ဥပါယ်တံမျဉ် လည်းပေါတာပဲလို့ပြောလိုက်တဲ့ ကျော်ကျော်

အနမ်းဝိုင်ရုပ်ရှင်ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင် ကျော်ကျော် ဟာ အိန္ဒြာကျော်ဇင် အမွှမ်းတင်ထားတဲ့အနမ်းဝိုင်ရုပ်ရှင်အကြောင်းအောက်မှာ ပရိသတ်တွေကစတင်ပြီး ဥပါတံမျဉ်လည်း သွားကြည့်ကြပါဦးလို့ ပြောကြရာကနေ ကျော်ကျော် က မခံရပ်နိုင်ဖြစ်ကာ သူ့ရဲ့ ကျော်နိုင်ဦးဆိုတဲ့ ဖေ့ဘွတ်ခ်အကောင့်မှာ ဥပါယ်တံမျဉ် ကားလည်းပေါတာပဲဆိုပြီး ရေးထားပါတယ်။ အပြည့်အစုံကတော့ဒီမှာပါ ပရိသတ်ကြီး ။ ပြောပြရဦးတော့မှာပေါ့ဗျာ မအူဝဲကအနမ်းဝိုင် သွားကြည့်ပီး သူ့ဖာသာသူ ကြည့်လို့ကောင်းတဲ့ အချစ်ကားလေးတစ်ကားပါဆိုပီး ပုံမှန်ပဲစာလေးရေးပီး သူ့ပုံလေးတွေတင်ထားတယ်။အာ့ ဘာဖစ်တုန်း ဒါကို ဥပါယ်တံမျှဉ် ကြောင့် မြန်မာပေါကားသရုပ်ဆောင်တွေ ကိုယ့်ပေါကားအချင်းချင်းဝန်းရံကုန်ပီတို့ ဘာတို့ပြောပီး တင်နေရေးနေကြတာတွေကတော့အရမ်း အရမ်းကိုများသွားပီ။မေးချင်တယ်ဗျာ ဘယ်နေရာမှာများ ပေါ နေလို့လဲခုဟာက ကွကိုယ်တောင် တခြားရုပ်ရှင်တွေနဲ့ပက်သက်ပီးဘားမှမဟရဲပု။နဲနဲကောင်းတယ်လို့ပြောမိတာနဲ့ မြန်မာကားထဲကသရုပ်ဆောင်တွေ အချင်းချင်း ဥပါယ်တံမျှင်ကြောင့် စည်းလုံးဖို့ လိုနေပီလေးဘာလေးနဲ့ အဲ့ကားကရော မြန်မာကားမဟုတ်လို့လား မြန်မာသရုပ်ဆောင်တွေပဲသရုပ်ဆောင်ထားတာပဲလေ.. သူတို့ကရော လက်ရှိသရုပ်ဆောင်လောကထဲကသူတွေနဲ့ တွဲဖက်ပီး…

Read More

ဥပါယ်တံမျဉ်ရုပ်ရှင်ကိုInternationalကိုသွားမယ်ဆိုရင်တော့လိုအပ်နေတာပြောပါရစေလို့ ပြောလိုက်တဲ့ဒါရိုက်တာဉာဏ

ဥပါယ်တံမျဉ် ကို ရုပ်ရှင်ချစ်ပရိသတ် တော်တော်များများက ရုပ်ရှင်ကြည့်အပြီးမှာ အွန်လိုင်းပေါ်မှာ ရီဗျူး တွေရေးပြီး မြန်မာကားလို့ မထင်ရအောင်ကောင်းတဲ့ ကားလို့ သုံးသပ်ကြတဲ့သူတွေရှိသလို ၊ လိုအပ်ချက်တွေရှိနေတယ်ဆိုပြီး ထောက်ပြတဲ့သူတွေလည်း ရှိနေပါတယ်။ ရုပ်ရှင်လောကထဲမှာ ဒီဇာတ်ကားဟာ အတော်ကိုလှုပ်ခတ်သွားပြီး မြန်မာရုပ်ရှင် ဒါရိုက်တာ လူဟောင်းများတောင် အရေးတယူနဲ့ ဝေဖန်တိုက်ခိုက်ရတဲ့ထိအောင်မြင်သလို ၊ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ၀န်းရံမှုလည်းအတော်ကို မြင့်တက်နေတဲ့ဇာတ်ကားဖြစ်ပါတယ်။ February ၁ ရက်နေ့ မှာတော့ ဒါရိုက်တာ ၊ ဓာတ်ပုံဆရာ ဉာဏက သူ့ရဲ့ အမြင်ကို Facebook ပေါ်မှာ Public ဖြင့်ရေးသားခဲ့ပြီး အောက်ကကွန့်မန့် တွေကြောင့်ပြန်လည်ဖျက်သွားခဲ့ပါတယ်။ဒါပေမယ့် ရေးထားတဲ့စာဟာ Facebook အသုံးပြုသူတွေကြားမှာ အတော်များများရှဲပြီးနေပါပြီ။ ရေးထားတာက ဒီလိုပါ။ ကောင်းသတင်းတွေနဲ့ကျော်ကြားနေတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကို လေ့လာတဲ့အနေနဲ့ရော အသစ်တွေအများကြီးအားဖြည့်ထားတာကိုစိတ်ဝင်စားတာကြောင့်ရော သွားကြည့်ဖြစ်ခဲ့ပါတယ်…

Read More

ပရိသတ်တွေအားပေးနေတဲ့ဥပါယ်တံမျဉ်တတိယပတ်ဆက်လက်ပြသခွင့်ရရှိ

မြန်မာ့ရုပ်ရှင် ကို တခေတ်ဆန်းစေတယ်လို့ နာမည်ကြီးနေတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားဟာ တတိယ ပတ်ဆက်လက်ပြသခွင့်ရရှိသွားတယ်လို့ ဥပါယ်တံမျဉ် ရဲ့Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထို့ အတူ ဒါရိုက်တာ ခရစ်တီးနားခီ ကလည်း”ကျမရဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကို အားလုံးမေတ္တာစေတနာထားပြီး ဝန်းရံပေးနေကြလို့ ၃ပတ်ပြခွင့်ရပါပြီ။ အရမ်းဝမ်းသာအထူးကျးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်းဝန်းရံပေးပါနော်။Love you all ဆိုပြီး သူမရဲ့Facebook စာမျက်နှာပေါ်မှာ ကျေးဇူးတင်စကားဆိုထားပါတယ်။ ဒီ ရုပ်ရှင်စတင်ကာစ က အချို့ ရုံကြီးတွေမှာတင်ခွင့်မရသလို ၊ အတိုက်အခိုက်လည်း များခဲ့တယ်လို့သိရပါတယ်။

Read More