ဥပါယ္တံမ်ဥ္ရုပ္ရွင္ကိုInternationalကိုသြားမယ္ဆိုရင္ေတာ့လိုအပ္ေနတာေၿပာပါရေစလုိ ့ေၿပာလုိက္တဲ့ဒါရိုက္တာဉာဏ

ဥပါယ္တံမ်ဥ္ ကို ရုပ္ရွင္ခ်စ္ပရိသတ္ ေတာ္ေတာ္မ်ားမ်ားက ရုပ္ရွင္ၾကည့္အၿပီးမွာ အြန္လိုင္းေပၚမွာ ရီဗ်ဴး ေတြေရးၿပီး ၿမန္မာကားလုိ ့မထင္ရေအာင္ေကာင္းတဲ့ ကားလုိ ့သံုးသပ္ၾကတဲ့သူေတြရွိသလုိ ၊ လိုအပ္ခ်က္ေတြရွိေနတယ္ဆိုၿပီး ေထာက္ၿပတဲ့သူေတြလည္း ရွိေနပါတယ္။ ရုပ္ရွင္ေလာကထဲမွာ ဒီဇာတ္ကားဟာ အေတာ္ကိုလွုပ္ခတ္သြားၿပီး ၿမန္မာရုပ္ရွင္ ဒါရိုက္တာ လူေဟာင္းမ်ားေတာင္ အေရးတယူနဲ ့ေ၀ဖန္တိုက္ခိုက္ရတဲ့ထိေအာင္ၿမင္သလုိ ၊ ရုပ္ရွင္ခ်စ္ပရိသတ္ေတြရဲ့ ၀န္းရံမွုလည္းအေတာ္ကို ၿမင့္တက္ေနတဲ့ဇာတ္ကားၿဖစ္ပါတယ္။ February ၁ ရက္ေန ့မွာေတာ့ ဒါရိုက္တာ ၊ ဓာတ္ပံုဆရာ ဉာဏက သူ့ရဲ့ အၿမင္ကို Facebook ေပၚမွာ Public ၿဖင့္ေရးသားခဲ့ၿပီး ေအာက္ကကြန့္မန္ ့ေတြေၾကာင့္ၿပန္လည္ဖ်က္သြားခဲ့ပါတယ္။ဒါေပမယ့္ ေရးထားတဲ့စာဟာ Facebook အသံုးၿပုသူေတြၾကားမွာ အေတာ္မ်ားမ်ားရွဲၿပီးေနပါၿပီ။ ေရးထားတာက ဒီလုိပါ။
ေကာင္းသတင္းေတြနဲ႔ေက်ာ္ၾကားေနတဲ့ ဥပါယ္တံမ်ဥ္႐ုပ္ရွင္ကို ေလ့လာတဲ့အေနနဲ႔ေရာ အသစ္ေတြအမ်ားႀကီးအားျဖည့္ထားတာကိုစိတ္ဝင္စားတာေၾကာင့္ေရာ သြားၾကည့္ျဖစ္ခဲ့ပါတယ္ ။ကင္မရာအေၾကာင္းစေျပာခ်င္ပါတယ္။႐ုပ္ေသျဖစ္ျဖစ္ ႐ုပ္ရွင္ျဖစ္ျဖစ္ အဓိကအေရးအႀကီးဆံုးျဖစ္တဲ့ focus outတာေတြက ဇာတ္ကားရဲ႕ ၃ပံု ၁ပံုေလာက္ရွိႏိုင္ပါတယ္… ဘာေၾကာင့္ဒီလိုျဖစ္ရလဲဆိုတာ စဥ္းစားလို႔မရပါဘူး ႐ိုက္တဲ့အခ်ိန္တုန္းက monitor ေသခ်ာမၾကည့္ခဲ့တာေၾကာင့္မ်ားလား???? ေနာက္တစ္ခ်က္က grain ေတြမ်ားလြန္းေနတာပါ။ ေနာက္တစ္ခ်က္က prime lens ေတြကိုမသံုးတာလား lensရဲ႕ အရည္အေသြးမေကာင္းတာေၾကာင့္လား ႐ုပ္ရွင္ကားႀကီးတစ္ကားရဲ႕႐ုပ္ထြက္ပိုင္းမွာ အ႐ုပ္က်စ္လစ္မႈအားနည္းတာကိုေတြ႕ရပါတယ္ ။
