ဖုန်းအားသွင်းနေစဉ် နားကြပ်တပ် သီချင်းနားမထောင်သင့်တဲ့သင်ခန်းစာ
Unicode
မလေးရှားနိုင်ငံ က ၊ အသက် ၁၆ နှစ်အရွယ် လူငယ်တဦးဟာ ဖုန်းအားသွင်းထားရင်း ၊ နားကြပ်တပ် သီချင်းနားထောင်ရာမှ မနက်မှာတော့ သေဆုံးနေတာကို အမေ ဖြစ်သူက တွေ့ရှိခဲ့ပါတယ်။ ဖြစ်စဉ်မှာ အသက် ၁၆ နှစ်အရွယ်ရှိ ၊ ဇာဟာရင် ဟာ အိပ်ရာဝင်တဲ့အချိန်မှာ ဖုန်းကို အားသွင်းရင်း ၊ Headphones ကိုအသုံးပြုကာ သီချင်းနားထောင်ရင်း အိပ်ပျော်သွားခဲ့တာပါ။ ေနာက္တေန့ာ အမေဖြစ်သူက သားဖြစ်သူကို အိမ်ပြန်လာတဲ့အချိန်မှာ နှိုးလို့မရတာကြောင့် ဆေးအဖွဲ့ကို အရေးပေါ် အကြောင်းကြားခဲ့ရာမှ ၊ လာရောက်စစ်ဆေးတဲ့အချိန်မှာ သေဆုံးနေကြောင်းအတည်ပြုခဲ့တာပါ။
ဆေးအဖွဲ့ရဲ့အတည်ပြုချက်အရ သေဆုံးသူ ကိုယ်ပေါ်မှာ ဒဏ်ရာတွေမရှိခဲ့ပဲ ၊ ဘယ်ဖက် နားမှ သွေးယိုစီးမှု ရှိသည်ကိုသာတွေ့ရှိခဲ့ပြီး ၊ အသေးစိတ် ပြန်လည်စစ်ဆေးပြီးမှာတော့ ဓာတ်လိုက်မှု ကြောင့် သေဆုံးခဲ့တယ်လို့အတည်ပြုခဲ့ပါတယ်။ မလေးရှား ရဲ့ လူမှုကွန်ယက်ပေါ် မှာတော့ ဒီဖြစ်ရပ် ကို သင်ခန်းစာ ယူပြီး ၊ ဖုန်းအားသွင်းနေတဲ့အချိန် တပြိုင်ထဲ နားကျပ်တပ် သီချင်းနားမထောင်ကြဖို့လှုံဆော်ပညာပေးနေကြပါတယ်။မြန်မာ ပြည်က သူငယ်ချင်း ၊ မိတ်ဆွေ တို့လည်း ဖုန်းအားသွင်းထားနေစဉ် ၊ နားကြပ်တပ် သီချင်းနားမထောင်ဖို့ဂရုတစိုက်ရှောင်ကျဉ်ကြစေရန် ပပဝတီ က ဘာသာပြန် ကာ ဝေမျှလိုက်ရခြင်းဖြစ်ပါတယ်။ကိုးကား – Daily Mail