ချစ်သူနဲ့ တွဲခုတ်နေတဲ့ပုံတွေတင်လိုက်တဲ့နေခြည်ဦး

စုံစမ်းမေးမြန်းခြင်းသည်းခံပါ လို့ ရေးထားတာကတော့ နေခြည်ဦး ပါ။ နေခြည်ဦး က ချစ်သူ ကို မသိမသာလေး ဓာတ်ပုံ ၁၀ ပုံနဲ့ အတူ ထုတ်ကြွားလိုက်တာပါ။ ချစ်သူနဲ့ အတူ တွဲလျှောက်နေတဲ့ပုံတွေတင်လိုက်တယ်ဆိုပေမယ့် နေခြည်ဦး ရဲ့ ချစ်သူ မျက်နှာကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရခြင်းမရှိပါဘူး။ ပြီးတော့ ဒါဟာ နေခြည်ဦး ရဲ့ notcopyrighted လို့ အမည်ရတဲ့ ဘရန်းအမျိုးအစားအတွက် ကြော်ငြာရိုက်ထားတာမို့ ပရိသတ်တွေကတော့ သို့လောသို့လောဖြစ်နေတာပေါ့။ တကယ့်ချစ်သူ လား ၊ သရုပ်ဆောင်ပဲလားဆိုတာ ဝေခဲမရဖြစ်နေကြပါတယ်။

Read More

မက်ဆီ နဲ့အတူ ကြော်ငြာရိုက်ခဲ့တဲ့ ဇဏ်ခီ

ကမ္ဘာ့ဖလားဘောလုံးပွဲကြီး စတင်တော့မယ့်အချိန်မှာ ကမ္ဘာကျော် ဘောလုံးသမား Messi နဲ့ ဇဏ်ခီ တို့အတူတွဲရိုက်ထားတဲ့ Ooredoo ကြော်ငြာ ထွက်ပေါ်လာတယ်။ တရှိန်ထိုး အောင်မြင်လာတဲ့ ဇဏ်ခီ ဟာ Ooredoo ရဲ့ သံတမန် အဖြစ်ခန့်အပ်ခြင်းခံထားရတာမကြာသေးပါဘူး။ ပြီးခဲ့တဲ့ လက ချက်နိုင်ငံကို ကြော်ငြာသွားရိုက်တယ်ဆိုလို့ စိတ်ဝင်စားနေတဲ့ ပရိသတ်ကြီးဟာ အခုမှာတော့ ဇဏ်ခီ ချက်နိုင်ငံမှာ မက်ဆီ နဲ့ အတူကြော်ငြာရိုက်ကူးခဲ့တယ်ဆိုတာ သိလိုက်ရလို့အင်မတန်အံ့အားသင့်နေကြလသလို ၊ ဇဏ်ခီ ရဲ့အောင်မြင်မှုတွေအတွက်လည်းဝမ်းသာနေကြတဲ့ ကွန့်မန့်တွေကို ဖတ်ရမှာပါ။

Read More

ရွှေမှုံရတီရဲ့သေမလားရှင်မလားအကြည့်ရိုက်ချက်များနှင့်ဘဲမရှိတော့ပိုက်ဆံရှာရတာပိုကောင်းတယ်ဆိုတဲ့သတင်း

ရည်းစားနဲ့ ပြတ်ပြီးနောက်ပိုင်း ဂေါ် ဆိုတဲ့စကားလုံးကို အကြိုက်တွေ့နေတဲ့ ရွှေမှုံရတီ က ဓာတ်ပုံတွေတင်ရင် ဂေါ်မှုံရတီ ဆိုတဲ့နာမည်နဲ့ပါ ခပ်ပြောင်ပြောင်လေးတွေရေးပြီးတင်နေတာကိုတွေ့ရပါတယ်။ အခုလည်း ရွှေမှုံက သေမလားရှင်မလားမသေမရှင် ဖြစ်သွားမလားအကြည့်တွေကဂေါ် နေလားစတာပါ ဆိုပြီး စွဲမက်ဖွယ်အကြည့်တွေနဲ့ ဓာတ်ပုံတွေကိုတင်လိုက်ပြန်ပါတယ်။