မင္းသား showroom ကေနကားနဲ႔ထြက္ၿပီးမွန္ဝယ္ဖို႔အတြက္ဘဏ္ကိုသြား ဘဏ္ေရာက္ေတာ့ ထိုင္းမေလးနဲ႔ေတြ႕တဲ့အခန္းဆိုရင္ ႐ုပ္ရွင္ပညာမွာ establishing shot ကေန master shotကို သြားတယ္လို႔ေျပာရမွာပါ။အဲဒီအတိုင္းဆိုရင္မင္းသားကားေပၚစတက္ခါစကေန ကားအထြက္ေလးကိုျပသင့္ပါတယ္… ဒီမွာကကားဆီကိုလမ္းေလွ်ာက္လာတဲ့ duration ရွည္ေနၿပီး ကားေမာင္းမထြက္ခင္ cut လိုက္တာကလိုအပ္ခ်က္တစ္ခုပါ… ဒါက ဒါ႐ိုက္တာအပိုင္းပါ … မင္းသားဓါတ္တိုင္ေအာက္မွာ ေျချပစ္လက္ျပစ္ထိုင္ခ်ၿပီး ညစ္ေနတဲ့အခန္းမွာ camera angle ကိုအဲဒီလိုလံုးဝမယူသင့္ဘူးဆိုတာ စနစ္တက်တတ္တဲ့သူေတြအေနနဲ႔ဂ႐ုစိုက္သင့္ပါတယ္.. အဲဒီလို႐ိုက္မယ္ဆိုရင္လည္း အနည္းဆံုးညာဖက္ေျခေထာက္တစ္ေခ်ာင္းေတာ့ေထာင္ထားသင့္ပါတယ္။အခုပံုစံနဲ႔ဆိုေတာ့ ေျခတိုေျချပတ္ႀကီးလိုျဖစ္ေနတဲ့ view ပါ။Scene ေတြမွာ camera shootေတြက static ေတြမ်ားလြန္းပါတယ္။က်ေနာ္ေျပာခ်င္တာက dolly shoot, zolly shoot ေတြ crane shoot ေတြပါမွ ေကာင္းမယ္လို႔ဆိုလိုတာမ်ဳိးမဟုတ္ေပမယ့္ static(အၿငိမ္)ေတြမ်ားေနတာေတာ့ေသခ်ာပါတယ္ … static ေတြ႐ိုက္တာေတာင္ focus out ေနေတာ့ movement camera work ေတြကိုေရွာင္တာလည္း ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္… camera’s point of view, composition ေတြကသာမန္ပါပဲ Lighting အေၾကာင္းေျပာပါမယ္ဒီကားမွာ ambient light ကိုအဓိကသံုးသြားပါတယ္ ႐ိုး႐ိုးေလးေတြပါပဲတစ္ခ်ဳိ႕အခန္းေတြမွာ day lightနဲ႔ studio light ratio ကြာလြန္းတာေၾကာင့္ အျပင္ဖက္ကျမင္ကြင္းေတြဆံုး႐ႈံးၿပီး burn out ျဖစ္တာေတြရွိပါတယ္… ထိုင္းမေလး သီခ်င္းဆိုျပတဲ့အခန္းမွာ close up နဲ႔ wide shot ေတြမွာlighting လြဲတာကေတာ့သိသိသာသာပါပဲ။lighting ပိုင္းက ခက္ခက္ခဲခဲတစ္ခုမွမပါလို႔ ေျပာစရာအေထြအထူးသိပ္မရွိပါဘူး။
