ပရိသတ်ကို ဓာတ်ပုံသစ်လေးတွေနဲ့ ဖမ်းစားလိုက်ပြန်တဲ့မအေးသောင်း
မအေးသောင်း ရဲ့ ဒီနေ့ဟော့နေတဲ့ သတင်းတခုကတော့ ချစ်ရတဲ့သူတယောက်ကို My Day မှာ မသိသာ ထုတ်ပြလိုက်တာပါပဲ။ ပိုးမွေးသလို မွေးထားခံရတယ်ဆိုပြီး ချစ်သူရဲ့ ချစ်တတ်ပုံကိုလည်း မအေးသောင်းက ပြေထားပါသေးတယ်။ မအေးသောင်း တင်ထားတဲ့ အပြာရောင်ဝတ်စုံလေးနဲ့ ပုံတွေဟာလည်း ပရိသတ်တွေကြားထဲမှာ လူကြိုက်များလို့နေပြန်ပါတယ်။ ဓာတ်ပုံတွေကို Amazing Grace က ရိုက်ပေးထားတာဖြစ်ပါတယ်။
Read More
ရောင်စုံဖက်ရှင်နဲ့ လှနေတဲ့ မအေးသောင်း
မအေးသောင်းရဲ့ ဒီပုံတွေကိုတွေ့လိုက်တာနဲ့ဘယ်လိုတွေတောင် လှနေပါလဲဆိုတဲ့ ပရိသတ်တွေများမယ်ထင်ပါတယ်။ မအေးသောင်း က ဒီလိုရောင်စုံဖက်ရှင် လေးနဲ့ Galaxy Music Festival သို့ နေတိုး ၊ စိုင်းစိုင်း ၊ ပန်းရောင်ခြယ် ၊ ဖွေးဖွေး တို့ နဲ့အတူတက်ရောက်လာတာဖြစ်ပါတယ်။ မအေးသောင်းရဲ့ ဖက်ရှင်ဝတ်စုံလေးကိုဖန်တီးပေးတဲ့သူကတော့ Mglatt Dsn ဖြစ်ပါတယ်။ ပုံတွေကိုတော့ Ko Nay Min Tun ( Amazing Grace) က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။
Read More
မအေးသောင်းရဲ့မွေးနေ့ 
ယနေ့ မေ လ ၂၇ ရက်နေ့ကတော့ မအေးသောင်း ခေါ် အေးဝတ်ရည်သောင်းရဲ့ မွေးနေ့ပါတဲ့။ မအေးသောင်းဟာ အခုဆိုရင် ၃၄ နှစ်ပြည့်တာလို့ လည်းသိရပါတယ်။ ၃၀ ကျော်မှ စန်းတက်နေတဲ့ မအေးသောင်း ဟာ လူမှုကွန်ယက်ပေါ်မှာတော့ နာမည်ကြီးလူကြိုက်များတဲ့ ဆယ်လီ တဦးပဲဖြစ်ပါတယ်။ We Love Aye Wut Yee Thaung အဖွဲ့ကတော့ မအေးသောင်းအတွက် Billboard တခုတင်ကာဆုတောင်းပေးခဲ့ပြီး အောင်မြင်မှုများဆက်လက်သိမ်းပိုက်နိုင်ပါစေကြောင်းဆိုကာ ဆုတောင်းပေးထားပါတယ်။ မအေးသောင်းကိုယ်တိုင်ကတော့ ဒီနေ့ တင်ထားတဲ့ပုံတခုမှာ Happy Birthday to me လို့ ရေးသားထားပါတယ်။
Read More
ပျိုပျိုမေ မအေးသောင်း ရဲ့ဖက်ရှင်
တနေ့ တမျိုးဖက်ရှင်ပုံတွေမရိုးရအောင်တင်တတ်တဲ့ မအေးသောင်းက ဒီနေ့ ပျိုမေ ပွဲသို့ တက်ရောက်ခဲ့တဲ့ပုံရိပ်လေးတွေဟာ ပရိသတ်များကြား လူကြိုက်များနေပြန်ပါတယ်။ မအေးသောင်း ဘာတင်တင် အားပေးမယ့် ပရိသတ်ထုကြီးကလည်း အခိုင်အမာပါပဲ ။ မအေးသောင်း ကပုံတွေနဲ့ အတူ “ပျိုမေ” ပစ္စည်းသစ်မိတ်ဆက်ပွဲကို ပျိုပျိုမေ သွားခဲ့တယ်လေ ဆိုပြီး ရေးတင်ထားပါတယ်။ ဓာတ်ပုံက တော့ နေမင်းထွန်း ဖြစ်ပြီး ၊ မိတ်ကပ် က ဂျိုးဂျိုးဖြစ်ပါတယ်တဲ့။ ဒီလို ခပ်တောက်တောက်ဖက်ရှင်လေးနဲ့ ကော မအေးသောင်း က လှမနေဘူးလား။
Read More
မအေးသောင်းရဲ့ကိုယ်ပျော်တဲ့မန္တလေး
သင်္ကြန်တွင်းလည်း သီချင်းတွေဆို အနားမရတဲ့ မအေးသောင်းက မန္တလေးရောက်တုန်းမှာ မြန်မာယဉ်ကျေးမှုအငွေ့အသက်ပါတဲ့ဓာတ်ပုံလေးတွေတင်ထားရင် ကျွန်မပျော်တဲ့ မန္တလေးလို့ ရေးထားတဲ့ ဓာတ်ပုံတွေတ၀ကြီးတင်ထားပါတယ်။
