၂၀၁၈ ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး အနုပညာရှင်စုံတွဲ

၂၀၁၈ ရဲ့ လူပြောအများဆုံး နဲ့ ပေါ်ပြူလာ အဖြစ်ဆုံး အနုပညာစုံတွဲ လို့ ပြောရင် ရွှေထူး နဲ့ ရွှေမှုံရတီ ကို အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ချစ်သူသက်တမ်း လပိုင်းအနည်းငယ်သာရှိပေမယ့် ချစ်မိသွားလို့ ဆိုတဲ့ စကားတခွန်းနဲ့  ပရိသတ်တွေကို အံ့သြစရာ မင်္ဂလာသတင်း ပြောကြားခဲ့တဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ ပါ။ နောက်ပြီး သူတို့ ၂ ယောက်ဟာ ရွှေ ၂ ရွှေ ဆိုတဲ့ နာမည်ကိုလည်းရရှိခဲ့ပါသေးတယ်။

Read More

ဥရောပ ကို ပျားရည်ဆမ်းခရီးထွက်ကြတဲ့ ရွှေ၂ရွှေ

၁၁ ရက်နေ့ မင်္ဂလာဆောင်အပြီးမှာတော့ ရွှေလက်တွဲလိုက်ပြီဖြစ်တဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ဟာ ဥရောပ ကို ပျားရည်ဆမ်းခရီးထွက်နေပါတယ်။ အင်တာဗျူးတွေ မှာ ရွှေထူး က ရွှေမှုံရတီ ကို ပဲရစ် နဲ့ ဥရောပ ကိုပို့ပေးမယ်ပြောလို့ အခုဆိုရင်တော့ အီတလီ ၊ မီလန် မြို့ကိုရောက်နေတဲ့ ပုံလေးတွေကို ရွှေမှုံရတီ ကိုယ်တိုင်တင်ထားတာပါ။

Read More

ရွှေမှုံရတီကိုမျက်ရည်ကျစေသော ရွှေထူးရဲ့စကားတခွန်း

ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ရဲ့ မင်္ဂလာဧည့်ခံပွဲဟာ ချက်ချင်းဗြုန်းစားကြီးလို ကျင်းပခဲ့ပေမယ့် မိတ်ဆွေ ၊ သူငယ်ချင်းများစွာ နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာကိုတွေ့ရပါတယ်။ ရွှေထူး + ရွှေမှုံရတီ အတွဲကို အားပေးသူတွေလည်း ရှိသလို ၊ တိုက်ခိုက်မှုတွေ ဝေဖန်မှုတွေလည်း အများအပြားရှိခဲ့တာဟာ အားလုံးသိပြီးဖြစ်မှာပါ။အထူးသဖြင့် ရွှေထူး အပေါ် တိုက်ခိုက်မှုတွေ ပိုမိုရှိခဲ့ပြီး ၊ မင်္ဂလာဆောင်တဲ့အချိန်မှာလည်း ၂ ဖက်မိဘ က သဘောမတူခဲ့ဘူးလို့ သိရပါတယ်။

Read More

ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ရဲ့မင်္ဂလာဧည့်ခံပွဲမှပုံရိပ်များ

ရွှေ ၂ ရွှေလို့ သိကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီရဲ့ မင်္ဂလာဧည့်ခံပွဲကို ၁၁.၁၁.၂၀၁၈ ညနေခင်းမှာကျင်းပခဲ့ပါတယ်။ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲသို့ မိတ်ဆွေသူငယ်ချင်း များတက်ရောက်ခဲ့ကြပြီး ၊ မီဒီယာတွေ ကိုတော့ သတင်းရယူ ၊ ဓာတ်ပုံရိုက်ခြင်း ခွင့်မပြုထားပါဘူး။ ခုပုံလေးတွေက ပွဲကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင် ယုသန္တာတင်နဲ့ အခြားအနုပညာများက ရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။ ရွှေထူး က ရွှေမှုံရတီ ကို သီချင်းဆိုပြတဲ့ ရိုမန်တစ် တဲ့ဗီဒီယိုလေးတွေလည်း ပါပါတယ်။ကြည့်လိုက်ပါဦး။

Read More

ရွှေစုံတွဲ မင်္ဂလာဆောင်တော့မည် (ဓာတ်ပုံများနှင့်အတူကြည့်ပါ)

တကယ့်ကို အံ့အားသင့်စရာသတင်းပါ ။ နာမည်ကျော် အဆိုတော် ရွှေထူး နဲ့ ရွှေမှုံရတီ တို့ လက်ထက်တော့မည်ဆိုတဲ့သတင်းဟာ ပရိတ်သတ်တွေအတွက်မယုံကြည်နိုင်လောက်အောင် ဖြစ်ရတဲ့သတင်းပါ။ ယနေ့ မနက်ပိုင်းမှာ ရွှေမှုံရတီ က မင်္ဂလာဆောင်ဖိတ်စာ တွေရဲ့ဓာတ်ပုံကို အွန်လိုင်းဖေ့ဘွတ်ခ်ပေါ်တင်လိုက်တဲ့အချိန်မှ ပရိသတ်တွေလည်းသိခွင့်ရကြတာပါ။ လက်မှတ်ထိုးပွဲကိုတော့အောက်တိုဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Read More