Read More

သရုပ်ဆောင် ကစ်ကစ် ကို သွားရောက်ကူညီထောက်ပံ့ခဲ့ကြတဲ့ စမိုင်းလ် နဲ့ ခိုင်နှင်းဝေ

ကျန်းမားရေးမကောင်းသောကြောင့် ဒုက္ခရောက်ကာ ဆေးရုံ ရောက်နေတဲ့ ဟာသသရုပ်ဆောင်ကစ်ကစ် ကို အနုပညာရှင်တချို့ သွားရောက်အားပေးထောက်ပံ့ကြတာ ခုရက်ပိုင်းအတွင်းတွေ့ရမှာပါ။ ယခုအပတ်မှာတော့ သရုပ်ဆောင် စမိုင်းလ် က ကစ်ကစ် ထံသို့ သွားရောက်အားပေးစကားပြောကြားရင်း အလှူငွေ ၁၀ သိန်း ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ စမိုင်းလ် ရဲ့ ဖေ့ဘွတ်ခ်မှာ အမြဲရီစရာပြောစတတ်တဲ့မကစ် နေမကောင်းတာတောင်စနိုင်သေးတဲ့သူ လိုအပ်တဲ့ဆေးဖိုးတွေအတွက် အလှူငွေ ၁၀သိန်းသွားပေးခဲ့တယ်..အမအမြန်ဆုံးနေကောင်းလာပါစေ ကားရိုက်မယ်လေ ဆိုပြီး ရေးထားတာပါ။

Read More

ဆွဲဆောင်မှုအပြည့်နဲ့ ဖွေးဖွေးရဲ့ ပွဲတက်ဖက်ရှင်

ဖွေးဖွေး ရဲ့ Samsung Music Festival ပွဲသို့ တက်ရောက်လာတဲ့ဖက်ရှင်ဟာ ပရိသတ်များကြားမှာ ရေပန်းစားလို့ နေပါတယ်။ အနက်ရောင် တောက်တောက်ပေါ်မှာမှ ရောင်စုံ ဒီဇိုင်းအဆန်းနဲ့ ဖက်ရှင်လေးဟာ ဖွေးဖွေး ရဲ့ အလှကို ပိုမိုပေါ်လွင်စေတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။ ဒါ့အပြင် ပွဲသို့ တက်ရောက်လာစဉ် သူငယ်ချင်း ဖြစ်တဲ့ စိုင်းစိုင်း ရဲ့ လက်ကိုချိတ်ပြီး တက်ရောက်ခဲ့တဲ့ပုံတွေဟာလည်း ချစ်ဖို့ကောင်းတယ်လို့ ပရိသတ်တွေက ပြောနေကြပါတယ်။ ကဲ ပပ၀တီ ကရွေးချယ်ပေးထားတဲ့ ဖွေးဖွေး ရဲ့ ပုံလှလှလေးတွေ ကြည့်လိုက်ဦးနော်။ ဓာတ်ပုံတွေကတော့ Nay Min Tun ( Amazing Grace) ဖြစ်ပါတယ်။

Read More

ရောင်စုံဖက်ရှင်နဲ့ လှနေတဲ့ မအေးသောင်း

မအေးသောင်းရဲ့ ဒီပုံတွေကိုတွေ့လိုက်တာနဲ့ဘယ်လိုတွေတောင် လှနေပါလဲဆိုတဲ့ ပရိသတ်တွေများမယ်ထင်ပါတယ်။ မအေးသောင်း က ဒီလိုရောင်စုံဖက်ရှင် လေးနဲ့ Galaxy Music Festival သို့ နေတိုး ၊ စိုင်းစိုင်း ၊ ပန်းရောင်ခြယ် ၊ ဖွေးဖွေး တို့ နဲ့အတူတက်ရောက်လာတာဖြစ်ပါတယ်။ မအေးသောင်းရဲ့ ဖက်ရှင်ဝတ်စုံလေးကိုဖန်တီးပေးတဲ့သူကတော့ Mglatt Dsn ဖြစ်ပါတယ်။ ပုံတွေကိုတော့ Ko Nay Min Tun ( Amazing Grace) က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။

