ဖုန်းအားသွင်းနေစဉ် နားကြပ်တပ် သီချင်းနားမထောင်သင့်တဲ့သင်ခန်းစာ

မလေးရှားနိုင်ငံ က ၊ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးဟာ ဖုန်းအားသွင်းထားရင်း ၊ နားကြပ်တပ် သီချင်းနားထောင်ရာမှ မနက်မှာတော့ သေဆုံးနေတာကို အမေ ဖြစ်သူက တွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ်ရှိ ၊ ဇာဟာရင် ဟာ အိပ်ရာဝင်တဲ့အချိန်မှာ ဖုန်းကို အားသွင်းရင်း ၊ Headphones ကိုအသုံးပြုကာ သီချင်းနားထောင်ရင်း အိပ်ပျော်သွားခဲ့တာပါ။ နောက်တနေ့မှာ အမေဖြစ်သူက သားဖြစ်သူကို အိမ်ပြန်လာတဲ့အချိန်မှာ နှိုးလို့မရတာကြောင့် ဆေးအဖွဲ့ကို အရေးပေါ် အကြောင်းကြားခဲ့ရာမှ ၊ လာရောက်စစ်ဆေးတဲ့အချိန်မှာ သေဆုံးနေကြောင်းအတည်ပြုခဲ့တာပါ။

Read More