ဇာတ္ၫႊန္းအေၾကာင္း ဇာတ္ၫႊန္းေလးေကာင္းပါတယ္။ႏိုင္ငံျခား႐ုပ္ရွင္မွာ Awake ဆိုတဲ့ဇာတ္လမ္းသေဘာမ်ဳိးေလးပါ။ twistလုပ္သြားတာ ေကာင္းပါတယ္… ဒါေပမယ့္ တည္တည္ခန္႔ခန္႔ႀကီးသ႐ုပ္ေဆာင္လာၾကၿပီးမွ စံုေထာက္ႀကီးေပၚလာတဲ့အခန္းက ဇာတ္လမ္းရဲ႕အႏွစ္သာရကိုထိခိုက္ေစပါတယ္… တိုက္ပံုအက်ႌနဲ႔တည္တည္တံ့တံ့ေနတဲ့သူတစ္ေယာက္ကို rapper ဦးထုပ္ေပးေဆာင္းလိုက္သလိုပါပဲ… ဒီထက္ ထက္ျမက္စူး႐ွတဲ့ ဘိုးေတာ္တစ္ေယာက္ဆိုရင္ ပိုၾကည့္ေကာင္းမလားပဲ။တစ္ခ်ဳိ႕အခန္းေတြ duration မ်ားေတာ့ ၾကည့္ရတာအိုင္ပါတယ္… tempo ပိုတက္လာရမယ့္ တရားခံလိုက္ရွာတဲ့အခန္းနဲ႔ေတြ႕တဲ့အခန္းေတြမွာ tempo အက်ဆံုးျဖစ္ေနပါတယ္။တရားခံကိုေစာင့္ေနရင္းျပင္ဆင္ေနၾကတဲ့အခန္းကို time lapse နဲ႔မျပသင့္ပါဘူး … ဇာတ္ကိုေပါ့ေစပါတယ္… ဒါကေတာ့မဟာအမွားႀကီးလို႔ျမင္မိပါတယ္။သ႐ုပ္ေဆာင္ပိုင္းေျပာခ်င္ပါတယ္…မင္းသား … ဇာတ္တစ္ခုလံုးရဲ႕ဇာတ္႐ုပ္tempoကို ၿငိမ္ေနေအာင္ထိန္းသြားႏိုင္ၿပီး ဆြဲေဆာင္မႈအရွိဆံုးျဖစ္ေအာင္ သ႐ုပ္ေဆာင္ႏိုင္တယ္… သ႐ုပ္ေဆာင္သစ္ဆိုတဲ့ message ကို ပရိသတ္အေတြးထဲကေနေဖ်ာက္ေပးႏိုင္ခဲ့တယ္လို႔ျမင္မိတယ္။မြန္မြန္(သက္မြန္ျမင့္) ဒီေလာက္အမူယာေလးနဲ႔ေတာ့တက္မလာနဲ႔ မြန္မြန္တို႔ကေတာက္ခ်လိုက္တာေပါ့။ သူ႔အတြက္လြယ္လြယ္ေလးပါ။စိုးရိမ္ေနတဲ့ေမာင့္မ်က္ႏွာေလးကိုခ်စ္လို႔ဆိုတဲ့ အမူယာေလးက မြန္မြန္ပရိသတ္ကိုဖမ္းစားေနၾကပံုစံေလးပါပဲ… မြန္မြန္ေထာင္ကထြက္လာၿပီးေနာက္ ကေလာကအေဒၚႀကီးနဲ႔ျပန္ဆံုၿပီးငိုတဲ့အခန္းအစား တစ္ျခားအခန္းေလးေျပာင္းျပလိုက္ရင္ပိုအဆင္ေျပမလားလို႔လည္းျမင္မိပါတယ္… အခုလိုငိုေနၾကတာကိုျပလိုက္ေတာ့ vamp လုပ္တဲ့သူကို သြယ္ဝိုက္ၿပီးသနားေအာင္ျပသလိုက္သလို ပရိသတ္စိတ္ထဲမွာက်န္ခဲ့မွာပါ အဲဒီေတာ့ အားလံုးျခံဳေျပာရရင္ သ႐ုပ္ေဆာင္မ်ား … ေကာင္း Camera … focus out တာေတြမ်ား/ static shoot ေတြမ်ား / grain မ်ား / အ႐ုပ္က်စ္လစ္မႈအားနည္းဇာတ္ၫႊန္း… သင့္ ၊ အလင္းအေမွာင္… ပံုမွန္ ဟူ၍သာ သံုးသပ္ရမည္ျဖစ္ပါေၾကာင္း။International ကိုသြားမယ္ဆိုရင္ေတာ့ လိုအပ္ေနတာအမွန္ပါလို႔ပဲေျပာပါရေစအမွန္အတိုင္း အျမင္အတိုင္းသာ သံုးသပ္ပါသည္(ဉာဏ)
တခ်ိဳ ့ကြန္ ့မန္ ့ေပးတဲ့သူေတြေရးထားတာကေတာ့ဒီလုိပါ။ (Nyein Htet Great) ႀကီး ေလးႀကီး တို႔၊ ဂယ္ပဲ သူရဲတို႔၊ ငယ္ကြ်န္တို႔ကိုလည္း review ေလးေရးေစလိုပါတယ္။ ေကာလိပ္ဂ်ပိုးေလးကိုေရာေပါ့၊ ပညာရွင့္ အျမင္ သိခ်င္လို႔ပါ။(Htet Myat Suu Eaim) အစ္ကို့ရဲ့ ေဝဖန္သုံးသပ္ခ်က္ကိုအားလုံးျခဳံၿပီးေျပာရမယ္ဆိုရင္၁။ ျမန္မာစာသတ္ပုံ(တခ်ဳို႔)….မွား၂။ အားနည္းခ်က္မ်ားကိုေထာက္ျပထားသည္မွာ…သင့္၃။ အားသာခ်က္ႏွင့္ေကာင္းသည့္အခ်က္မ်ားအားထုထ္ေျပာ၍ခ်ီးမြမ္းသမႈမျပဳႏိုင္သည့္အခ်က္မွာ….စုတ္ျပတ္သတ္ေအာင္အငုံ႔စိတ္ ေဂ်စိတ္မ်ားျပားလြန္း International ကိုသြားမယ့္ခုလို film မ်ိဳးကို criticize လုပ္ခ်င္တယ္ဆိုရင္ေတာ့ လိုအပ္ေနေသးတာအမွန္ပဲလို႔ေျပာပါရေစ။(Thet Nor Ko) မင္းသား ဓာတ္တိုင္ေအာက္မွာ ညစ္ၿပီးေျခပစ္လက္ပစ္ထိုင္ေနတာကို ဒူးတစ္ဖက္မေထာင္လို႔တဲ့အဲ့လိုေတြေၾကာင့္ ဒီေကာင္ေတြကားေတြ ဝမ္းနည္းရင္ဒီလိုလုပ္ဝမ္းသာရင္ဒီလိုလုပ္..ဆိုၿပီး actionေတြက အတူတူေတြျဖစ္ေနတာ.။သူေျပာသလိုက သူတို႔ဇာတ္ကားေတြထဲက မင္းသားေတြထိုင္ေနၾကပံုစံ။သတိေလးသာထား…မလိုက္ႏိုင္ရင္ ငတ္သြားဦးမယ္ဝမ္းနည္းစိတ္ပ်က္ဖို႔ေကာင္း မင္းအစားငါ႐ွက္ရံြ႕မိ.
