သင်ဇာနွယ်ဝင်းပြောပြတဲ့ သူမ အမျိုးသားနဲ့ ဖူးစာ



မင်းသမီး သင်ဇာနွယ်ဝင်းက သူမ ရဲ့ အမျိုးသားဖြစ်သူနဲ့ စသိတာ ၁ နှစ်ပြည့်ပြီ။ သိပြီးတလ မှာပဲ မင်္ဂလာကိစ္စစလုပ်ဖြစ်ပြီး ၂ လအတွင်း မင်္ဂလာဆောင်ဖြစ်တယ်ဆိုပြီး ရေးသားထားကာ ယခု ၁ နှစ်ပြည့်တဲ့ အချိန်မှာတော့ ကလေးလည်းရသွားပြီဆိုပြီး အိမ်ထောင်ဖက်နဲ ့ဖူးစာ ဆုံတာမြန်ပုံကိုဖေ့ဘွတ်ခ်မှာယခုလိုရေသားထားပါတယ်။”ယောကျာ်းနဲ့စသိတဲ့နေ့တစ်နှစ်ပြည့်ပြီ။ သိပြီးတစ်လဆိုမင်္ဂလာဆောင်ဖို့ကိစ္စလုပ်နေပြီ နှစ်လအတွင်းမင်္ဂလာဆောင်ဖြစ်တယ် မင်္ဂလာဆောင်ပြီး တစ်လအတွင်းကိုယ်ဝန်ရတယ်။ တစ်နှစ်အတွင်းကို ဖူးစာဘက်နဲ့တွေ့ပြီး အိမ်ထောင်ကျ သားလေးရတယ်။ ဖူးစာဆိုတာ လိုက်ရှာစရာမလိုဘူးဆိုတာ ယောကျားရမှသိသွားတယ်။ အပျိုတုန်းက အိမ်ထောင်သည်တွေ ကိုအမြဲတမ်းမေးတာက အိမ်ထောင်ဘက်ကိုတွေ့တဲ့အချိန်ထူးထူးခြားခြားခံစားရလားလို့မေးတယ် တစ်ချို့ကမသိဘူးတဲ့ ကိုယ်ကြတော့သိတယ် သူ့ကိုတွေ့တဲ့ဒုတိယမြောက်တစ်ခါမှာ ကိုယ့်ယောကျာ်းကိုယ်နဲ့အမြဲတမ်းရှိနေမဲ့သူလို့ခံစားရတယ် အရမ်းလည်း နွေးထွေးပြီး အေးချမ်းတဲ့ခံစားချက်မျိုးဖြစ်တယ်။ အဲအချိန်မှာ ရည်းစားလည်းမဟုတ်သေးဘူး တစ်ယောက်နဲ့တစ်ယောက်လည်းစိတ်မဝင်စားဘူး ပြန်စဉ်းစားကြည့်ရင် ရီရတယ်”