လူပြောများနေတဲ့ ရွှေမှုံရတီ က ရွှေထူးအား ထမင်းခွံ့ကျွေးနေသောပုံ

ရွှေထူး ရဲ့မွေးနေ့ပွဲမှာ အတူတွေ့ရတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ရဲ့ အတူတူတွဲ ၊ လက်ချင်းချိတ်ထားတဲ့ပုံတွေက လူပြောများနေပြန်ပါပြီ။ အဲ့ဒီထဲကမှ ရွှေမှုံရတီ က ရွှေထူးကို ထမင်း ခွံ့ကျွေးနေတဲ့ပုံတွေက လူပြောများနေသလို ၊ meme group တွေမှာလည်း ရယ်စရာအဖြစ် ကော ၊ ချစ်စရာကောင်းတယ်ဆိုပြီးပါ တင်နေကြတာကိုတွေ့ရပါတယ်။

Read More

ရွှေထူး အတွက် ရွှေမှုံရတီ ရဲ့မွေးနေ့ဆုတောင်း

ရွှေထူး ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့မှာ ရွှေထူး နဲ့ ရွှေမှုံရတီ တို့စုံတွဲဟာ ပုဂံ သို့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ရွှေမှုံရတီ က သူမရဲ့ ဖေ့ဘွတ်ခ်မှာ ချစ်သူ ရွှေထူးအတွက် မွေးနေ့ဆုတောင်း ပေးထားတာကလည်း ချစ်စရာပါ။ အချစ်ရေးမှာ ဝေဖန်မှုတွေ ရှိနေပေမယ့် သူတို့ ၂ ယောက် တယောက်ကို တယောက် တအားချစ်နေတာကတော့ ဖေ့ဘွတ်ခ် ပေါ်မှာသူတို့ တင်ထားတဲ့စာလေးတွေကတော့သက်သေပါပဲ။

Read More

လောကကြီးကိုမေ့ပြီး ပျော်နေတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီ တို့ စုံတွဲ

ရွှေထူး နဲ့ ရွှေမှုံရတီ တို့ကတော့ အချစ်ကြီး ချစ်နေတဲ့ပုံလေးတွေတင်လိုက်ပြန်ပါပြီ။ ဒီတခါတော့ သူတို့ ၂ ယောက်ရဲ့ Happy Anni ဖြစ်ပါတယ်။ ရွှေမှုံရတီက Happy Anniversary ဆိုပြီး ဓာတ်ပုံ များနှင့်အတူ ချွဲနွဲ့နေတဲ့ ဗီဒီယိုလေးတွေတင်လိုက်တာဖြစ်ပါတယ်။ ရွှေထူးကလည်း ချစ်တယ် Happy Anniversary ပါ စာကလေး ဆိုပြီး ပုံတွေအောက်မှာ ပြန်ရေးထားပါတယ်။

Read More

ရွှေထူးကို ပါးစပ်ပိတ်ထားဖို့ ပြောလိုက်တဲ့ရည်းစားဟောင်း ပန်ကိတ်

ရွှေထူး က ရည်းစားဟောင်း နဲ့ ဘယ်လိုပြတ်ခဲ့ပြီးမှာ ရွှေမှုံ၇တီ နဲ့ ချစ်ကြိုက်ခဲ့ကြောင်း ၊ အရာအားလုံးတွက်တောင်းပန်ပါတယ်ဗျာ ခွင့်လွှတ်ပေးပါ လို့ ရေးတဲ့စာအပြီးမှာ ချစ်သူဟောင်း ပန်ကိတ်ဒါဒါ ကလည်း ဖေ့ဘွတ်ခ်က နေ နင်ပါးစပ်ကို အဲ့မှာပဲ ပိတ်ထားလိုက်ပါတော့ဟာ ဆိုပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။

Read More

ရွှေထူး – အရာအားလုံးတွက်တောင်းပန်ပါတယ်ဗျာခွင့်လွှတ်ပေးပါ

အဆိုတော် သရုပ်ဆောင် ရွှေထူး ဟာ ဝေဖန်ခံနေရမှုတွေနဲ့ ပတ်သတ်ပြီး အရာအားလုံးတွက်တောင်းပန်ပါတယ်ဗျာ ခွင့်လွှတ်ပေးပါ လို့ ဖေ့ဘွတ်ခ်မှာ ပြောဆိုလိုက်ပါတယ်။ ရွှေမှုံရတီ နဲ့ အချစ်ရေး ကို ကြေငြာပြီးချိန်းကထဲက ရွှေထူး ကော ၊ ရွှေမှုံရတီ ဟာ ဝေဖန်မှုအတော်များများကြုံနေရပါတယ်။ ရွှေထူး ရေးထားတာက ဒီလိုပါ။

Read More