Unicode
ဥပါယ်တံမျဉ် ကို ရုပ်ရှင်ချစ်ပရိသတ် တော်တော်များများက ရုပ်ရှင်ကြည့်အပြီးမှာ အွန်လိုင်းပေါ်မှာ ရီဗျူး တွေရေးပြီး မြန်မာကားလို ့မထင်ရအောင်ကောင်းတဲ့ ကားလို ့သုံးသပ်ကြတဲ့သူတွေရှိသလို ၊ လိုအပ်ချက်တွေရှိနေတယ်ဆိုပြီး ထောက်ပြတဲ့သူတွေလည်း ရှိနေပါတယ်။ ရုပ်ရှင်လောကထဲမှာ ဒီဇာတ်ကားဟာ အတော်ကိုလှုပ်ခတ်သွားပြီး မြန်မာရုပ်ရှင် ဒါရိုက်တာ လူဟောင်းများတောင် အရေးတယူနဲ ့ဝေဖန်တိုက်ခိုက်ရတဲ့ထိအောင်မြင်သလို ၊ ရုပ်ရှင်ချစ်ပရိသတ်တွေရဲ့ ၀န်းရံမှုလည်းအတော်ကို မြင့်တက်နေတဲ့ဇာတ်ကားဖြစ်ပါတယ်။ February ၁ ရက်နေ ့မှာတော့ ဒါရိုက်တာ ၊ ဓာတ်ပုံဆရာ ဉာဏက သူ့ရဲ့ အမြင်ကို Facebook ပေါ်မှာ Public ဖြင့်ရေးသားခဲ့ပြီး အောက်ကကွန့်မန် ့တွေကြောင့်ပြန်လည်ဖျက်သွားခဲ့ပါတယ်။ဒါပေမယ့် ရေးထားတဲ့စာဟာ Facebook အသုံးပြုသူတွေကြားမှာ အတော်များများရှဲပြီးနေပါပြီ။ ရေးထားတာက ဒီလိုပါ။
ကောင်းသတင်းတွေနဲ့ကျော်ကြားနေတဲ့ ဥပါယ်တံမျဉ်ရုပ်ရှင်ကို လေ့လာတဲ့အနေနဲ့ရော အသစ်တွေအများကြီးအားဖြည့်ထားတာကိုစိတ်ဝင်စားတာကြောင့်ရော သွားကြည့်ဖြစ်ခဲ့ပါတယ် ။ကင်မရာအကြောင်းစပြောချင်ပါတယ်။ရုပ်သေဖြစ်ဖြစ် ရုပ်ရှင်ဖြစ်ဖြစ် အဓိကအရေးအကြီးဆုံးဖြစ်တဲ့ focus outတာတွေက ဇာတ်ကားရဲ့ ၃ပုံ ၁ပုံလောက်ရှိနိုင်ပါတယ်… ဘာကြောင့်ဒီလိုဖြစ်ရလဲဆိုတာ စဉ်းစားလို့မရပါဘူး ရိုက်တဲ့အချိန်တုန်းက monitor သေချာမကြည့်ခဲ့တာကြောင့်များလား???? နောက်တစ်ချက်က grain တွေများလွန်းနေတာပါ။ နောက်တစ်ချက်က prime lens တွေကိုမသုံးတာလား lensရဲ့ အရည်အသွေးမကောင်းတာကြောင့်လား ရုပ်ရှင်ကားကြီးတစ်ကားရဲ့ရုပ်ထွက်ပိုင်းမှာ အရုပ်ကျစ်လစ်မှုအားနည်းတာကိုတွေ့ရပါတယ် ။မင်းသား showroom ကနေကားနဲ့ထွက်ပြီးမှန်ဝယ်ဖို့အတွက်ဘဏ်ကိုသွား ဘဏ်ရောက်တော့ ထိုင်းမလေးနဲ့တွေ့တဲ့အခန်းဆိုရင် ရုပ်ရှင်ပညာမှာ establishing shot ကနေ master shotကို သွားတယ်လို့ပြောရမှာပါ။အဲဒီအတိုင်းဆိုရင်မင်းသားကားပေါ်စတက်ခါစကနေ ကားအထွက်လေးကိုပြသင့်ပါတယ်… ဒီမှာကကားဆီကိုလမ်းလျှောက်လာတဲ့ duration ရှည်နေပြီး ကားမောင်းမထွက်ခင် cut လိုက်တာကလိုအပ်ချက်တစ်ခုပါ… ဒါက ဒါရိုက်တာအပိုင်းပါ … မင်းသားဓါတ်တိုင်အောက်မှာ ခြေပြစ်လက်ပြစ်ထိုင်ချပြီး ညစ်နေတဲ့အခန်းမှာ camera angle