ပရိသတ္ေတြအားေပးေနတဲ့ဥပါယ္တံမ်ဥ္တတိယပတ္ဆက္လက္ၿပသခြင့္ရရွိ

ၿမန္မာ့ရုပ္ရွင္ ကို တေခတ္ဆန္းေစတယ္လုိ ့နာမည္ၾကီးေနတဲ့ ဥပါယ္တံမ်ဥ္ ရုပ္ရွင္ဇာတ္ကားဟာ တတိယ ပတ္ဆက္လက္ၿပသခြင့္ရရွိသြားတယ္လုိ ့ဥပါယ္တံမ်ဥ္ ရဲ့Facebook စာမ်က္ႏွာမွာ ေဖာ္ၿပထားပါတယ္။ ထို ့အတူ ဒါရိုက္တာ ခရစ္တီးနားခီ ကလည္း”က်မရဲ႕ ဥပါယ္တံမ်ဥ္ ရုပ္ရွင္ကို အားလံုးေမတၱာေစတနာထားျပီး ဝန္းရံေပးေနႀကလို႕ ၃ပတ္ျပခြင့္ရပါျပီ။ အရမ္းဝမ္းသာအထူးက်းဇူးတင္ပါတယ္။ ဆက္လက္ျပီးလည္းဝန္းရံေပးပါေနာ္။Love you all ဆိုၿပီး သူမရဲ့Facebook စာမ်က္ႏွာေပၚမွာ ေက်းဇူးတင္စကားဆိုထားပါတယ္။ ဒီ ရုပ္ရွင္စတင္ကာစ က အခ်ိဳ ့ရုံၾကီးေတြမွာတင္ခြင့္မရသလို ၊ အတိုက္အခုိက္လည္း မ်ားခဲ့တယ္လုိ့သိရပါတယ္။ဒါေပမယ့္ ရုပ္ရွင္ခ်စ္ပရိသတ္မ်ား ရဲ့ ၀ိုင္းရံေပးမွုေၾကာင့္တစနဲ ့တစ လူသိမ်ားကာ ၿမန္မာ့ရုပ္ရွင္ဇာတ္ကားေကာင္းအၿဖစ္အသိအမွတ္ၿပဳေပးခံရတဲ့ရုပ္ရွင္ဇာတ္ကားၿဖစ္လာပါတယ္။ ဒါေပမယ့္ ဒုတိယ ပတ္ၿပသၿပီးခ်ိန္ထိ ဇာတ္ကားရဲ့ စရိတ္ကိုမကာမိေသးပဲ အရွံုးေပၚေနဆဲလို ့သိရၿပီး DVB နဲ ့အင္တာဗ်ဴး မွာ ဒါရိုက္တာ မ ခရစ္တီးနားခီ က ေၿပာသြားခဲ့ပါတယ္။ ဒီရုပ္ရွင္ဇာတ္ကားကို အခ်ိန္ယူဖန္တီးထားတာၿဖစ္ၿပီး ေ၀းလံ ေငြကုန္ေၾကးက်မ်ားတဲ့ေနရာေတြမွာရိုက္ကူးခဲ့ရတာမို့ ေငြေၾကးကုန္က်မွုမ်ားတဲ့ဇာတ္ကားၿဖစ္တာေၾကာင့္ ထုတ္လုပ္သူေတြအေနနဲ ့အရွံုးေပၚေနဆဲၿဖစ္တယ္လုိ ့သိရပါတယ္။ရုပ္ရွင္ ပရိသတ္တခ်ိဳ ့ကေတာ့ ဒီလို ရုပ္ရွင္ေတြဆက္လက္ထုတ္လုပ္ႏုိင္ဖုိ ့အတြက္ ဒီဇာတ္ကား ကို အရွံုးေပၚမွာစိုးရိမ္ေနၾကၿပီး အားေပးၾကပါလို ့၀န္းရံေနသူေတြလည္းရွိသလို ၊ ၾကိဳက္လုိ့ ၂ ခါ ၊ ၃ ခါ သြားၾကည့္တယ္ဆိုတဲ့ ပရိသတ္ေတြလည္းရွိေနၾကပါတယ္။ ၿမန္မာ့ရုပ္ရွင္ေတြကို တခါတရံ review လုပ္ေလ့ရွိတဲ့ Datshin ကလည္း ထူးထူးၿခားၿခား ၾကည့္ကိုၾကည့္သင့္တဲ့ ၿမန္မာ့ရုပ္ရွင္ဇာတ္ကားေကာင္းလုိ့မွတ္ခ်က္ေပးထားပါတယ္။ဥပါယ္တံမ်ဥ္ Deception ႐ုပ္ရွင္ဇာတ္ကားႀကီးကို ၈.၂.၂၀၁၈ ထိ ရန္ကုန္ႏွင့္မႏၲေလးရွိ JCGV, Mega Ace ရံုမ်ား, ေမာ္လၿမိဳင္ JCGV, ေတာင္ႀကီး Mega Ace, မိတၳီလာ ဂရင္း (Grand)ႏွင့္ ျမစ္ႀကီးနား ဧရာအဆင္ျမင့္ရံု မ်ားမွာ ဆက္လက္ျပသမွာျဖစ္ပါေၾကာင္း သိရွိရၿပီး ပြဲခ်ိန္အေသးစိတ္ကို ထပ္မံေၾကျငာေပးပါမယ္ လုိ ့ဥပါတံမ်ဥ္ စာမ်က္ႏွာေပၚမွာ ေၾကၿငာထားပါတယ္။ပပ၀တီ ပရိသတ္ၾကီးေကာ ရုပ္ရွင္ ဇာတ္ကားအၿပီးမွာ စိတ္ေက်နပ္မွုေတြ ဘယ္လိုရွိပါသလဲ။ ရင္ဖြင့္ေပးသြားဦးေနာ္။
Unicode
