တစ္ကိုယ္ေတာ္ေခြအယ္ဘမ္ထြက္ဖို့အတြက္သီခ်င္းေတြကိုယ္တိုင္ေရးေနတဲ့ ေမရီ

ေမရီ ဆို လူတိုင္းက ၀ဲ ၊ Mask သီခ်င္းေတြနဲ ့လူသိမ်ားပါတယ္။ တကုိယ္ေတာ္ေခြမထြက္ရေသးေပမယ့္ ပရိသတ္အားေပးမွုအခိုင္အမာရရွိထားၿပီးၿဖစ္ၿပီး ေဖ့ဘြတ္စ္ မွာ ပရိသတ္ ၄ သိန္းေက်ာ္ရွိေနၿပီၿဖစ္ပါတယ္။ ေမရီ က လက္ရွိအခ်ိန္မွာ တစ္ကိုယ္ေတာ္ေခြအတြက္ၿပင္ဆင္ေနပံုကို 7 Day ဂ်ာနယ္ နဲ ့အင္တာဗ်ဴးတခုမွာေၿဖၾကားခဲ့ပါတယ္ ‘‘Mary အစက အယ္လ္ ဘမ္လုပ္ၿပီး ရွစ္လပိုင္းမွာထြက္ဖို႔ စဥ္းစားခဲ့တယ္။ ဒါေပမဲ့ဟိုမွာ ေက်ာင္းတက္ေနခဲ့တဲ့ ကာလက အရမ္းၾကာခဲ့တဲ့အတြက္ေၾကာင့္ အခ်ိန္ အရမ္းဟသြားမွာစိုးလို႔ ဒီ ၾကားထဲမွာ Single Song ေလး ထုတ္သြားဖို႔ အစီအစဥ္ရွိပါတယ္။ Mary အယ္လ္ဘမ္ထဲမွာထုတ္ဖို႔ က ကိုယ္တိုင္ေရးထားတာ ငါးပုဒ္ ၿပီးသြားၿပီ။ အရင္တုန္းက ရွိခဲ့တဲ့ သီခ်င္းေတြလည္း ျပန္ထည့္မယ္ ဆိုေတာ့ အားလံုးေပါင္း ရွစ္ပုဒ္ရ ေနၿပီ။ Mary က ၁၀ ပုဒ္ကေန ၁၁ ပုဒ္ထိ စဥ္းစားထားေတာ့ ေနာက္သံုးပုဒ္ေလာက္ လိုေနပါ ေသးတယ္’’ ဟု စီစဥ္ေနသည့္ တစ္ကိုယ္ေတာ္အေခြႏွင့္ ပတ္သက္၍ Mary က ေျပာသည္။အသည္းကြဲသီခ်င္းမ်ားသာ မ်ားေနေသာေၾကာင့္ တစ္ကိုယ္ ေတာ္အေခြတြင္ ျမဴးျမဴးႂကြႂကြ သီခ်င္းမ်ား ထည့္သြင္းရန္ အစီ အစဥ္ရွိသည္ဟုဆိုသလို ပရိသတ္ေတြနဲ ့အဆက္မၿပတ္ေစရန္ မတ္လ ေလာက္မွာသီခ်င္းသစ္တပုဒ္ကို လူမွုကြန္ယက္ေပၚမွာ တင္ဆက္သြားမယ္လုိ ့သိရပါတယ္။
Unicode
မေရီ ဆို လူတိုင်းက ၀ဲ ၊ Mask သီချင်းတွေနဲ ့လူသိများပြီး တကိုယ်တော်ခွေမထွက်ရသေးပေမယ့် ပရိသတ်အားပေးမှုအခိုင်အမာရရှိထားပြီဖြစ်ပြီး ဖေ့ဘွတ်စ် မှာ ပရိသတ် ၄ သိန်းကျော်ရှိနေပြီဖြစ်ပါတယ်။ မေရီ က လက်ရှိအချိန်မှာ တစ်ကိုယ်တော်ခွေအတွက်ပြင်ဆင်နေပုံကို 7 Day ဂျာနယ် နဲ ့အင်တာဗျူးတခုမှာဖြေကြားခဲ့ပါတယ် ‘Mary အစက အယ်လ် ဘမ်လုပ်ပြီး ရှစ်လပိုင်းမှာထွက်ဖို့ စဉ်းစားခဲ့တယ်။ ဒါပေမဲ့ဟိုမှာ ကျောင်းတက်နေခဲ့တဲ့ ကာလက အရမ်းကြာခဲ့တဲ့အတွက်ကြောင့် အချိန် အရမ်းဟသွားမှာစိုးလို့ ဒီ ကြားထဲမှာ Single Song လေး ထုတ်သွားဖို့ အစီအစဉ်ရှိပါတယ်။ Mary အယ်လ်ဘမ်ထဲမှာထုတ်ဖို့ က ကိုယ်တိုင်ရေးထားတာ ငါးပုဒ် ပြီးသွားပြီ။ အရင်တုန်းက ရှိခဲ့တဲ့ သီချင်းတွေလည်း ပြန်ထည့်မယ် ဆိုတော့ အားလုံးပေါင်း ရှစ်ပုဒ်ရ နေပြီ။ Mary က ၁၀ ပုဒ်ကနေ ၁၁ ပုဒ်ထိ စဉ်းစားထားတော့ နောက်သုံးပုဒ်လောက် လိုနေပါ သေးတယ်’’ ဟု စီစဉ်နေသည့် တစ်ကိုယ်တော်အခွေနှင့် ပတ်သက်၍ Mary က ပြောသည်။အသည်းကွဲသီချင်းများသာ များနေသောကြောင့် တစ်ကိုယ် တော်အခွေတွင် မြူးမြူးကြွကြွ သီချင်းများ ထည့်သွင်းရန် အစီ အစဉ်ရှိသည်ဟုဆိုသလို ပရိသတ်တွေနဲ ့အဆက်မပြတ်စေရန် မတ်လ လောက်မှာသီချင်းသစ်တပုဒ်ကို လူမှုကွန်ယက်ပေါ်မှာ တင်ဆက်သွားမယ်လို ့သိရပါတယ်။