလိုပါ “သီချင်းသစ်တွေ အဆိုတော် ပိုပို မှရေးပေးထားတဲ့သီချင်းအသစ်လေးကျနော်ကြိုက်လွန်းလို့ဆိုထားတယ်ဗျို့တင်မယ်နော် (၃)ရက်အတွင်းအားပေးအုန်းဗျားးးအဲဒါ အဲဒါ အရေးကြီးတယ်နောခဏတိုင်းခဏတိုင်းကိုအားပေးအုန်းဗျို” လို့ ရေးထားတာဖြစ်ပါတယ်။ 

Read More

ဖက်ရှင်ရိုရိုးလေးနဲ့ လည်းချစ်ဖို့ ကောင်းနေတဲ့ အိချောပို

အိချောပို က ယနေ့အတွက် ရိုးရိုးရှင်းရှင်းဖက်ရှင်လေးနဲ့ လှနေတဲ့ပုံလေးတွေကို ဆဲဖီ ရိုက်ချက်တွေကော ၊ အလှပုံတွေကော နေရာစုံကနေရိုက်ကာ ပရိသတ်တွေအတွက် ဓာတ်ပုံတွေတင်ထားပါတယ်။ စူစူ လို့ လည်း သိတဲ့ အိချောပို က ရုပ်ရှင်ဇာတ်ကားတွေမှာ မနားတမ်း သရုပ်ဆောင်နေရတဲ့ မင်းသမီးတလက်ဖြစ်ပါတယ်။

Read More