ကိုအဲဒီလိုလုံးဝမယူသင့်ဘူးဆိုတာ စနစ်တကျတတ်တဲ့သူတွေအနေနဲ့ဂရုစိုက်သင့်ပါတယ်.. အဲဒီလိုရိုက်မယ်ဆိုရင်လည်း အနည်းဆုံးညာဖက်ခြေထောက်တစ်ချောင်းတော့ထောင်ထားသင့်ပါတယ်။အခုပုံစံနဲ့ဆိုတော့ ခြေတိုခြေပြတ်ကြီးလိုဖြစ်နေတဲ့ view ပါ။Scene တွေမှာ camera shootတွေက static တွေများလွန်းပါတယ် … ကျနော်ပြောချင်တာက dolly shoot, zolly shoot တွေ crane shoot တွေပါမှ ကောင်းမယ်လို့ဆိုလိုတာမျိုးမဟုတ်ပေမယ့် static(အငြိမ်)တွေများနေတာတော့သေချာပါတယ် … static တွေရိုက်တာတောင် focus out နေတော့ movement camera work တွေကိုရှောင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်… camera’s point of view, composition တွေကသာမန်ပါပဲ Lighting အကြောင်းပြောပါမယ်ဒီကားမှာ ambient light ကိုအဓိကသုံးသွားပါတယ် ရိုးရိုးလေးတွေပါပဲတစ်ချို့အခန်းတွေမှာ day lightနဲ့ studio light ratio ကွာလွန်းတာကြောင့် အပြင်ဖက်ကမြင်ကွင်းတွေဆုံးရှုံးပြီး burn out ဖြစ်တာတွေရှိပါတယ်… ထိုင်းမလေး သီချင်းဆိုပြတဲ့အခန်းမှာ close up နဲ့ wide shot တွေမှာlighting လွဲတာကတော့သိသိသာသာပါပဲ။lighting ပိုင်းက ခက်ခက်ခဲခဲတစ်ခုမှမပါလို့ ပြောစရာအထွေအထူးသိပ်မရှိပါဘူး။
ဇာတ်ညွှန်းအကြောင်း ဇာတ်ညွှန်းလေးကောင်းပါတယ်။နိုင်ငံခြားရုပ်ရှင်မှာ Awake ဆိုတဲ့ဇာတ်လမ်းသဘောမျိုးလေးပါ။ twistလုပ်သွားတာ ကောင်းပါတယ်… ဒါပေမယ့် တည်တည်ခန့်ခန့်ကြီးသရုပ်ဆောင်လာကြပြီးမှ စုံထောက်ကြီးပေါ်လာတဲ့အခန်းက ဇာတ်လမ်းရဲ့အနှစ်သာရကိုထိခိုက်စေပါတယ်… တိုက်ပုံအကျႌနဲ့တည်တည်တံ့တံ့နေတဲ့သူတစ်ယောက်ကို rapper ဦးထုပ်ပေးဆောင်းလိုက်သလိုပါပဲ… ဒီထက် ထက်မြက်စူးရှတဲ့ ဘိုးတော်တစ်ယောက်ဆိုရင် ပိုကြည့်ကောင်းမလားပဲ။တစ်ချို့အခန်းတွေ duration များတော့ ကြည့်ရတာအိုင်ပါတယ်… tempo ပိုတက်လာရမယ့် တရားခံလိုက်ရှာတဲ့အခန်းနဲ့တွေ့တဲ့အခန်းတွေမှာ tempo အကျဆုံးဖြစ်နေပါတယ်။တရားခံကိုစောင့်နေရင်းပြင်ဆင်နေကြတဲ့အခန်းကို time lapse နဲ့မပြသင့်ပါဘူး … ဇာတ်ကိုပေါ့စေပါတယ်… ဒါကတော့မဟာအမှားကြီးလို့မြင်မိပါတယ်။သရုပ်ဆောင်ပိုင်းပြောချင်ပါတယ်…
