မိုးေအာင္ရင္ အတြက္အယူခံဝင္မယ္လို႔ေျပာလိုက္တဲ့ ေအာင္ရင္

မူးယစ္ေဆးဝါး အမႈေၾကာင့္ ေထာင္ဒဏ္ ျပစ္ဒဏ္ ၁၇ ႏွစ္ ခ်ခံထားရတဲ့ မိုးေအာင္ရင္ အတြက္ အေဖ ျဖစ္သူ အဆိုေတာ္ ေအာင္ရင္ က အယူခံဝင္သြားမယ္လို႔သိရပါတယ္။ သားကို ေထာက္ပံ့ေပးႏိုင္ဖို႔ က်ေနာ့္မွာ အင္အားမရွိပါဘူး။ က်ေနာ့္ အသက္အခုပဲ (၅၅) ႏွစ္ ျပည့္ေတာ့မယ္၊ ေနာက္ထပ္ (၁၅) ႏွစ္ဆိုရင္ အသက္ (၇၀) ပါ။ ကြၽန္ေတာ္ သားကို အဲဒီအခ်ိန္အထိ ေထာက္ပံ့ေပးႏိုင္ပါ့မလား စိတ္ပူတယ္။ သားအတြက္ ေထာင္ဒဏ္ (၁၇) ႏွစ္ဆိုတာ ျပစ္မႈ နဲ႔ ျပစ္ဒဏ္ မမွ်တတာေၾကာင့္ အယူခံဝင္မယ္ လို႔ေျပာသြားတာျဖစ္ပါတယ္ေအာင္ရင္က ဆက္လက္ၿပီး ကြၽန္ေတာ့္သားကို ကြၽန္ေတာ္ ဘယ္တုန္းကမွ ဂုဏ္ေဖာ္ၿပီး မေျပာခဲ့ဖူးပါဘူး။ ဒါေပမယ့္ အခုႀကဳံလို႔ေျပာရရင္ ကြၽန္ေတာ့္သားကလည္း ငယ္ငယ္ကထဲက ဆိုးသြမ္းတဲ့ကေလးမဟုတ္ပါဘူး။ မိဘ အေပၚလည္း သိတတ္ပါတယ္။ အဲ့ဒီေန႔က အမိန႔္ခ်ေတာ့ ကြၽန္ေတာ္ေရာက္သြားေတာ့ သားေသသြားတာမဟုတ္တာ အေဖ ဆိုၿပီးသူကေတာ့ ကြၽန္ေတာ့္ကို စိတ္ဓာတ္ မက်ေအာင္ ျပန္အားေပးေနပါေသးတယ္။မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံထားခဲ့ရသည့္ သံသယျဖစ္စရာ တရားခံသုံးဦးအနက္ သ႐ုပ္ေဆာင္ မိုးေအာင္ရင္ တစ္ဦးတည္းကိုသာ အေရွ႕ပိုင္းခ႐ိုင္တရား႐ုံးက ေထာင္ဒဏ္ ၁၂ ႏွစ္ က်ခံေစရန္အတြက္ ျပစ္ဒဏ္ခ်မွတ္ခဲ့ျခင္းသည္ တရားမွ်တမႈ မရွိေသာေၾကာင့္ အဆိုပါျပစ္ဒဏ္အတြက္ အယူခံဝင္ေရာက္မည္ ျဖစ္ေၾကာင္း မိုးေအာင္ရင္၏ ဖခင္ျဖစ္သူ ဦးေအာင္ရင္က ဒီဇင္ဘာ ၁၆ ရက္ တြင္ Orchid Hotel ၌ ျပဳလုပ္ခဲ့သည့္ Orchid ေရေႏြးၾကမ္းစကားဝိုင္းတြင္ ေျပာၾကားခဲ့တာပါ။ မိုးေအာင္ရင္ ဟာ လက္ရွိအေၿခအေနမွာ ေထာင္ဒဏ္ စုစုေပါင္း ၁၇ ႏွစ္က်ခံရမယ့္အေနအထား ၿဖစ္ေနတာပါ။
ေအာင္ရင္ ဟာ ၿပီးခဲ့တဲ့အပတ္က အင္တာဗ်ဴးတခုမွာလည္း ကြၽန္ေတာ္ကေတာ့ သူ ေထာင္ကထြက္လာရင္ အႏုပညာဆက္မလုပ္ေစခ်င္ဘူး။ ဒါေပမဲ့ သူက လုပ္ခ်င္ပုံရတယ္။ သူက ေမြးၿပီး လူမွန္းသိစအ႐ြယ္က တည္းက စကားတတ္တဲ့အခ်ိန္ ဘာလုပ္မလဲေမးရင္ မင္းသားလုပ္မယ္ဆိုတာခ်ည္းပဲဆိုေတာ့ ကြၽန္ေတာ့္အထင္ ရသေလာက္ေတာ့ လုပ္ဦးမယ္ထင္တာပါပဲ လို႔ေျပာခဲ့ပါတယ္။
Unicode