Read More
Remax နဲ့ အတူတရုတ်ပြည်ရောက်နေတဲ့မအေးသောင်း
Read More
မအေးသောင်းရဲ့အကယ်ဒမီဖက်ရှင်
အကယ်ဒမီပေးပွဲကို ယဉ်ယဉ်လေးနဲ့ တက်လာပြီး ကျက်သရေရှိလှတဲ့ မအေးသောင်းရဲ့ ပုံရိပ်တွေကို ပပ၀တီက တင်ဆက်လိုက်ပါတယ်။ ဓာတ်ပုံတွေကို PM Zaw က ရိုက်ကူးပေးထားတာဖြစ်ပြီး ၀တ်စုံကို မိုးကုတ်ပေါက်ပေါက် ၊ လက်ဝတ်ရတနာ – ရွှေနန်းတော် နဲ့ မိတ်ကပ် ဇော်ဇော်ဟေကို တို့ ဖြစ်တယ်လို့သိရပါတယ်။မအေးသောင်းရဲ့ ပုံလေးတွေအားပေးသွားဦးနော်
Read More
ဘန်ကောက်မှာဆေးသွားကုနေရတဲ့မအေးသောင်း
မအေးသောင်း တယောက်ကတော့ စိတ်ဖိစီးမှုများပြီး ဘယ်ဘက် မျက်လုံးထဲက သွေးကြောလေးတွေပေါက်ထွက်မှုဖြစ်တာကြောင့် ဖြစ်ပြီး မမြင်ရတော့တာကြောင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် ဘန်ကောက်သို့ ဆေးကုရန်ထွက်ခွာခဲ့ကြောင်း 7 Day News ကိုပြောပြခဲ့တာဖြစ်ပါတယ်။
Read More
မအေးသောင်းရဲ့ ဖီလင်သုံးဆယ့်သုံးဆိုတာ
မအေးသောင်း ကတော့ ဖီလင်သုံးဆယ်သုံးဆိုပြီး စာကြောင်းတိုလေးနဲ့ ပုံတွေတင်လိုက်ပြန်ပါပြီ။ ဓာတ်ပုံတွေတင်လိုက်တာနဲ့ ခဏလေးဆို LIKE တွေ ကွန့် မန့် တွေအများကြီး ရတဲ့မအေးသောင်းဟာ အလုပ်ကိစ္စတွေနဲ့ မအားလပ်နိုင်ဖြစ်နေပုံပါ။ မအေးသောင်း ရေးထားတာကဒီလိုပါ။ “ကိုယ့်ဘက်ကတော့သစ္စာရှိတာပဲသူ့ဘက်က သစ္စာမရှိခဲ့ရင်တော့ ဘုရားပေးတဲ့ အပိုဆုပဲ #ဖီလင်သုံးဆယ့်သုံး” ပရိသတ်တွေထဲက Kĥîń Lãÿ Ĥtêț ဆိုသူကတော့ ကိုယ့်ဘက်ကဘေ1000ဖြည့်တာပဲသူ့ဘက်က147ကျပ်ပဲပေးတာတော့ဘုရားပေးတဲ့အပိုဆုပဲ #ဖီလင်နှစ်ဆယ့်လေးဆိုပြီး လာနောက်ထားတာကို မအေးသောင်း က ငပေါလေး ဆိုပြီးပြန်ဟန့် ထားတာကိုပ၇ိသတ်တွေကသဘောကျနေကြပါတယ်။ တချို့ ကတော့ ဒီလိုကဗျာလေးနဲ့ လာရေးပါတယ်။ကြယ်ကလေးတွေကိုမော့ကျိတယ်သေချာတယ် ကိုယ်ကျိနေတာကြယ်လေးတွေမသိနိုင်ဘူးဒါပေမယ့် ကြယ်လေးတွေကိုကျိနေရတာကိုကပျော်နေတာမအေးသောင်းကလဲကောင်းကင်ထက်ငွေကြယ်ပွင့်လေးပါပဲ။ နောက်တယောက်ကလဲ စိတ်​ချမ​အေး​သောင်းအပျိုကြီးဖြစ်​​နေသ​ရွေ့ကျ​နော်​လည်းလူပျိုကြီးပဲဖြစ်​​နေမှာပါ။၂၀၁၇ ကတော့ မအေးသောင်း ရဲ့ နှစ်လို့ ဆိုရအောင် ချစ်သူခင်သူတွေနဲ့ ပြည့်လို့ နေတာသာကြည့်ပါတော့ ပရိသတ်ကြီးရေ။ မအေးသောင်း ကတော့ ဖီလင်သုံးဆယ်သုံးဆိုပြီး…
Read More
နေတိုး နဲ့ မအေးသောင်း လက်ဝှေ့ ထိုးရန်စင်ပေါ်မှာတွေ့ ကြသောအခါ
နေတိုး နဲ့ မအေးသောင်း လက်ဝှေ့ ထိုးကြတယ်ဆိုလို့ စိတ်ပူသွားလား စိတ်မပူပါနဲ့ ။ ကြော်ငြာရိုက်နေတာပါ။ ငိငိ မြန်မာဆန်ဆန်ဝတ်စုံလေးတွေနဲ့ ပဲတွေ့ ရများတဲ့ မအေးသောင်း ကို အားဆေး ကြော်ငြာရိုက်ကွင်းမှာ အားကစားဖက်ရှင် နဲ့  နေတိုး နဲ့ အတူသရုပ်ဆောင်နေတာကို တွေ့ ရမှာပါ။
Read More