မီ ရုပ်ရှင်ပါဆေးလိပ်သောက်ခန်းများကြောင့်ဝေဖန်မှုများအပေါ် ပိုင်ဖြိုးသု ကရှင်းလင်း

မြန်မာ့ ရုပ်ရှင်ချစ်ပရိသတ်များ လက်ခံသဘောကျအားပေးနေတဲ့ မီ ရုပ်ရှင်မှာ ပိုင်ဖြိုးသု ဟာ မီအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါယ်။ မီ မှာ ပါတဲ့ ဆေးလိပ်သောက်ရတဲ့ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သတ်ပြီး ကျန်းမာရေး သံတမန် တဦးလည်းဖြစ်သူ ပိုင်ဖြိုးသု ကို လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေရှိနေခဲ့တာပါ။ ဒါကြောင့် နိုဝင်ဘာ(၁၃) ရက်နေ့ နေ့လည်(၁)နာရီက ရန်ကုန်မြို့ ၊ အနောက်မျဥ်းပြိုင်ကွင်းနားတွင် ရှိတဲ့ “ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရုံးမှာ စာနယ်ဇင်းပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

Read More

နှာခေါင်းခွဲစိတ်ပြီးမှာထိုင်ငိုခဲ့တဲ့ ကျော်ထက်အောင်

ပရိသတ်တွေရဲ့အားပေးထောက်ခံမှုကြောင့် Myanmar Idol ပြိုင်ပွဲ Host ကနေ ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာတဲ့ ကျော်ထက်အောင် က ကိုရီးယားမှာ နှာခေါင်းပြုပြင်ဖို့အတွက်ခွဲစိတ်ကုသမှုခံယူခဲ့ပါတယ်တဲ့။ ကျော်ထက်အောင် ဟာ လတ်တလော မှာ ရုပ်ရှင်ကားကြီးတွေမှာတောင် သရုပ်ဆောင်ထားတဲ့ မင်းသားတဦးပါ။

Read More

ခရစ္စတီးနားခီ က ရုပ်ရှင်ရိုက်ကူးဖို့အတွက် ၀တ္ထုစာအုပ်၂ အုပ်အားဝယ်ယူ

ဥပါယ်တံမျဉ် ၊ မုန္ဒြာ ရုပ်ရှင်ဇာတ်ကားများအား ဒါရိုက်တာလုပ်ပြီး ပရိသတ်ရဲ့ အားပေးထောက်ခံမှုရရှိလာတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီ စာဖတ်ပရိသတ်တွေနှစ်ခြိုက်တဲ့ စာအုပ်နှစ်အုပ်ကို ရုပ်ရှင်ရိုက်ကူးဖို့ အတွက် ရိုက်ကူးခွင့်ဝယ်ယူလိုက်တယ်လို့ သိရပါတယ်။ ပထမ စာအုပ်ကတော့ ဆရာမကြီး ကြည်အေးရဲ့ မောင်ကိုကိုမြနန္ဒာ စာအုပ်ဖြစ်ပြီး ၊ ဒုတိယ စာအုပ်ကတော့ ဆရာမ ခင်ခင်ထူး ရဲ့ တောမင်းသမီး စာအုပ်ဖြစ်ပါတယ်။

Read More

ရွှေမှုံရတီကိုမျက်ရည်ကျစေသော ရွှေထူးရဲ့စကားတခွန်း

ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ရဲ့ မင်္ဂလာဧည့်ခံပွဲဟာ ချက်ချင်းဗြုန်းစားကြီးလို ကျင်းပခဲ့ပေမယ့် မိတ်ဆွေ ၊ သူငယ်ချင်းများစွာ နဲ့ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့တာကိုတွေ့ရပါတယ်။ ရွှေထူး + ရွှေမှုံရတီ အတွဲကို အားပေးသူတွေလည်း ရှိသလို ၊ တိုက်ခိုက်မှုတွေ ဝေဖန်မှုတွေလည်း အများအပြားရှိခဲ့တာဟာ အားလုံးသိပြီးဖြစ်မှာပါ။အထူးသဖြင့် ရွှေထူး အပေါ် တိုက်ခိုက်မှုတွေ ပိုမိုရှိခဲ့ပြီး ၊ မင်္ဂလာဆောင်တဲ့အချိန်မှာလည်း ၂ ဖက်မိဘ က သဘောမတူခဲ့ဘူးလို့ သိရပါတယ်။

Read More

ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ရဲ့မင်္ဂလာဧည့်ခံပွဲမှပုံရိပ်များ

ရွှေ ၂ ရွှေလို့ သိကြတဲ့ ရွှေထူး နဲ့ ရွှေမှုံရတီရဲ့ မင်္ဂလာဧည့်ခံပွဲကို ၁၁.၁၁.၂၀၁၈ ညနေခင်းမှာကျင်းပခဲ့ပါတယ်။ အင်းယားလိတ်ဟိုတယ်မှာ ကျင်းပတဲ့ မင်္ဂလာဧည့်ခံပွဲသို့ မိတ်ဆွေသူငယ်ချင်း များတက်ရောက်ခဲ့ကြပြီး ၊ မီဒီယာတွေ ကိုတော့ သတင်းရယူ ၊ ဓာတ်ပုံရိုက်ခြင်း ခွင့်မပြုထားပါဘူး။ ခုပုံလေးတွေက ပွဲကို တက်ရောက်ခဲ့တဲ့ သရုပ်ဆောင် ယုသန္တာတင်နဲ့ အခြားအနုပညာများက ရိုက်ထားတဲ့ပုံလေးတွေဖြစ်ပါတယ်။ ရွှေထူး က ရွှေမှုံရတီ ကို သီချင်းဆိုပြတဲ့ ရိုမန်တစ် တဲ့ဗီဒီယိုလေးတွေလည်း ပါပါတယ်။ကြည့်လိုက်ပါဦး။

