သမားရိုးကျ မြန်မာဇာတ်ကားတွေကနေခွဲထွက်ပြီးကောင်းတယ်လို့ ချီးကျူးခံနေရတဲ့ ဥပါယ်တံမျဉ် ရုပ်ရှင်
Unicode
DECEPTION (ဥပါယ်တံမျဉ်)ရုပ်ရှင်Trailer ပါ ။မုဒြာရဲ့ခေါ်သံရုပ်ရှင် ဇာတ်ကား ရဲ့ခေါင်းဆောင်မင်းသား ဇဏ်ခီ၊ ထပ်ဆင့်အကယ်ဒမီသက်မွန်မြင့်၊ အောင်မြင့်မြတ်၊ အကယ်ဒမီမင်းဦး ၊ထိုင်းမင်းသမီး Kaew Korravee၊ ခြူးစစ်ဟန် နှင့်ကျော်ကိုကိုဝေ တို့ ပါ၀င်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ ခရစ္စတီးနားခီ ရဲ့ ဒုတိယမြောက်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Suspense Drama ပါ။ ဒီဇာတ်ကားကို ၃ လ ကြာ ရန်ကုန်၊ ငပလီ နဲ့ ကလောတို့မှာ သွားရောက်ရိုက်ကူးခဲ့ပြီး တနှစ်ကျော်အချိန်ယူတည်းဖြတ်ထားပါတယ် လို ့ဖေ့ဘွတ်စာမျက်နှာမှာရေးသားထားပါတယ်။ ဒီဇာတ်ကားအား ရုံစတင်တဲ့အချိန်မှာပဲ ပရိသတ်များဆီက ချီးကျူးမှုများရရှိနေပြီး သာမန် မြန်မာပေါကားများမှခွဲထွက်နေတယ်လို ့ဖေ့ဘွတ်ခ်အသုံးပြုသူများက ရေးသားထားတာတွေတွေ ့မြင်ရပါတယ်။ ဒါရိုက်တာ ခရစ်တီနားခီ ကတော့ ရုံအနည်းငယ်မှာသာတင်ခွင့်ရတဲ့ ပရိသတ်များကို အားပေးဖို ့သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာ မေတ္တာရပ်ခံထားတာတွေ ့ရပြီး ယခုလို ရေးသားထားပါတယ်။မနေ့ကလိုပဲ ဒီနေ့လည်း ပြပေးတဲ့ရုံတိုင်းမှာသွားအားပေးပါဦးနော်။ ရုပ်ရှင်ရဲ့ ဝင်ငွေ ရ၀% ရတဲ့ group တခုလုံးမှာမပြရတာဆိုတော့ ဝင်ငွေကတော့အရမ်းနည်းပါတယ်။ အထူးသဖြင့်နယ်ရုံတချို့မှာ မျက်နှာသစ်တွေနဲ့ဆိုတော့ လူဝင်ဖို့တော်တော်ခက်ပါတယ်။ပံ့ပိုးပေးနေသူတဦးတယောက်မကျန်အား အထူးကျေးဇူးတင်ပါတယ်ရှင့် ။ ပရိသတ် တဦးဖြစ်သူ ကိုကျော်ကျော်ဝင်း ကလည်း အမရေမနေ့ညကကြည့်ပီးပါပီဗျ ဇာတ်လမ်း ဇာတ်အိမ် ကင်မရာ အယူအဆ ကာလာအရောင်ကအစ အရမ်းကိုကောင်းတဲ့ အသေးလေးတွေကအစ သေချာလုပ်ထားတာမြင်တော့ ကြည့်ရှုသူလည်း တန်တယ် တဖွဲ့လုံး ကြိုးစားမှုကို အသိအမှတ်ပြုပါတယ်ဗျ။မြန်မာ့ရုပ်ရှင်အဆင့်အတန်း အမနဲ့မှ ဒီလောက်တိုးတက်တာမြင်မိတယ်ပေးရတဲ့ တန်ဖိုးထက်ပြန်ရတဲ့ရသကတန်တယ် ဆိုပြီးအားပေးထားပါတယ်။တဖက်မှာတော့ ရုပ်ရှင်လောကသားအချင်းချင်း ဒီရုပ်ရှင်ဇာတ်ကားအားအမြင်မကြည်မှုတွေရှိနေပြီး ဒါရိုက်တာ အချို ့ဟာ အွန်လိုင်းစာမျက်နှာပေါ်မှာ ရေးသားထားတာတွေကိုလည်းတွေ ့ရပါတယ်။