လှမှချောမှသရုပ်ဆောင်ဖြစ်နိုင်မယ်လို့ထင်နေကြတဲ့အယူအဆတွေကို မြောင်းထဲလွှင့်ပစ်လိုက်ပါလို့ ပြောလိုက်တဲ့ ဇဏ်ခီ

ဥပါယ်တံမျဉ် ၊ မုဒြာခေါ်သံ ရုပ်ရှင်ဇာတ်ကားများနဲ့ မြန်မာ့ရုပ်ရှင်လောက ကို တခေတ်ဆန်းစေသူလို့ နာမည်ကြီးလာတဲ့ ဇဏ်ခီ ဟာ သရုပ်ဆောင် ကောင်း ၊ ဇာတ်ညွှန်းရေး ကောင်းသလို ၊ ပရိသတ်တွေဟာ ဇဏ်ခီ ရဲ့ အယူအဆ အတွေးအခေါ်တွေကိုလည်း အင်မတန်သဘောကျ လေးစားနေကြပါတယ်။

Read More

နေတိုး သက်မွန်မြင့်တို့ရဲ့ ရှုတင်ရိုက်ကွင်းကပုံရိပ်များ

ပရိသတ်အချစ်တော် ၂ ဦးဖြစ်တဲ့ နေတိုး နဲ့ သက်မွန်မြင့်တို့သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်းကြည့်ရဦးမှာပါ။ သက်မွန်မြင့် တင်ထားတဲ့ ရှုတင်ဓာတ်ပုံတွေမှာ ကယန်း သူ ကယန်းသား အဖြစ်သရုပ်ဆောင်ထားတဲ့ သက်မွန် နဲ့ နေတိုး တို့ ၂ ဦးကိုတွေ့ရမှာပါ။ 

Read More

နေတိုးပြောတဲ့ တိမ်တိုက်တံတား ရုပ်ရှင်နောက်ကွယ်မှဖန်တီးမှုများ

ပရိသတ် အချစ်တော် နေတိုး က တိမ်တိုက်တံတားရုပ်ရှင် ကိုဘာကြောင့်ကြိုက်ပါသလဲ ဆိုတဲ့မေးခွန်းနဲ့ အတူတိမ်တိုက်တံတား ရုပ်ရှင်နောက်ကွယ် က ဖန်တီးမှုပုံရိပ်များကို ပရိသတ်များကိုချပြလိုက်ပါတယ်။ နေတိုး ဟာ ဒီ ရုပ်ရှင်ဇာတ်ကားမှာ ခင်ဝင့်ဝါ ၊ ထွန်းထွန်း ၊ င်္ဗီယက်နမ် မင်းသမီး ငုယင်ထရန်ဟူရန်မေ တို့ နဲ့အတူသရုပ်ဆောင်ထားတာဖြစ်ပါတယ်။

Read More

နာမည်က ခင်ရင်တင် ၊ ကြွေ မင်းသမီးချောလေး အိချောပို

အိချောပို က ခုရုံတင်နေတဲ့ ကြွေ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ခင်ရင်တင် အဖြစ်သရုပ်ဆောင်ထားပါတယ်။ တွဲဖက် သရုပ်ဆောင် အနေနဲ့ ခေါင်းဆောင်မင်းသားကတော့ ဟစ်ဟော့ အဆိုတော့် လွှမ်းပိုင် ဖြစ်ပါတယ်။ ပိုစတာ နဲ့ အမြည်းဗီဒီယို တွေထွက်ကထဲက ပရိသတ်စိတ်ဝင်စားမှုရယူထားနိုင်တဲ့ ကြွေ ရုပ်ရှင်ဇာတ်ကား မှာ အိချောပို က သရုပ်ဆောင်ထားပါတယ်။ နာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ခန့်စည်သူ ၊ ထွန်းထွန်း ၊ ရဲအောင် ၊ စိုးမြတ်သူဇာ တို့ လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

Read More

ရုပ်ရှင်လောကတိုးတက်ရန်အတွက် Entertainment Zone တခုကို နေပြည်တော်တွင်တည်ဆောက်ရန်ပြင်ဆင်

မြန်မာ့ရုပ်ရှင်လောက ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရုပ်ရှင်အတတ်ပညာဖြင့် နိုင်ငံပုံရိပ်တိုးတက်ရေး အထောက်အကူဖြစ်စေရန် ညှိနှိုင်း အစည်းအဝေးကို ဇွန်လ ၄ ရက်နေ့မှာ နေပြည်တော် တွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။သတင်းထုတ်ပြန်ချက်အပြည့်အစုံမှာ နေပြည်တော်တွင် ရုပ်ရှင်ရိုက်ကူးရေး စတူဒီယို အဆောက်အအုံနှင့် သင်တန်းကျောင်းများ ပါဝင်သည့် ရုပ်ရှင်ဥယျာဉ်ခြံတစ်ခု ပေါ်ပေါက်လာစေရန်နှင့် ရုပ်ရှင်ကို အခြေခံသော Entertainment City ပုံစံ တစ်စိတ်တစ်ပိုင်း ဖြစ်ပေါ်လာစေရန်အတွက် ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Read More

မုဒြာ ရဲ့ စေတနာမေတ္တာ

မုဒြာ ရဲ့ အောင်မြင်မှုနှင့်အတူ မုဒြာ ရုပ်ရှင်ရဲ့ပဲ့ကိုင်ရှင်တွေဖြစ်တဲ့ ခီ စုံတွဲ ရဲ့ ရုပ်ရှင်အဖွဲ့သားတွေအပေါ် ပြန်လည်ဝေမျှတဲ့ စေတနာ ကတော့ ပရိသတ် မေတ္တာပိုတိုးစရာဖြစ်သလို ၊ အခြား ရုပ်ရှင်လောကသားများ နမူနာ ယူစေနိုင်ရန်အတွက်လည်း ရှေ့ ဦးလမ်းပြပမာပါပဲ။

Read More

ဥပါဒါန်ရုပ်ရှင်အကြောင်းသိကောင်းစရာ

မကြာမီ ကြည့်ရမယ့် မြန်မာ ရုပ်ရှင်ကားတကားဖြစ်တဲ့ ဥပါဒါန် အမည်ရတဲ့ ရုပ်ရှင်ဇာတ်ကားဟာ သာသနာကိုမြတ်နိုးတန်ဖိုးထားသောရဟန်းတစ်ပါးနှင့် ဘာသာ သာသနာအပေါ်ကြည်ညိုလွန်းခဲ့သော်လည်း သဒ္ဓါလွန်ကဲကာ ဆုတောင်းမှားခဲ့သော ဒါယိကာမ တယောက်အကြောင်းကို ဒါရိုက်တာ ဗန်းကြီး ဦးစီး၍ သရုပ်ဆောင်များစွာဖြင့် ပီပြင်စွာ ရိုက်ကူးပုံဖော်ခဲ့ပြီး သရုပ်ဆောင်သစ် ခိုင်ထူးသာနှင့် မင်းသမီး နန်းဆုဦးတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါသည် လို့ ကြေငြာထားပါတယ်။ ဥပါဒါန် ဇာတ်ကားကို မေလ ၁၈ ရက်နေ့ မှာစတင်ရုံတင်ပြသသွားမည်လို့ သိရပါတယ်။ 

Read More