နေတိုးရဲ့တာတေကြီးရုပ်ရှင်နောက်ကွယ်မှသရုပ်ဆောင်ချက်များ



နေတိုး ရဲ့ တာတေကြီး ဇာတ်ကား ဟာ ပရိသတ်တွေ အကြားမှာ ရေပန်းစားနေပါတယ်။ အထူးသဖြင့် နေတိုး ရဲ့ သရုပ်ဆောင်တွေနဲ ့ပတ်သတ်ပြီး ပရိသတ်တွေက ကျေနပ်အားရမှုရှိနေပြီး ဒီကားနဲ ့နေတိုးကို အကယ်ဒမီ မပေး ၊ ဘယ်သူ ့ကိုပေးမလဲဆိုတာထိ ပြောနေကြပါပြီ။ တာတေကြီး ဇာတ်ကားကို ဒါရိုက်တာဝိုင်း က ရိုက်ကူးထားတာဖြစ်ပြီး ရုပ်ရှင် စရိုက်ကတည်းက အိန္ဒိယ ဘောလိ၀ုဒ် ကားကိုပြန်လည်မှီငြမ်းရိုက်ကူးထားတာဖြစ်တယ်လို ့ပြောထားပါတယ်။ ပရိသတ်များရဲ့ယုံကြည်မှုကိုတိုးပွားစေခဲ့တဲ့ တာတေကြီးရုပ်ရှင်ကိုနောက်ကွယ်မှ ဖန်တီးပုံဖော်ခဲ့ကြသူများ ၊ မနက်ဖြန်တွေ့ဆုံမှုအတွက် လက်ရှိစကားလုံးတစ်လုံးကိုယူသုံးရရင် ကျွန်တော်ရူးခါနေအောင်ကြိုးစားခွင့်ရခဲ့တဲ့ တာတေကြီးရုပ်ရှင်ကို အခုလိုရူးခါနေအောင် အားပေးကြတာတွေကိုတွေ့ရတော့ ရူးခါနေအောင်ကိုကျေးဇူးတင်ပါတယ်ခင်ဗျာ ပရိသတ်ပေးတဲ့အားတွေနဲ့ အတူ ဒီထက်မက အင်အားကြီးသောအနုပညာတွေကို ကြိုးစားဖန်တီး သွားပါ့မယ်လို့ပြောကြားရင်း ထာဝရ နေတိုး ဆိုပြီး ပရိသတ်ကို ကျေးဇူးတင်စကားဆိုထားပါတယ်။

ပရိသတ် တဦးဖြစ်တဲ့ ပြည့်စုံအောင် က နေတိုး ရဲ့ သရုပ်ဆောင်ပုံနဲ ့ပတ်သတ်ပြီး ယခုလို မှတ်ချက်ပေးထားပါသေးတယ်။
တကယ်ပါ အကိုရဲ့သရုပ်ဆောင်မှော်ဝင်ချက်ကိုဘယ်သူမှလိုက်မမှီဘူးလို့ပြောပါရစေ ရဲခေါင်နဲ့မမတာ ဇာတ်လမ်းအရနှစ်ကိုယ်ခွဲ ဒါပေမယ့် သရုပ်ဆောင်ပိုင်းလေးကိုယ်စာကို တစ်ယောက်ပြီးတစ်ယောက် acting change သွားတာ သရုပ်ဆောင်နေတာမှဟုတ်ရဲ့လား တကယ်ပဲဝင်ပူးနေသလားတောင်ထင်မိပါတယ်ဒီလို acting မျိုး ကို ကိုနေတိုးမှတပါးတခြားဘယ်မင်းသားနဲ့မှအံမဝင်နိုင်ဘူးလို့ထင်မိပါတယ် သူများတွေတော့မသိဘူးကိုယ်တွေကတော့ညဘက်အခန်းတွေပဲရောက်စေချင်တယ် ဒါမှလဲအကို့ရဲ့ acting တွေကိုမြင်ခွင့်ရမှာလေ မမတာကိုလည်းမသေပါစေနဲ့ဆုတောင်းပေးခဲ့ရတာ စာမေးပွဲကိုမေ့ပြီးသွားကြည့်ရကျိုးနပ်ခဲ့ပါတယ်မမတာကိုစွန်းချစ်သွားခဲ့ပါတယ်နောက်ထပ်လဲလာခဲ့ပါမယ်အမြဲအားပေးနေတယ် ထာဝရပရိသတ်။ပပဝတီ စာဖတ်သူများအတွက် နေတိုး ရဲ့ နောက်ကွယ်မှာ ဘယ်လိုသရုပ်ဆောင်ထားရလဲဆိုတာ ပြန်လည်တင်ဆက်လိုက်ပါတယ်