Read More

သူတို့စုံတွဲတကယ်ပြတ်သွားတာလား ၊ ရန်ဖြစ်စိတ်ကောက်ကြတာလား

ဆယ်လီ စုံတွဲဖြစ်ကြတဲ့ ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို့ ပြတ်သွားပြီလားဆိုတဲ့ သတင်းတွေဟာ ပရိသတ်တွေကြားမှာ လူပြောများလို့နေပါတယ်။ ပြီးခဲ့တဲ့လပိုင်းအင်တာဗျူးတွေမှာ တယောက်နဲ့ တယောက်ဘယ်လောက်ချစ်ကြကြောင်း ပြောဆိုထားဖူးပေမယ့် ဒီတခါ ဖေ့ဘွတ်ခ်ပေါ်မှာ ရေးထားတဲ့စာကြောင့် တကယ်ပြတ်သွားတာလားဆိုပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ ရဲရင့်အောင် ဖက်မှာတော့ မိန်းကလေး ပရိသတ်တွေများလွန်းတာကြောင့် အမြင်ကနှစ်မျိုးကွဲနေပါတယ်။

Read More

ချစ်စရာအပြုံးပိုင်ရှင်အေးမြတ်သူရဲ့ ၃၂ နှစ်ပြည့်မွေးနေ့

အပြုံးချိုချို ၊ စကားလုံးလှလှလေးတွေနဲ့ ပရိသတ်တွေရဲ့ ရင်ကိုဖမ်းစားထားနိုင်တဲ့ အေးမြတ်သူ က ဒီနေ့ မှာတော့ အသက် ၃၂ နှစ်ပြည့်သွားပြီလို့ သိရပါတယ်။ အေးမြတ်သူ ဟာ မွေးနေ့မှာ အေးအေးချမ်းချမ်းလေးပဲ ဖြတ်သန်းဖို့ အစီအစဉ်ရှိတယ်လို့ မီဒီယာတွေကိုဖြေကြားထားပြီး ဒီနေ့ မနက်မှာ ရွှေတိဂုံဘုရား သို့ မိဘများနဲ့ အတူ သွားရောက်ကုသိုလ်ယူခဲ့ပါတယ်။ အေးမြတ်သူ ရဲ့ ရွှင်လန်းတက်ကြွနေတဲ့ ပုံရိပ်လေးတွေကို ကိုနေမင်းထွန်း ( Amazing Grace) ကလည်း ပုံလှလှလေးတွေရိုက်ကူးပေးထားပါသေးတယ်။

Read More

သိန်း ၈ ထောင်တန်ကားမွေးနေ့လက်ဆောင်ရသွားတဲ့ စမိုင်းလ်

ပျော်ရွှင်သာယာတဲ့မိသားစု ဘ၀လေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စမိုင်းလ် ကို မွေးနေ့ surprise အဖြစ် မြန်မာပလာဇာ မှာ ခင်ပွန်းဖြစ်သူ က သိန်း ၈ ထောင်တန် Rolls Royce ကားလက်ဆောင်ပေးခဲ့တဲ့ ဖြစ်ရပ်လေးဟာ လူမှုကွန်ယက်ပေါ်မှာရေပန်းစားနေပါတယ်။

Read More

ပိုင်ဖြိုးသု ရဲ့ ခွဲစိတ်ကုသမှုအောင်မြင်ကြောင်းသိရ

ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသု က သားအိမ်မှာ အရည်အိတ် တည်တာကြောင့် Grand Hantha ဆေးရုံမှာ ဇွန်လ ၃ ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ပိုင်ဖြိုးသု ရဲ့ မိခင်ဖြစ်သူက ခွဲစိတ်မှုအောင်မြင်ကြောင်း ဧရာဝတီ သတင်းဌာန သို့ ဖြေကြားခဲ့တယ်လို့သိရပါတယ်။

Read More