စိုင်းစိုင်းခမ်းလှိုင် ပြောတဲ့ ငယ်ဘ၀အိပ်မက်
စိုင်းစိုင် ကတော့ သူ ့ရဲ့ ငယ်ဘဝ အိပ်မက်လေးအကြောင်း သူ ့ရဲ့ ဖေ့ဘွတ်ခ် မှာရင်ဖွင့်ထားပါတယ်။ စိုင်းစိုင်း လို အိပ်မက် ငယ်ငယ်က အတော်များများရှိခဲ့ဖူးမယ်ထင်ပါတယ်။ အတိတ်ကို လွမ်းဆွတ်စေတဲ့ စိုင်းစိုင်း ရဲ့ စာ ကို ပပဝတီ ပရိသတ်ကြီး ဖတ်ကြည့်လိုက်ပါဦး။တန်းတုန်းက အိမ်မှာ ဒါလေးရောက်လာတဲ့နေ့ကိုမှတ်မိတယ် အဲ့နေ့ကဖျားနေတာပဲ ရမ်ဘိုရယ် နင်ဂျာရယ် ဘောလုံးရယ် ပြီးကျတော့ အဖျားပျောက်သွားရော နောက်တော့စက်ကို ပင်လုံယူသွားတယ် ကျနော်ကြွေတာပေါ့ ချိုမိတ္တူဆိုင်မှာ တစ်နာရီ ဘယ်လောက်ဆိုပေးပြီးသွားဆော့ရတယ်အဲခေတ်တုန်းက အိမ်မှာဒီစက်ရှိရင် အကောင်ပဲ ဆရာကြီးပဲ အမှတ်(၃)ကျောင်းနားက ဘုတ်အီးအိမ်မှာသွားသွားဆော့တယ် သူ့ကိုအသေပေါင်းထားရတာပေါ့ ဒီကောင်က သဘောကောင်းပါတယ် ကျနော်လာရင် အေးဆေးပဲ ပေးကစားတယ် ဒါပေမယ့် player 2 ပဲကိုင်ရတယ် မတတ်နိုင်ဘူးလေ ပြီးတော့ တစ်မြို့လုံး ရှိသမျှဆိုင်တွေ BMX တစ်စီးနဲ့ ပတ်ဆော့တယ် ပိုက်ဆံလား ဟဲဟဲ ကျူရှင်ခတွေ ဘတ်တာပေါ့ကိုယ့်လူရယ်အပိုင်လိုချင်လိုက်တာများဗျာ ကဒ်ထူပြားမှာ ခလုပ်ပုံလေးတွေတောင်ဆွဲမိတယ် အဲဒီအချိန်က ဘဝရည်မှန်းချက်လို့တောင်ပြောလို့ရမလားပဲ ငါတစ်နေ့ ဒီ ဂိမ်းစက်ဝယ်နိုင်ရမယ်ပေါ့ ဒီထက်ပိုစွဲလမ်းရင်တောင် ဒီလောက်မစွဲလမ်းတော့ပါ နောက်မှပေါ်တဲ့ရွှေကြာပင်တွေ Sega တို့ Sony PlayStation တို့တောင် ဒီလောက်မတပ်မက်တော့ပါဒီနေ့မှာတော့ ကျနော့်အိမ်မှာ Nintendo Family Game စက်လေးရောက်နေပြီ နှစ်များစွာကျနော့်ငယ်ဘဝအိပ်မက်လေးပြည့်ဝသွားပါပြီ စိတ်ထဲတေးထားတဲ့ Bucket list လေး အမှတ်ခြစ်ပြီးသွားပြီ အမယ် ဂျပန်ကတိုက်ရိုက်လာတာနော် ယန်း ၁၁၀၀၀ ဗျ ဟားဟားဟားဟား