မျက်နှာခွဲစိတ်အပြီး ပိုချောလာလို့ ပျော်နေတဲ့ နေခြည်ဦး

နေခြည်ဦး က တော့ ကိုရီးယား မှာ မျက်နှာ ခွဲစိတ်ပြုပြင် အပြီး ရန်ကုန် ပြန်ရောက်ပါပြီတဲ့ ပရိသတ်ကြီး။ သူမရဲ့ ဖေ့ဘွတ်ခ် ပေါ်မှာ မခွဲစိတ်ခင် နဲ့ ခွဲစိတ်အပြီး ဓာတ်ပုံတွေကိုလည်း တွဲတင်ထားပါသေးတယ်။ အခုတော့ ပိုချောလာတယ်လို့ အပြောခံရလို့ ပျော်နေတဲ့ နေခြည်ဦး က ဖေ့ဘွတ်ခ် မှာ ယခုလိုရေးသားထားပါတယ်။ ဘဝမှာလေ တစ်ခါမှ ဒီလောက် “ချောတယ်” ဆိုတဲ့ စကား အပြောမခံခဲ့ရဘူး။ တစ်အိမ်လုံးကလည်း ချော သူငယ်ချင်းတွေကလည်း ချော လမ်းထိပ်က အန်တီကြီးကလည်း ချော ကိုယ့်ကိုယ်ကို ကြည့်တော့ အဲ့လောက် ပြောင်းလဲတယ်လို့ မထင်ရပေမယ့် ချောတယ်ပြောတဲ့သူတိုင်းကို တကယ် ကျေးဇူးတင်တာပါ။

Read More

နှာခေါင်းခွဲစိတ်မှုအောင်မြင်တဲ့ နေခြည်ဦး

ပွင့်ပွင့်လင်းလင်း ပြောဆိုနေထိုင်တတ်တဲ့ Beauty Blogger နေခြည်ဦးကတော့ မျက်ရစ် နဲ့ နှာခေါင်း ခွဲစိတ်မှု ပြုလုပ်မယ်လို့ ပရိသတ်ကို ဖွင့်ပြောထားတာသိကြမှာ။ နေခြည်ဦး က ကိုရီးယား သို့ မိခင်နဲ့ အတူရောက်ရှိနေပြီး ယနေ့ ခွဲစိတ်မှုခံယူခဲ့တာ အားလုံးအဆင်ပြေတယ်လို့ သူမရဲ့ Instagram မှာတင်ထားပါတယ်။ 

Read More

Wow ဖြစ်သွားစေတဲ့ Telenor Star ပွဲသို့တက်ရောက်လာတဲ့နေခြည်ဦးရဲ့ဖက်ရှင်

Telenor Star ပွဲသို့ တက်ရောက်လာတဲ့ သရုပ်ဆောင် နေခြည်ဦး ရဲ့ ပွဲတက်ဝတ်စုံဖက်ရှင်ဟာ ပရိသတ်တွေအကြားမှာလူပြောများ ရေပန်းစားသွားပါတယ်။ အရမ်းကို လှနေတယ်လို့  အနုပညာ ရှင်တွေကလည်း လာရောက်ကွန့်မန့်တွေပေးထားတာကိုတွေ့ရမှာပါ။ အရမ်းကို ကျော့ရှင်းလှပနေတယ်လို့ ပရိသတ်တွေချီးကျူးတဲ့ နေခြည်ဦး ရဲ့ ၀တ်စုံကို Ahlatt Lumyang က ဖန်တီးပေးထားတာဖြစ်တယ်လို့ သိရပါတယ်။ ဓာတ်ပုံတွေကိုတော့ ကိုနေမင်းထွန်း ( Amazing Grace) က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။

Read More

အနုပညာခြေလှမ်းတွေစိပ်လာတဲ့ နေခြည်ဦး ရဲ့ဖက်ရှင်ပုံရိပ်များ

Beauty Blogger အဖြစ်ကနေ မော်ဒယ် နဲ့ သရုပ်ဆောင်အဖြစ် ခြေလှမ်းတွေစိပ်လာတဲ့ နေခြည်ဦး ဟာ အခုဆိုရင် သူမရဲ့ ဒုတိယ မြောက်ရုပ်ရှင်ဇာတ်ကားကြီး တောင်ရိုက်တော့မှာပါ။ ဒုတိယ ရုပ်ရှင်ဇာတ်ကားနဲ့ နာမည်က ဧည့်သည် လိုအမည်ရပြီ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့  ဖြိုးငွေစိုး၊ ရွှေထူး၊ ရွှေမှုံရတီတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေကြိုက်တဲ့ စတားတွေ နဲ့ ပေါ့နော်။ ချီချီ ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားက ရန်သူ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နေမင်း၊ ဝတ်မှုံရွှေရည်တို့ နဲ့ အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

Read More

Beauty Blogger နေခြည်ဦးရဲ့ကမ်းခြေရောက်ဖက်ရှင်ဓာတ်ပုံများ

Beauty Blogger အဖြစ်နဲ့ ၂၀၁၇ မှာနာမည်ရလာသူ နေခြည်ဦးကတော့ အနုပညာလုပ်ငန်းတွေမှာခြေလှမ်းသွက်သွက်နဲ့ လျှောက်နေပါတယ်။ Music Video တွေမှာသရုပ်ဆောင်လာသလို ၊ ရုပ်ရှင်ဗီဒီယိုတွေမှာလည်း တွေ့ ရတော့မှာပါ။ယခု အယ်ဘမ်ဓာတ်ပုံတွေကတော့ Lush Magazine February 2018 Cover အတွက်ရိုက်ကူးထားတာဖြစ်ပြီး နေခြည်ဦး ရဲ့ ဆွဲဆောင်မှုတွေကို ဓာတ်ပုံတွေမှာတွေ့ရမှာပါ။ ချီလီ ရဲ့ ပရိသတ်တွေကတော့ ကြိုက်နှစ်သက်မယ်ထင်ပါတယ်။ LUSH February 2018 Cover , *Luscious Chillie” ,Cover Star – Nay Chi Oo, Art Director : Thihan Kyaw Oo,Associate Art Director : Aung Aung LAy,Fashion Designer…

Read More