မူးယစ်ဆေးဝါး မွုၿဖင့္ ထောင်ဒဏ် ပြစ်ဒဏ် ၁၇ နှစ် ချခံထားရတဲ့ မိုးအောင်ရင် အတွက် အဖေ ဖြစ်သူ အဆိုတော် အောင်ရင် က အယူခံဝင်သွားမယ်လို့သိရပါတယ်။ သားကို ထောက်ပံ့ပေးနိုင်ဖို့ ကျနော့်မှာ အင်အားမရှိပါဘူး။ ကျနော့် အသက်အခုပဲ (၅၅) နှစ် ပြည့်တော့မယ်၊ နောက်ထပ် (၁၅) နှစ်ဆိုရင် အသက် (၇၀) ပါ။ ကျွန်တော် သားကို အဲဒီအချိန်အထိ ထောက်ပံ့ပေးနိုင်ပါ့မလား စိတ်ပူတယ်။ သားအတွက် ထောင်ဒဏ် (၁၇) နှစ်ဆိုတာ ပြစ်မှု နဲ့ ပြစ်ဒဏ် မမျှတတာကြောင့် အယူခံဝင်မယ် လို့ပြောသွားတာဖြစ်ပါတယ်။
အောင်ရင်က ဆက်လက်ပြီး ကျွန်တော့်သားကို ကျွန်တော် ဘယ်တုန်းကမှ ဂုဏ်ဖော်ပြီး မပြောခဲ့ဖူးပါဘူး။ ဒါပေမယ့် အခုကြုံလို့ပြောရရင် ကျွန်တော့်သားကလည်း ငယ်ငယ်ကထဲက ဆိုးသွမ်းတဲ့ကလေးမဟုတ်ပါဘူး။ မိဘ အပေါ်လည်း သိတတ်ပါတယ်။ အဲ့ဒီနေ့က အမိန့်ချတော့ ကျွန်တော်ရောက်သွားတော့ သားသေသွားတာမဟုတ်တာ အဖေ ဆိုပြီးသူကတော့ ကျွန်တော့်ကို စိတ်ဓာတ် မကျအောင် ပြန်အားပေးနေပါသေးတယ်။
မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံထားခဲ့ရသည့် သံသယဖြစ်စရာ တရားခံသုံးဦးအနက် သရုပ်ဆောင် မိုးအောင်ရင် တစ်ဦးတည်းကိုသာ အရှေ့ပိုင်းခရိုင်တရားရုံးက ထောင်ဒဏ် ၁၂ နှစ် ကျခံစေရန်အတွက် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းသည် တရားမျှတမှု မရှိသောကြောင့် အဆိုပါပြစ်ဒဏ်အတွက် အယူခံဝင်ရောက်မည် ဖြစ်ကြောင်း မိုးအောင်ရင်၏ ဖခင်ဖြစ်သူ ဦးအောင်ရင်က ဒီဇင်ဘာ ၁၆ ရက် တွင် Orchid Hotel ၌ ပြုလုပ်ခဲ့သည့် Orchid ရေနွေးကြမ်းစကားဝိုင်းတွင် ပြောကြားခဲ့တာပါ။ မိုးအောင်ရင် ဟာ လက်ရှိအခြေအနေမှာ ထောင်ဒဏ် စုစုပေါင်း ၁၇ နှစ်ကျခံရမယ့်အနေအထား ဖြစ်နေတာပါ။အောင်ရင် ဟာ ပြီးခဲ့တဲ့အပတ်က အင်တာဗျူးတခုမှာလည်း ကျွန်တော်ကတော့ သူ ထောင်ကထွက်လာရင် အနုပညာဆက်မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူက လုပ်ချင်ပုံရတယ်။ သူက မွေးပြီး လူမှန်းသိစအရွယ်က တည်းက စကားတတ်တဲ့အချိန် ဘာလုပ်မလဲမေးရင် မင်းသားလုပ်မယ်ဆိုတာချည်းပဲဆိုတော့ ကျွန်တော့်အထင် ရသလောက်တော့ လုပ်ဦးမယ်ထင်တာပါပဲ လို့ပြောခဲ့ပါတယ်။