Read More

အရမ်းတွေကြမ်းနေပါပြီအဖျားတောင်ပျောက်သွားပြီလို့ နေခြည်ဦးဘာကြောင့်ပြောလဲ

နေရွှေသွေးအောင် ရဲ့ သီချင်းဗီဒီယိုအသစ်မှာ သင်ဇာဝင့်ကျော် နဲ့ ထိုင်းမင်းသမီး ကော်ရာဝီ တို့ အတူ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတာဟာ လူမှုကွန်ယက်ပေါ်မှာ ဝေဖန်မှုတွေရှိနေသလို လူပြောလည်းများနေပါတယ်။ ဒီထဲမှာ တချို့အနုပညာရှင်တွေဟာ public ပေါ်မှာပဲ လာရောက် ချီးမွမ်းတဲ့သူတွေရှိသလို ၊ တိုးတိုးတိတ်တိတ် မက်ဆေ့ ကနေ စာပို့ပြီး ကောင်းလိုက်တာဆိုတဲ့သူတွေလည်းရှိပါတယ်။

Read More

သိန်း ၁၀၀ ကျော် လျော်ကြေးပေးဖြေရှင်းလိုက်တဲ့ ရွှေမှုံရတီ

ရွှေမှုံရတီ ဟာ သူမရဲ့ မင်္ဂလာဆောင်ကိစ္စအတွက် အလုပ်တွေ ရှုပ်လို့ နေတာတော့ ပရိသတ်ကြီးလည်းသိမှာပါ။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရွှေထူး နဲ့ ရွှေမှုံရတီ တို့ ဟာ မင်္ဂလာဆောင်တော့မှာပါ။ ဒီကြားထဲမှာ ရွှေမှုံရတီ လက်ခံထားတဲ့ ငါမုန်းတဲ့ အက္ခရာ ရုပ်ရှင်ဇာတ်ကားမှာကို ရိုက်ကူးနေရင်း ဆက်လက်မရိုက်ကူးနိုင်တာတော့ကြောင့် ခင်ဝင့်ဝါ က ရွှေမှုံရတီနေရာမှာ အစားထိုး ပါဝင်သရုပ်ဆောင်မယ်လို့ ဆိုတဲ့ သတင်းတွေတက်လာရာကနေ ရွှေမှုံရတီ နဲ့ ခင်ဝင့်ဝါ ဖန် တွေကြား အပြန်အလှန်ပြောဆိုမှုတွေဖြစ်လာပါတယ်။ 

Read More

ကြည့်ရှုသူများသွားသည့် သင်ဇာဝင့်ကျော်ရဲ့အလန်းလွန်ဖက်ရှင်ည

ဒီပုံတွေကတော့ သင်ဇာဝင့်ကျော် ကိုယ်တိုင်တင်ထားတဲ့ပုံလေးတွေပါ။ ရိုက်ကူးပေးသူကတော့ Amazing Grace ကဖြစ်ပါတယ်။ သင်ဇာဝင့်ကျော် ဟာ မြန်မာဘောလုံးအသင်းရဲ့ဂျာစီ အသစ် Warrix ရဲ့ မိတ်ဆက်ပွဲကို ကျင်းပတဲ့ Myanmar Plaza ရှိပွဲကိုတက်ရောက်ခဲ့တာပါ။ သင်ဇာဝင့်ကျော် နဲ့ အတူ သန္တာဗိုလ် ၊ မေမြတ်နိုး ၊ ထားထက်ထက် တို့ လည်း တက်ရောက်ခဲ့တာကိုတွေ့ရှိပါတယ်။ 

Read More

ရွှေမှုံရတီ ကနေ ခင့်ဝင့်ဝါ အဖြစ်ပြောင်းလဲသွားတဲ့ မင်းသမီးနေရာ

ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးမယ့် ငါမုန်းတဲ့ အက္ခရာ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သတ်ပြီး ရုပ်ရှင်ရိုက်ခါနီးမှာ မင်းသမီးအပြောင်းအလဲ ဖြစ်သွားတာကြောင့် ပရိသတ်တွေကြား ဝေဖန်သုံးသပ်မှုတွေရှိနေကြပါတယ်။ တချို့သတင်းတွေအရလည်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ဟာ ရွှေမှုံရတီ ကို ရုပ်ရှင်ဇာတ်ကားတွေမှာ ဘယ်တော့မှခေါ်ယူသရုပ်ဆောင်ခိုင်းခြင်း ရှိမှာမဟုတ်တော့ဘူးဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာဖြစ်ပါတယ်။

Read More

အနားယူအပန်းဖြေနေတဲ့သင်ဇာဝင့်ကျော်ရဲ့ဖက်ရှင်

ရုပ်ရှင်မင်းသမီး သင်ဇာဝင့်ကျော် ကတော့ ဖက်ရှင်ခပ်မိုက်မိုက်ပုံတွေ ဖေ့ဘွတ်ခ်မှာတင်လိုက်ပြန်ပါပြီ။ အေးအေးဆေးဆေးအနားယူနေပုံရတဲ့ သင်ဇာဝင့်ကျော် ရဲ့ဖက်ရှင်ပုံလေးတွေဟာ လူကြည့်များနေပြန်ပါတယ်။ အနုပညာလုပ်ငန်းတွေမနားရအောင်ကို လုပ်နေရတဲ့ စန်းတက်နေသူလေး သင်ဇာဝင့်ကျော် ဟာ မီဒီယာပုံရိပ်တွေမှာ ခဏခဏနေရာယူထားသူတဦးပါ။

Read More