၂၀၁၈ ရဲ့ ေပၚၿပဴလာ အၿဖစ္ဆံုး အႏုပညာရွင္စံုတဲြ

၂၀၁၈ ရဲ့ လူေၿပာအမ်ားဆံုး နဲ ့ေပၚၿပူလာ အၿဖစ္ဆံုး အႏုပညာစံုတဲြ လုိ ့ေၿပာရင္ ေရႊထူး နဲ ့ေရႊမွံုရတီ ကို အရင္ဆံုးေၿပးၿမင္မိၾကမယ္ထင္ပါတယ္။ ခ်စ္သူသက္တမ္း လပိုင္းအနည္းငယ္သာရွိေပမယ့္ ခ်စ္မိသြားလုိ ့ဆိုတဲ့ စကားတခြန္းနဲ ့ ပရိသတ္ေတြကို အံ့ၾသစရာ မဂၤလာသတင္း ေၿပာၾကားခဲ့တဲ့ ေရႊထူး နဲ ့ေရႊမွံုရတီ ပါ။ ေနာက္ၿပီး သူတို ့၂ ေယာက္ဟာ ေရႊ ၂ ေရႊ ဆိုတဲ့ နာမည္ကိုလည္းရရွိခဲ့ပါေသးတယ္။ေရႊထူး နဲ ့ေရႊမွံုရတီ တို ့တဲြေနၾကၿပီဆုိတဲ့ ေကာလဟလ ေတြတက္လာၿပီးသိပ္မၾကာခင္မွာပဲ ၊ ေရႊမွံုရတီ ေကာ ၊ ေရႊထူး ေကာ ဓာတ္ပံုေတြ တခ်ိန္ထဲ ညွိၿပီး ေဖ့ဘြတ္ခ္ ေပၚတင္ခဲ့တာဟာလည္း ပရိသတ္ေတြအတြက္ အမွတ္ရေစခဲ့တဲ့အမွတ္တရပါပဲ။ ေရႊမွံုရတီ တင္ထားတဲ့ စံုတဲြ ဓာတ္ပံုေတြဟာ ရွဲ သူအေတာ္မ်ားသြားသလုိ ၊ အြန္လုိင္းမီဒီယာေတြေပၚမွာလည္း အေတာ္ကို လူေၿပာမ်ားခဲ့ပါတယ္။
ႏို၀င္ဘာ ၂၁ ရက္ေန့မွာ ေရႊလက္တဲြ ၿပီး မဂၤလာေဆာင္ ခဲ့ကာ ဥေရာပ ကို ၂ ေယာက္သား ဟန္နီးမြန္း ထြက္ခဲ့ပါတယ္။ မဂၤလာမွတ္တမ္း ဗီဒီယို မွာ ေရႊမွံုရတီ က မိဘ က သေဘာမတူေၾကာင္း ၊ သူ့လုိေယာက်ၤားမ်ိုးကို ရတာကံေကာင္းပါတယ္ လုိ ့ေရႊမွံု က ေၿပာခဲ့သလုိ ၊ ေရႊထူး ကလဲ တေလာက လံုးက ၀ိုင္းၿပီးေတာ့ မုန္းၿပီး ေၿပာဆိုခဲ့တဲ့အခ်ိန္မွာ ေရႊမွံု က စိတ္ဓာတ္မက်ပါနဲ ့လုိ့ေၿပာခဲ့တာအတြက္ ေက်းဇူးတင္ေၾကာင္းကို မွတ္မွတ္ရရ ေၿပာဆိုသြားပါတယ္။ အခုခ်ိန္မွာေတာ့ ၂ ေယာက္လံုးဟာ အႏုပညာလုပ္ငန္းေတြ ကိုယ္စီ ၿပန္လုပ္ေနၾကၿပီး ၊ ေရႊထူး ကလည္း ေရႊမွံု အတြက္ သီခ်င္းေတြ ေရးေပးေနတယ္လို ့အင္တာဗ်ဴးေတြမွာ ေၿပာထားပါတယ္။
ေ၀ဖန္ထုိးႏွက္မွုေတြ မ်ားသလို ၊ ခ်စ္တဲ့သူေတြလည္းမ်ားတဲ့ ေရႊထူး နဲ ့ေရႊမွံုရတီ တို ့ဟာ ၂၀၁၈ ရဲ့ ေပၚၿပဴလာ အၿဖစ္ဆံုး စံုတဲြ ၿဖစ္သြားတယ္ဆိုတာ အြန္လုိင္းမီဒီယာေပၚက သတင္းေတြက သက္ေသပါပဲ။ ေရႊထူး နဲ ့ေရႊမွံုရတီ တို ့ကို ပပ၀တီ မီဒီယာ က ဆုမြန္ေကာင္းေတာင္းေပးလုိက္ပါတယ္။
ေရႊထူး နဲ ့ေရႊမံွဳရတီ တုိ့ရဲ့ အမွတ္ရ ၿဖစ္စရာပံုေလးေတြကိုပါတင္ေပးလုိက္ပါတယ္။
