အားလုံးကို အံ့အားသင့်အောင်လုပ်လိုက်ပြန်တဲ့ နေခြည်ဦးရဲ့ဖက်ရှင်
Beauty Blogger ကနေ အနုပညာလောကသို့တဟုန်ထိုးဝင်ရောက်လာတဲ့ နေခြည်ဦး ဟာ ၂၀၁၈ မှာလည်း မြန်မာပြည်ရဲ့ လူစိတ်ဝင်စားခြင်းခံရတဲ့ အနုပညာရှင်တဦးအဖြစ်ရပ်တည်နေသလို ၊ ဖက်ရှင် ပိုင်းမှာလည်း Paris Fashion Week အထိကို ဖိတ်ခေါ်ခံရတဲ့အနုပညာရှင်တဦးဖြစ်လာပါတယ်အခုလည်း ငပလီ ကမ်းခြေရောက်တုန်း နေခြည်ဦးကိုယ်တိုင် ဖေ့ဘွတ်ခ်မှာတင်ထားတဲ့ဓာတ်ပုံတွေဟာ လူကြည့်များနေပါတယ်။ နေခြည်ဦး ရဲ့ ပရိသတ်များကတော့ ဓာတ်ပုံတွေကို အရမ်းလန်းလို့ကြိုက်နေပါတယ်ဆိုသူကဆိုကြသလို ၊ ဓာတ်ပုံတွေဟာ အရမ်းကို ပေါ်လွန်းနေတယ်လို့ဝေဖန်သူတွေကလည်းရှိနေပြန်ပါတယ်။ အဲ့တော့ သင် က နေခြည်ဦး ရဲ့ ယခုလို ဖက်ရှင်ပုံတွေကို ပက်ပက်စက်စက် ကြွေတဲ့ ပရိသတ်တဦးလား ဆိုတာ လည်း ပြောသွားဦးနော်။