ပုဂံမှာပျော်နေတဲ့သက်မွန်မြင့်ရဲ့ခရီးသွားပုံရိပ်များ

ပရိသတ်အချစ်တော် မင်းသမီး သက်မွန်မြင့်က ပုဂံသို့ ရောက်ရှိနေတဲ့သူမရဲ့ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာမှာ တင်ထားပါတယ်။ သက်မွန်မြင့်ကအရမ်းဆွဲချင်နေခဲ့သော လက်ပန်းချီ!လုပ်ချင်တာလုပ်ရရင်များ ရုပ်ကိုက ဆိုပြီး အရမ်းပျော်နေတဲ့ပုံလေးတွေကိုတင်ထားတာပါ။

Read More

ပရိသတ်တွေအားပေးနေတဲ့ဥပါယ်တံမျဉ်တတိယပတ်ဆက်လက်ပြသခွင့်ရရှိ

မြန်မာ့ရုပ်ရှင် ကို တခေတ်ဆန်းစေတယ်လို့ နာမည်ကြီးနေတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားဟာ တတိယ ပတ်ဆက်လက်ပြသခွင့်ရရှိသွားတယ်လို့ ဥပါယ်တံမျဉ် ရဲ့Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထို့ အတူ ဒါရိုက်တာ ခရစ်တီးနားခီ ကလည်း”ကျမရဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကို အားလုံးမေတ္တာစေတနာထားပြီး ဝန်းရံပေးနေကြလို့ ၃ပတ်ပြခွင့်ရပါပြီ။ အရမ်းဝမ်းသာအထူးကျးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်းဝန်းရံပေးပါနော်။Love you all ဆိုပြီး သူမရဲ့Facebook စာမျက်နှာပေါ်မှာ ကျေးဇူးတင်စကားဆိုထားပါတယ်။ ဒီ ရုပ်ရှင်စတင်ကာစ က အချို့ ရုံကြီးတွေမှာတင်ခွင့်မရသလို ၊ အတိုက်အခိုက်လည်း များခဲ့တယ်လို့သိရပါတယ်။

Read More

သမားရိုးကျ မြန်မာဇာတ်ကားတွေကနေခွဲထွက်ပြီးကောင်းတယ်လို့ ချီးကျူးခံနေရတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်

DECEPTION (ဥပါယ်တံမျဉ်)ရုပ်ရှင်Trailer ပါ ။မုဒြာရဲ့ခေါ်သံရုပ်ရှင် ဇာတ်ကား ရဲ့ခေါင်းဆောင်မင်းသား ဇဏ်ခီ၊ ထပ်ဆင့်အကယ်ဒမီသက်မွန်မြင့်၊ အောင်မြင့်မြတ်၊ အကယ်ဒမီမင်းဦး ၊ထိုင်းမင်းသမီး Kaew Korravee၊ ခြူးစစ်ဟန် နှင့်ကျော်ကိုကိုဝေ တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ ခရစ္စတီးနားခီ ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Suspense Drama ပါ။ ဒီဇာတ်ကားကို ၃ လ ကြာ ရန်ကုန်၊ ငပလီ နဲ့ ကလောတို့မှာ သွားရောက်ရိုက်ကူးခဲ့ပြီး တနှစ်ကျော်အချိန်ယူတည်းဖြတ်ထားပါတယ် လို့ ဖေ့ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။ ဒီဇာတ်ကားအား ရုံစတင်တဲ့အချိန်မှာပဲ ပရိသတ်များဆီက ချီးကျူးမှုများရရှိနေပြီး သာမန် မြန်မာပေါကားများမှခွဲထွက်နေတယ်လို့ ဖေ့ဘွတ်ခ်အသုံးပြုသူများက ရေးသားထားတာတွေတွေ့ မြင်ရပါတယ်။ ဒါရိုက်တာ ခရစ်တီနားခီ ကတော့ ရုံအနည်းငယ်မှာသာတင်ခွင့်ရတဲ့ ပရိသတ်များကို အားပေးဖို့ သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ မေတ္တာရပ်ခံထားတာတွေ…

Read More

စွန်းလန်းနေတဲ့မင်းသမီး သက်မွန်မြင့်ရဲ့ဒီဇင်ဘာလထုတ်People Magazineမှပုံရိပ်များ

ပရိသတ်တွေချစ်တဲ့ သက်မွန်မြင့် ကို ယခုဒီဇင်ဘာလထုတ် People Magazine ရဲ့ စာမျက်နှာတွေမှာ ပုံလှလှလေးတွေနဲ့ အင်တာဗျူး ကို ကြိုးစားပြီးဖြေထားတယ်လို့ သက်မွန်မြင့်က ပြောပါတယ်။ သက်မွန်မြင့် ရဲ့ ဖေ့ဘွတ်ခ် အကောင့်ဟာ ယခင်လ ဟာ တိုက်ခိုက်ခံရပြီးပါသွားခဲ့ပေမယ့် ရက်ပိုင်းအနည်းငယ် အကြာမှာပဲပြန်ရခဲ့တဲ့သတင်းတွေဟာ ပရိသတ်တွေကို စိတ်ပူစေခဲ့ပါသေးတယ်။ သက်မွန်မြင့် ကတော့ အနုပညာလှုပ်ရှားမှုတွေစိပ်နေပြီး ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာလည်း ပရိသတ်တွေ နဲ့ ပြန်လည်ထိတွေ့ မှုရှိအောင်စာတွေပုံတွေ ခဏခဏတင်နေပါတယ်။ သက်မွန်ရဲ့ပုံအသစ်တွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေက သဘောကျနှစ်ခြိုက်နေကြကာ ကွန့် မန့် တွေလာပေးတာကိုလည်းတွေ့ ရမှာပါ။ပရိသတ်တွေက လှလိုက်တာ ချစ်ဖို့အရမ်းကောင်းတယ်မင်းသမီးတွေထဲမှာ အကြိုက်ဆုံးပဲ အမှန်ပြောတာ ၊စွန်းလန်း စွန်းလှ ကိုရီးယားမင်းသမီးရှုံးတယ် ပုံတွေအားလုံးsave လိုက်ပြီ ၊ အရမ်းလှတယ် စကားထက်…

Read More