Miss Grand Myanmar ပြိုင်ပွဲအကြောင်း ပြောလိုက်တဲ့ ထားထက်ထက်
Miss Grand Myanmar ပြိုင်ပွဲအကြောင်း ပြောလိုက်တဲ့ ထားထက်ထက်
Zawgyi
Unicode
Miss Grand Myanmar တွေက သရဖူလွှဲခွင့်မရဖို့များကျိန်စာမိနေသလား အောင့်မေ့ရတယ်။ ထားထက်ပြိုင်တဲ့ 2013 နှစ်ကတည်းကစလို့ အခု 2017 အထိဘယ်သူမှ သရဖူလွှဲခွင့်မရဘူး။ ထားထက်နှစ်မှာလဲ ပြသနာ အထွေအထူး အကြီးအမားမရှိပါပဲနဲ့ သရဖူလွှဲခွင့်မပေးဘူး။
မြန်မာနိုင်ငံက organizers တွေပြောင်းပြောင်းသွားတာ MUM ကတတိယမြောက်ပဲ။အခုဖြစ်တာကို မြင်ရသလောက်တော့ ပြိုင်ပွဲနားနီးမှ Miss ကို crown သိမ်းတယ်ဆိုဖြစ်တယ်။ဘာအကြောင်းရင်းကြောင့် သိမ်းတာလဲဆိုတဲ့အသေးစိတ်ကိုတော့အတိအကျမသိဘူး။ Facebook မှာပြောနေကြတဲ့ video ကြောင့်သိမ်းတယ်ဆိုတာလေ ထားထက်အမြင်တော့ ဒီတခုထဲအတွက်ကြောင့်တော့ သိမ်းတာမဖြစ်နိုင်ဘူးထင်တယ်။ video ကြောင့်ဆိုရင် တင်ပြီးတဲ့နေ့နောက်ရက်ထဲက ကြေညာချက်ထုတ်မှာပေါ့။ နောက်ထပ် ကိုယ်မသိတဲ့ အသေးမွှားကိစ္စလေးတွေရှိနိုင်ပါလိမ့်မယ်။ ဘယ်လိုပဲပြသနာတွေရှိရှိလေနော် အဆင်ပြေအောင်တော့ညှိနှိုင်းစေချင်မိတာအမှန်ပဲ။ သတိပေးစာတွေ ပေးပြီး အတိုင်းအတာတခုလောက်ထိ သတိပေးပြီးမှ လုပ်သင့်တယ်ထင်တယ်။ (Notice စာပို့ခြင်းရှိလားမရှိလားသေချာမသိပါ။)ခုလိုကျတော့ နှစ်ဖက်လုံးအတွက်နစ်နာတယ်လေ။ Miss ဖက်ကလဲဒီပွဲအတွက်တနှစ်လုံးအားခဲထားပြီး နီးမှ သဲထဲရေသွန်ဖြစ်ရတယ်။သူလဲဒီချိန် ဘာမှမဖြစ်သလိုနေပေမယ့် သူ့စိတ်ထဲမှာ ကြိုးစားသမျှ သဲထဲရေသွန်ဖြစ်ရလို့ စိတ်မကောင်းဖြစ်နေမယ် ခံစားမိတယ်။ Organization ဘက်ကလဲ အဆင်မပြေတာတွေ မဖြစ်သင့်တာတွေဖြစ်တယ်။နှစ်ဖက်စလုံးက ပြေလည်အောင်အလျှော့ပေးပြီးညှိနှိုင်းကြမယ်ဆိုရင် ဘယ်လောက်အဆင်ပြေလိုက်မလဲနော်။မြန်မာအတွက် ရလဒ်ကောင်းတွေထွက်လာနိုင်တာပေါ့။ဟုတ်ပါတယ် SES ကမျက်နှာကျ Strong ဖြစ်တယ်။ Body က train ထားပြီးသား perfect ဖြစ်နေတယ်။ Confidence ရှိတယ်။ English စာကောင်းတယ်။ခုသွားပြိုင်မယ့် ACM က မျက်နှာကျ အေးတယ်။ ရိုးတယ်။ Strong မဖြစ်ဘူး။ Body က ပွဲအတွက် train ထားတာမဟုတ်ဘူး သူ့အလုပ်နဲ့ ကျောင်းနဲ့ ဖြတ်သန်းနေတဲ့အချိန်၊ Confidence ကအပြည့်မရသေးဘူး။ English စာတော့ကောင်းပါတယ်။ (နိုင်ငံခြားမှာကျောင်းတတ်ပြီး ထမင်းစားရေသောက်ပြောနိုင်တဲ့သူနဲ့ မြန်မာနိုင်ငံမှာပဲသင်တန်းတွေတက်လေ့လာသင်ယူရတဲ့ သူနဲ့ကတော့ Skill တော့ကွာမှာအမှန်ပဲလေ)မှန်ပါတယ် မကြိုက်လို့လက်မခံလို့ ဝေဖန်ပြောဆိုကြတာ လက်ခံတယ်။ ဝေဖန်ပါ။ ဒါမယ့်ဒီမှာတင်သာပြောဆိုဝေဖန်ကြပါလို့တော့ တောင်းဆိုချင်မိတယ်။ ကိုယ်မကြိုက်ဘူး အားမပေးဘူးဆိုရင် Neglect လုပ်လိုက်ပါ။ အဲ မလုပ်နိုင်ဘူးဆိုရင်တော့လဲ တကယ် တာဝန်ရှိသူတာဝန်ယူနိုင်သူကိုသာရအောင်ပြောကြပါ။ အဲ့လိုမဟုတ်ပဲ ကြားကလူကို International Page တွေမှာအထိ မြန်မာလိုရော English လိုတွေပါ ဝိုင်းဆဲနေတာမြင်ရတော့ ကိုယ်လဲ မြန်မာတယောက်အနေနဲ့စိတ်မကောင်းဖြစ်မိတယ်။ မြန်မာတွေ မစည်းလုံးဘူး ကိုယ့်မြန်မာမိန်းကလေးကိုတောင်ဝိုင်းနှိပ်ကွပ်နေကြတယ်။ Body Shaming လုပ်နေကြတယ်လို့ အမြင်ခံရတာ မကောင်းပါဘူး။
ထားထက်အနေနဲ့မြင်တာကတော့ SES ကိုပယ်လိုက်တာကို သူ့ကိုပြန်ပြိုင်နိုင်အောင် ဘယ်သူလုပ်နိုင်တာလဲ? အဲ့လူကိုပဲ ဝိုင်းပြော ဆန္ဒပြကြပါလားနော်။ပြန်ပြိုင်ခွင့်ပေးအောင် Organization ဘက်ကိုရော SES ဘက်ကိုပါ ပြောရမှာလေ။ခုသူ့ကိုပေးမပြိုင်လို့တခြားတယောက်ထည့်တယ်။ ACM မဟုတ်ပဲ တခြားတယောက်ဆိုလဲ ဒီလိုပဲပြောဆိုကြမှာပဲမဟုတ်လား။ မိန်းကလေးတယောက်ကို ခုလိုဆဲဆိုပြောဆိုနေမယ့်အစား အားမပေးချင်ရင် မသိချင်ယောင်သာဆောင်ပေးလိုက်ကြပါလားနော်။Organization ဘက်ကအချိန်အရမ်းကပ်ပြီး ကြိုပြောထားခြင်း၊ ကြိုတင် Train ထားခြင်းမရှိတဲ့သူကို စီနီယာအကျဆုံးမို့ တာဝန်ပေးတာလို့ပြောပြီး ရုတ်တရက်ပြိုင်ခိုင်းတာတော့ အဲ့ပြိုင်ပွဲဝင်အပေါ် မထောက်ထား မငဲ့ညှာခြင်းလို့ပဲမြင်ပါတယ်။ မဖြစ်သင့်ဘူး။ Crown သိမ်းခြင်းအပေါ်တော့ အသေးစိတ်အတွင်းကျကျ သေချာမသိရတဲ့အတွက် မဝေဖန်တော့ပါ။ သို့ပေမယ့်လဲ အရမ်းကပ်တဲ့အချိန်မှာတော့ မဖြစ်သင့်တာအမှန်ပါပဲ။ဘယ်သူ့ဘက်ကမှပါလို့ပြောခြင်းမဟုတ်ပါ။ Miss Grand International ပွဲမှာပြိုင်ထားတဲ့ ဆုတွေလဲရခဲ့တဲ့ Senior တယောက်အနေနဲ့မနေနိုင်တော့လို့ မြင်တာကိုထောက်ပြဝေဖန်ခြင်းပါ။