ချစ်ဖို့ကောင်းတဲ့ ဖက်ရှင်လေးနဲ့တွေ့ရတဲ့ ယွန်းယွန်း
ယွန်းယွန်း ကတော့ ခေတ်နောက်ပြန်ဆွဲတဲ့ဒီဇိုင်းလေးနဲ့ဆိုပြီး ပုံလှလှလေးတွေတင်လို့ထားပါတယ်။ဒါပေမယ့် ပရိသတ်ကတော့ ယွန်းယွန်း ရဲ့ ဖက်ရှင်ဝတ်စုံလေးကိုရိုးရှင်းပြီး ချစ်ဖို့ကောင်းတယ်လို့ပြောကြသလို၊ ဒီလိုမျိုးလေး လိုက်ချုပ်ဝတ်မယ်လို့လည်းပြောနေကြပါတယ်။ယွန်းယွန်း က တလောကပဲ ခရီးတွေထွက်နေခဲ့သလို သူမ ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ ယခုလိုအတွေးလေးတွေးလည်းရေးထားပါသေးတယ်။ဘဝမှာ မြတ်စွာဘုရားရဲ့အဆုံးအမတွေကနေ။အကျိူးကျေးဇူးတွေအများကြီးရခဲ့တယ်။ကိုယ့်ကိုယ်ကိုစိတ်ချမ်းသာအောင်နေတတ်ဖို့ သင်ယူနိုင်ခဲ့တယ်။ကိုယ့်အပေါ်မကောင်းတဲ့သူတွေကိုတောင် နားလည်ပေးဖို့ကြိုးစားတတ်လာတယ်။လက်ရှိအချိန်လေးကို တန်ဖိုးထားပြီး အကောင်းဆုံးဖြစ်အောင်နေဖို့ သိခွင့်ရခဲ့တယ်။ ပဝတီ ပရိသတ် တွေ ယွန်းယွန်း ရဲ့ ပုံလေးတွေ ကြိုက်ရင် တခုခုပြောသွားဦးနော်။