Unicode
၂၀၁၈ ရဲ့ လူပြောအများဆုံး နဲ့ပေါ်ပြူလာ အဖြစ်ဆုံး အနုပညာစုံတွဲ လို့ပြောရင် ရွှေထူး နဲ့ရွှေမှုံရတီ ကို အရင်ဆုံးပြေးမြင်မိကြမယ်ထင်ပါတယ်။ ချစ်သူသက်တမ်း လပိုင်းအနည်းငယ်သာရှိပေမယ့် ချစ်မိသွားလို့ဆိုတဲ့ စကားတခွန်းနဲ့ ပရိသတ်တွေကို အံ့သြစရာ မင်္ဂလာသတင်း ပြောကြားခဲ့တဲ့ ရွှေထူး နဲ့ရွှေမှုံရတီ ပါ။ နောက်ပြီး သူတို့၂ ယောက်ဟာ ရွှေ ၂ ရွှေ ဆိုတဲ့ နာမည်ကိုလည်းရရှိခဲ့ပါသေးတယ်။
ရွှေထူး နဲ့ရွှေမှုံရတီ တို့တွဲနေကြပြီဆိုတဲ့ ကောလဟလ တွေတက်လာပြီးသိပ်မကြာခင်မှာပဲ ၊ ရွှေမှုံရတီ ကော ၊ ရွှေထူး ကော ဓာတ်ပုံတွေ တချိန်ထဲ ညှိပြီး ဖေ့ဘွတ်ခ် ပေါ်တင်ခဲ့တာဟာလည်း ပရိသတ်တွေအတွက် အမှတ်ရစေခဲ့တဲ့အမှတ်တရပါပဲ။ ရွှေမှုံရတီ တင်ထားတဲ့ စုံတွဲ ဓာတ်ပုံတွေဟာ ရှဲ သူအတော်များသွားသလို ၊ အွန်လိုင်းမီဒီယာတွေပေါ်မှာလည်း အတော်ကို လူပြောများခဲ့ပါတယ်။
နိုဝင်ဘာ ၂၁ ရက်နေ့မှာ ရွှေလက်တွဲ ပြီး မင်္ဂလာဆောင် ခဲ့ကာ ဥရောပ ကို ၂ ယောက်သား ဟန်နီးမွန်း ထွက်ခဲ့ပါတယ်။ မင်္ဂလာမှတ်တမ်း ဗီဒီယို မှာ ရွှေမှုံရတီ က မိဘ က သဘောမတူကြောင်း ၊ သူ့လိုယောင်္ကျားမျိုးကို ရတာကံကောင်းပါတယ် လို့ရွှေမှုံ က ပြောခဲ့သလို ၊ ရွှေထူး ကလဲ တလောက လုံးက ဝိုင်းပြီးတော့ မုန်းပြီး ပြောဆိုခဲ့တဲ့အချိန်မှာ ရွှေမှုံ က စိတ်ဓာတ်မကျပါနဲ့လို့ပြောခဲ့တာအတွက် ကျေးဇူးတင်ကြောင်းကို မှတ်မှတ်ရရ ပြောဆိုသွားပါတယ်။ အခုချိန်မှာတော့ ၂ ယောက်လုံးဟာ အနုပညာလုပ်ငန်းတွေ ကိုယ်စီ ပြန်လုပ်နေကြပြီး ၊ ရွှေထူး ကလည်း ရွှေမှုံ အတွက် သီချင်းတွေ ရေးပေးနေတယ်လို့အင်တာဗျူးတွေမှာ ပြောထားပါတယ်။
ဝေဖန်ထိုးနှက်မှုတွေ များသလို ၊ ချစ်တဲ့သူတွေလည်းများတဲ့ ရွှေထူး နဲ့ရွှေမှုံရတီ တို့ဟာ ၂၀၁၈ ရဲ့ ပေါ်ပြူလာ အဖြစ်ဆုံး စုံတွဲ ဖြစ်သွားတယ်ဆိုတာ အွန်လိုင်းမီဒီယာပေါ်က သတင်းတွေက သက်သေပါပဲ။ ရွှေထူး နဲ့ရွှေမှုံရတီ တို့ကို ပပဝတီ မီဒီယာ က ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ ရွှေထူး နဲ့ရွှေမံှုရတီ တို့ရဲ့ အမှတ်ရ ဖြစ်စရာပုံလေးတွေကိုပါတင်ပေးလိုက်ပါတယ်။