ရွှေအိမ်စည် အစား အေးချမ်းမိုး က Miss Grand International 2017 ပြိုင်ပွဲကိုသွားရောက်မည်ဟုကြေငြာ
အောက်တိုဘာလထဲမှာ ပြုလုပ်မယ့် Miss Grand International 2017 ပြိုင်ပွဲမှာ အလှမယ် ရွှေအိမ်စည် အစား Miss Universe Myanmar 2013 1st Runner up ဆုရှင် အလှမယ် အေးချမ်းမိုးက သွားရောက်ယှဉ်ပြိုင် မှာဖြစ်ကြောင်း အောက်တိုဘာ ၁ရက်နေ့မှာပြုလုပ်တဲ့ 6th Miss Universe Myanmar Congratulations Party မှာ ဒေါ်စိုးယုဝေက ကြေညာလိုက်ပါတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။
ရွှေအိမ်စည် ကတော့ သူမ ရဲ့ အွန်လိုင်းဖေ့ဘုတ် စာမျက်နှာပေါ်မှာ ဒေါ်စိုးယုဝေ နဲ ့Miss Universe Myanmar အဖွဲ့ အစည်းကို တုံ ့ပြန်ချက်တွေရေးသားထားပါသေးတယ်။ ပရိတ်သတ်တွေကတော့ ရွှေအိ်မ်စည် အတွက် မတရားဘူးခံစားရတယ်လို ့ဝေဖန်နေကြပြီး အချိန်တို အတွင်းဝင်ရောက်ယှဉ်ပြိုင်ရမယ့် အေးချမ်းမိုးကိုလည်း ချစ်လည်းချစ် ၊ စိုးရိမ်ပူပန်နေကြပါတယ်