ရွှေထူး အတွက် ရွှေမှုံရတီ ရဲ့မွေးနေ့ဆုတောင်း

Unicode
ရွှေထူး ရဲ့ ၂၆ နှစ်ပြည့်မွေးနေ့မှာ ရွှေထူး နဲ့ရွှေမှုံရတီ တို့စုံတွဲဟာ ပုဂံ သို့အလည်အပတ်ရောက်ရှိနေတာဖြစ်ပါတယ်။ ရွှေမှုံရတီ က သူမရဲ့ ဖေ့ဘွတ်ခ်မှာ ချစ်သူ ရွှေထူးအတွက် မွေးနေ့ဆုတောင်း ပေးထားတာကလည်း ချစ်စရာပါ။ အချစ်ရေးမှာ ဝေဖန်မှုတွေ ရှိနေပေမယ့် သူတို့၂ ယောက် တယောက်ကို တယောက် တအားချစ်နေတာကတော့ ဖေ့ဘွတ်ခ် ပေါ်မှာသူတို့ တင်ထားတဲ့စာလေးတွေကတော့သက်သေပါပဲ။ ရွှေမှုံရတီ ရေးထားတဲ့ ဆုတောင်လေးက For my birthday boy ကယ် အသည်းနှလုံး မွေးနေ့မှစ၍ ပိုပြီး စိတ်ချမ်းသာပါစေကျန်းမာရေးပိုကောင်းပါစေ ပရိတ်တွေပိုချစ်တဲ့ အနုပညာရှင်လေး ဖြစ်ပါစေ မိဘကိုလဲ ဒီထက်မက စိတ်ချမ်းသာအောင်ထားနိုင်ပါစေ မိဘကိုဒီထက်ပိုရှာကျွေးနိုင်ပါစေ သဲကိုလဲပိုချစ်နိုင်ပါစေ မိသားစု ပရိတ်သတ် ပြီးရင် အချစ်ဆုံးက သဲပဲဖြစ်ပါရစေ ပိုဂရုစိုက်နိုင်ပါစေ ဒီထက်ပိုချော့နိုင်ပါစေ သဝန်တိုတာလေးလဲ လျော့နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ် အများကြီးလဲချစ်တယ် ဒီထက်ပို ချစ်နိုင်အောင်လဲကြိုးစားနေပါတယ်  have a happy day my babe i’ll always be with u babe ဆိုပြီး ရေးထားတာပါ။ရွှေထူးကလည်း ရွှေမှုံရတီ ရဲ့ပိုစ့်အောက်မှာ ယခုလိုပြန်လည်ရေးထားပါတယ်။ ” ပေးတဲ့ဆုနဲ့ပြည့်ပါစေ စာကလေးရေ… မွေးနေ့တစ်နေ့လုံးကိုတူတူရှိနေပေးတာ အတိုင်းထက်အလွန်ကိုပျော်တယ်… မွေးနေ့လက်ဆောင်မလိုဘူး အတူရှိနေပေးတာမွေးနေ့လက်ဆောင်ပါပဲ ချစ်တယ်”။ လတ်တလောမှာတော့ ရွှေထူး နဲ့ရေမှုံရတီ ဟာ မြန်မာပြည်ရဲ့လူပြောအများဆုံး အနုပညာရှင်စုံတွဲဖြစ်လို့နေပါတယ်။ ပပဝတီ ပရိသတ်ကြီး ကကော ရွှေ စုံတွဲကို ချစ်ကြလား။