အိမ်စည့်ဘက်ကအာမခံနိုင်တာကတော့နိုင်ငံအတွက်အကောင်းဆုံးကိုယ်စားပြုခဲ့ပါမယ်
Unicode
ရွှေအိမ်စည် ဆို အားလုံးသိကြမှာပါ။ မော်ဒယ် နဲ့သရုပ်ဆောင် ရွှေအိမ်စည် ဟာ Miss Supranational Pageant ပြိုင်ပွဲကို မကြာခင်သွားရောက်ယှဉ်ပြိုင်တော့မှာပါ။ သူမဟာ လတ်တလော သရဖူ ပိုင်ဆိုင်ထားတဲ့ Miss Goldenland Myanmar 2018 လည်းဖြစ်ပါတယ်။ ရွှေအိမ်စည် က ပြိုင်ပွဲသို့သွားရောက်ယှဉ်ပြိုင်ရတဲ့ရည်ရွယ်ချက် နဲ့အကောင်းဆုံးကြိုးစားသွားမယ်လို့သူမရဲ့ ဖေ့ဘွတ်ခ်မှာ ယခုလိုရေးသားထားတာကို ပပဝတီ စာဖတ် ပရိသတ်ကြီးအတွက်ဖော်ပြလိုက်ပါတယ်။”အိမ်စည် Miss Supranational Pageant ကို သွားမယ့်ရည်ရွယ်ချက်က Crown ရပြီး နာမည်ကြီးဖို့အတွက် မဟုတ်ဘူး မြန်မာကို အကောင်းဆုံး ကိုယ်စားပြုနိုင်ဖို့ပဲ ရည်ရွယ်တယ်မြန်မာအမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းကို အကောင်းဆုံး ထုတ်ဖော်ပြသဖို့အတွက်ပဲ သွားရောက်မှာပါ။ အိမ်စည် Career မှာ အတိုင်းအတာတစ်ခု နေရာတစ်ခုရပြီး ရပ်တည်နေနိုုင်ပေမယ့် ဒီ Pageantry ကို ပြန်ဝင်လာတာကလည်း ကိုယ်ဝါသနာပါတဲ့အရာဖြစ်သလို Pageant Fan တွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့အတွက်ပါပဲ။
ပြိုင်ပွဲအတွက် အိမ်စည့်ကို Vote ပေးကြပါဦးတို့Like & Share လုပ်ပေးကြပါဦးဆိုပြီး Fan တွေကို တောင်းဆိုတာတွေ လုပ်မှာမဟုတ်ဘူးဆိုတာကိုလည်း ခုကတည်းက ကြိုတင်ပြီး အသိပေးထားချင်ပါတယ်။ ကြိုးစားမှုနဲ့ အရည်အချင်းကို အသိမှတ်ပြုရင် Fan တွေဘက်က သူ့အလိုလို အိမ်စည့်ကို အားပေးကြလိမ့်မယ်လို့ ယုံကြည်ထားပြီးသားပါ ခုချိန်ထိ အမြဲဝန်းရံပြီး ချစ်ပေးနေကြလို့လည်း ကျေးဇူးတင်ပါတယ်။ပြိုင်ပွဲမှာ ဆုပေးခြင်းမပေးခြင်းဟာ အဖွဲ့အစည်းနဲ့ ဒိုင်တွေရဲ့အပိုုင်းဖြစ်ပြီး ကိုယ့်အရည်အချင်းကို အကောင်းဆုံးချပြရမှာက အလှမယ်ရဲ့ အပိုုင်းဖြစ်တယ်။ဒါကြောင့် Crown ယူခဲ့ပါမယ်တို့ ဆုတွေသယ်လာပါ့မယ်တို့ ကိုယ့်အပိုင်းမဟုတ်တဲ့အရာတွေကို အာမခံချက်ပေးမှာမဟုတ်ပါဘူး။အိမ်စည့်ဘက်က အာမနိုင်တာကတော့ နိုင်ငံအတွက် အကောင်းဆုံး ကိုယ်စားပြုခဲ့ပါမယ် ဆိုတာပါပဲ။ကိုယ့်အပိုုင်းကိုယ်ပဲ အာမခံနိုင်ပါတယ်။Crown ရခဲ့ရင် နိုင်ငံတကာအဖွဲ့အစည်းနဲ့ လက်တွဲလုပ်ဆောင်ခွင့်ရပြီး Supra Brand ကို အိမ်စည့်အနေနဲ့ အကောင်းဆုံး Promote လုပ်ပေးနိုင်လိမ့်မယ်။ပြိုင်ပွဲမှာ အရည်အချင်းကို အသိမှတ်ပြုမခံခဲ့ရရင်လည်းQueen MGLM is Queen MGLM ပါပဲ ဒီထက် ပိုအောင်မြင်အောင် ကြိုးစားပြီး ပိုမိုတောက်ပတဲ့ အနာဂတ်တွေဟာ Queen MGLM အတွက် အမြဲရှိနေပါတယ်။ Fan တွေ စိတ်မပျက်စေရပါဘူး “လို့ရေးထားပါတယ်။