မင်းသား … ဇာတ်တစ်ခုလုံးရဲ့ဇာတ်ရုပ်tempoကို ငြိမ်နေအောင်ထိန်းသွားနိုင်ပြီး ဆွဲဆောင်မှုအရှိဆုံးဖြစ်အောင် သရုပ်ဆောင်နိုင်တယ်… သရုပ်ဆောင်သစ်ဆိုတဲ့ message ကို ပရိသတ်အတွေးထဲကနေဖျောက်ပေးနိုင်ခဲ့တယ်လို့မြင်မိတယ်။မွန်မွန်(သက်မွန်မြင့်) ဒီလောက်အမူယာလေးနဲ့တော့တက်မလာနဲ့ မွန်မွန်တို့ကတောက်ချလိုက်တာပေါ့။ သူ့အတွက်လွယ်လွယ်လေးပါ။စိုးရိမ်နေတဲ့မောင့်မျက်နှာလေးကိုချစ်လို့ဆိုတဲ့ အမူယာလေးက မွန်မွန်ပရိသတ်ကိုဖမ်းစားနေကြပုံစံလေးပါပဲ… မွန်မွန်ထောင်ကထွက်လာပြီးနောက် ကလောကအဒေါ်ကြီးနဲ့ပြန်ဆုံပြီးငိုတဲ့အခန်းအစား တစ်ခြားအခန်းလေးပြောင်းပြလိုက်ရင်ပိုအဆင်ပြေမလားလို့လည်းမြင်မိပါတယ်… အခုလိုငိုနေကြတာကိုပြလိုက်တော့ vamp လုပ်တဲ့သူကို သွယ်ဝိုက်ပြီးသနားအောင်ပြသလိုက်သလို ပရိသတ်စိတ်ထဲမှာကျန်ခဲ့မှာပါ အဲဒီတော့ အားလုံးခြုံပြောရရင် သရုပ်ဆောင်များ … ကောင်း Camera … focus out တာတွေများ/ static shoot တွေများ / grain များ / အရုပ်ကျစ်လစ်မှုအားနည်းဇာတ်ညွှန်း… သင့် ၊ အလင်းအမှောင်… ပုံမှန် ဟူ၍သာ သုံးသပ်ရမည်ဖြစ်ပါကြောင်း။International ကိုသွားမယ်ဆိုရင်တော့ လိုအပ်နေတာအမှန်ပါလို့ပဲပြောပါရစေအမှန်အတိုင်း အမြင်အတိုင်းသာ သုံးသပ်ပါသည်(ဉာဏ)တချို ့ကွန် ့မန် ့ပေးတဲ့သူတွေရေးထားတာကတော့ဒီလိုပါ။(Nyein Htet Great) ကြီး လေးကြီး တို့၊ ဂယ်ပဲ သူရဲတို့၊ ငယ်ကျွန်တို့ကိုလည်း review လေးရေးစေလိုပါတယ်။ ကောလိပ်ဂျပိုးလေးကိုရောပေါ့၊ ပညာရှင့် အမြင် သိချင်လို့ပါ(Htet Myat Suu Eaim) အစ်ကို့ရဲ့ ဝေဖန်သုံးသပ်ချက်ကိုအားလုံးခြုံပြီးပြောရမယ်ဆိုရင်၁။ မြန်မာစာသတ်ပုံ(တချိုု့)….မှား၂။ အားနည်းချက်များကိုထောက်ပြထားသည်မှာ…သင့်၃။ အားသာချက်နှင့်ကောင်းသည့်အချက်များအားထုထ်ပြော၍ချီးမွမ်းသမှုမပြုနိုင်သည့်အချက်မှာ….စုတ်ပြတ်သတ်အောင်အငုံ့စိတ် ဂျေစိတ်များပြားလွန်းInternational ကိုသွားမယ့်ခုလို film မျိုးကို criticize လုပ်ချင်တယ်ဆိုရင်တော့ လိုအပ်နေသေးတာအမှန်ပဲလို့ပြောပါရစေ(Thet Nor Ko) မင်းသား ဓာတ်တိုင်အောက်မှာ ညစ်ပြီးခြေပစ်လက်ပစ်ထိုင်နေတာကို ဒူးတစ်ဖက်မထောင်လို့တဲ့အဲ့လိုတွေကြောင့် ဒီကောင်တွေကားတွေ ဝမ်းနည်းရင်ဒီလိုလုပ် ဝမ်းသာရင်ဒီလိုလုပ်..ဆိုပြီး actionတွေက အတူတူတွေဖြစ်နေတာ.။သူပြောသလိုက သူတို့ဇာတ်ကားတွေထဲက မင်းသားတွေထိုင်နေကြပုံစံ။သတိလေးသာထား…မလိုက်နိုင်ရင် ငတ်သွားဦးမယ်ဝမ်းနည်းစိတ်ပျက်ဖို့ကောင်း မင်းအစားငါရှက်ရွံ့မိ.