ကျွန်တော့်ဓာတ်ပုံတွေရှဲတဲ့ မိန်းကလေးတွေအားလုံးကို ချစ်ပါတယ် ပြောတဲ့ ဒေါင်း
လက်ရှိ MRTV မှာပြသနေတဲ့ ပုဂံမြို့သူ ဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေရဲ့အားပေးမှု၊ အထူးသဖြင့် ကောင်မလေးတွေရဲ့ သည်းသည်းလှုပ် အားပေးမှုကိုရရှိနေသူကတော့ ရုပ်ရှင်မင်းသား ဒေါင်းဖြစ်ပါတယ်။ ဒေါင်းဟာ အခုရုံတင်တော့မယ် လိပ်ပြာစံအိမ် ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင်သရုပ်ဆောင်ထားပြီး ရုပ်ရှင်စာနယ်ဇင်းရှင်းလင်းပွဲနေ့မှာ မီဒီယာတွေရဲ့ မေးမြန်းချက်များကို ဖြေကြားပေးခဲ့ပါတယ်။
ဒေါင်း ရဲ့ ပုံတွေကို ကောင်မလေးတော်တော်များများက ရှဲကြတာနဲ့ပတ်သတ်ပြီး သတင်းထောက်တယောက်ကမေးရာမှာ ဒေါင်း က အဲ့ကောင်မလေးတွေကို အရမ်းကျေးဇူးတင်ပါတယ် ၊ အားလုံးကို အရမ်းချစ်ပါတယ် ၊ ပြီးတော့ ကျွန်တော်ကံကောင်းတယ်လို့ပဲယူဆပါတယ် ၊ ကျွန်တော့်ကို ယုံကြည်စွာနဲ့အားပေးတဲ့အတွက် အများကြီးထပ်မံကြိုးစားသွားပါမယ် လို့ဖြေဆိုသွားခဲ့ပါတယ်။ယခု စာဖတ်ပရိသတ်တွေထဲမှာကော ဒေါင်းရဲ့ပရိသတ်တွေရှိတယ်မလား။ ဒေါင်းရဲ့ ပုံလေးတွေတင်ပေးလိုက်တယ်နော်။