ဂျွန်လွင်ရဲ့ ကျွန်တော့်လက်နဲ့ ထိတာနဲ့ အောင်မြင်ပြီဆိုတဲ့စကား လူပြောများ
Unicode
မော်ဒယ် သရုပ်ဆောင် အနုပညာရှင်များကို သူ့ရဲ့ မော်ဒယ် အေဂျင်စီကနေ မွေးထုတ်ပေးခဲ့သူ ဂျွန်လွင် က အင်တာဗျူး တခု မှာ ကျွန်တော့်လက်နဲ့ထိတာနဲ့အောင်မြင်ပြီဆိုတဲ့စကားဟာ လူမှုကွန်ယက်ပေါ်မှာ လူပြောများနေပါတယ်။ MC နဲ့အင်တာဗျူး မှာ ဂျွန်လွင် က ကျွန်တော် ၈ တန်း ၊ ၁၃ နှစ်အရွယ် ဗေဒင်ဆရာ တယောက်က ကျွန်တော့်ဆီရောက်လာတယ်။ ကျွန်တော်ရဲ့လက္ခဏာမှာ မျဉ်းကြောင်း ၄ ကြောင်း သွားနေတာကိုတွေ့လိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်လက်နဲ့ထိရင် အဲ့ဒီလူက အောင်မြင်တယ် ဆိုပြီး ပြောခဲ့တာပါ။လတ်တလောမှာတော့ ဂျွန်လွင် ဦးစီးတဲ့ Myanmar International Fashion Week ကို Hexagon Complex မှာကျင်းပနေပါတယ်။ ဂျွန်လွင် ဟာ အခုဆိုရင် အသက် ၅၂ နှစ်ရှိပြီး တပည့်ပေါင်းမြောက်များစွာကိုမွေးထုတ်ပေးထားတဲ့ မော်ဒယ်အေဂျင်စီ ပိုင်ရှင်တဦးဖြစ်ပါတယ်။