မြန်မာပရိသတ်တွေသိတဲ့ ဂျွန်စောနဲ့ဂူးဂူးတို့ ပြတ်သွားပြီ

Zawgyi ဖြင့်ဖတ်ရန်

Unicode ဖြင့်ဖတ်ရန်
သူတို ့၂ ယောက်ကို လက်ထပ်တာမြင်စေချင်တဲ့ပရိသတ်တွေအတွက်တော့ စိတ်မကောင်းစရာပါ ပရိသတ်ကြီးရေ။ သူတို ့ ၂ယောက်ဟာ ၂၀၁၅ ခုနှစ်က ရိုက်တဲ့ ကိုရီးယား – တရုတ် ရုပ်ရှင် The Third Way of Love အပြီးမှာ ချစ်သူတွေအဖြစ် စတင်တွဲခဲ့တာဖြစ်ပြီး ၊ အခုဆိုရင် လူသိရှင်ကြားတွဲခဲ့တာ ၂ နှစ်ကျော်ခဲ့ပါပြီ။ယခု ပြတ်သွားတယ်ဆိုတဲ့ သတင်းနဲ ့ပတ်သတ်ပြီး မင်းသား ဂျွန်စော Song Seung Hun ရဲ့ အေဂျင်စီ က ” ဒီသတင်းဟာမှန်ကန်ပါတယ် ၊ ၂ ယောက်လုံး အနားမရပဲ အလုပ်တွေများနေကြတော့ အချိန်မပေးနိုင်တော့ပဲ ဝေးကွာသွားရတာပါ။ သတင်းတွေထွက်နေသလို တရုတ် က Hallyu ကို ပိတ်ပင်လိုက်လို ့ဆိုတာတော့မဟုတ်ပါဘူး။ ဒီသတင်းနဲ ့ပတ်သတ်ပြီး တရုတ်မီဒီယာတွေကလည်း Liu Yifei နဲ့ Song Seung Hun တို ့ပြတ်သွားကြပြီ လို ့ရေးသားထားပါတယ်။ပပဝတီ ပရိသတ်ကြီးကရော ဒီသတင်းနဲ ့ပတ်သတ်ပြီး ဘယ်လိုခံစားရလဲ