မြန်မာ့ရုပ်ရှင် ကို တခေတ်ဆန်းစေတယ်လို ့နာမည်ကြီးနေတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားဟာ တတိယ ပတ်ဆက်လက်ပြသခွင့်ရရှိသွားတယ်လို ့ဥပါယ်တံမျဉ် ရဲ့Facebook စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ထို ့အတူ ဒါရိုက်တာ ခရစ်တီးနားခီ ကလည်း”ကျမရဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်ကို အားလုံးမေတ္တာစေတနာထားပြီး ဝန်းရံပေးနေကြလို့ ၃ပတ်ပြခွင့်ရပါပြီ။ အရမ်းဝမ်းသာအထူးကျးဇူးတင်ပါတယ်။ ဆက်လက်ပြီးလည်းဝန်းရံပေးပါနော်။Love you all ဆိုပြီး သူမရဲ့Facebook စာမျက်နှာပေါ်မှာ ကျေးဇူးတင်စကားဆိုထားပါတယ်။ ဒီ ရုပ်ရှင်စတင်ကာစ က အချို ့ရုံကြီးတွေမှာတင်ခွင့်မရသလို ၊ အတိုက်အခိုက်လည်း များခဲ့တယ်လို့သိရပါတယ်။
ဒါပေမယ့် ရုပ်ရှင်ချစ်ပရိသတ်များ ရဲ့ ၀ိုင်းရံပေးမှုကြောင့်တစနဲ ့တစ လူသိများကာ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းအဖြစ်အသိအမှတ်ပြုပေးခံရတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်လာပါတယ်။ ဒါပေမယ့် ဒုတိယ ပတ်ပြသပြီးချိန်ထိ ဇာတ်ကားရဲ့ စရိတ်ကိုမကာမိသေးပဲ အရှုံးပေါ်နေဆဲလို ့သိရပြီး DVB နဲ ့အင်တာဗျူး မှာ ဒါရိုက်တာ မ ခရစ်တီးနားခီ က ပြောသွားခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကို အချိန်ယူဖန်တီးထားတာဖြစ်ပြီး ဝေးလံ ငွေကုန်ကြေးကျများတဲ့နေရာတွေမှာရိုက်ကူးခဲ့ရတာမို့ ငွေကြေးကုန်ကျမှုများတဲ့ဇာတ်ကားဖြစ်တာကြောင့် ထုတ်လုပ်သူတွေအနေနဲ ့အရှံုးပေါ်နေဆဲဖြစ်တယ်လို ့သိရပါတယ်။ရုပ်ရှင် ပရိသတ်တချို ့ကတော့ ဒီလို ရုပ်ရှင်တွေဆက်လက်ထုတ်လုပ်နိုင်ဖို ့အတွက် ဒီဇာတ်ကား ကို အရှံုးပေါ်မှာစိုးရိမ်နေကြပြီး အားပေးကြပါလို ့ဝန်းရံနေသူတွေလည်းရှိသလို ၊ ကြိုက်လို့ ၂ ခါ ၊ ၃ ခါ သွားကြည့်တယ်ဆိုတဲ့ ပရိသတ်တွေလည်းရှိနေကြပါတယ်။
မြန်မာ့ရုပ်ရှင်တွေကို တခါတရံ review လုပ်လေ့ရှိတဲ့ Datshin ကလည်း ထူးထူးခြားခြား ကြည့်ကိုကြည့်သင့်တဲ့ မြန်မာ့ရုပ်ရှင်ဇာတ်ကားကောင်းလို့မှတ်ချက်ပေးထားပါတယ်။ဥပါယ်တံမျဉ် Deception ရုပ်ရှင်ဇာတ်ကားကြီးကို ၈.၂.၂၀၁၈ ထိ ရန်ကုန်နှင့်မန္တလေးရှိ JCGV, Mega Ace ရုံများ, မော်လမြိုင် JCGV, တောင်ကြီး Mega Ace, မိတ္ထီလာ ဂရင်း (Grand)နှင့် မြစ်ကြီးနား ဧရာအဆင်မြင့်ရုံ များမှာ ဆက်လက်ပြသမှာဖြစ်ပါကြောင်း သိရှိရပြီး ပွဲချိန်အသေးစိတ်ကို ထပ်မံကြေငြာပေးပါမယ် လို ့ဥပါတံမျဉ် စာမျက်နှာပေါ်မှာ ကြေငြာထားပါတယ်။ပပဝတီ ပရိသတ်ကြီးကော ရုပ်ရှင် ဇာတ်ကားအပြီးမှာ စိတ်ကျေနပ်မှုတွေ ဘယ်လိုရှိပါသလဲ။ ရင်ဖွင့်ပေးသွားဦးနော်။