ရုပ်ရှင်ရိုက်ကွင်းကခပ်မိုက်မိုက် ပုံတွေတင်လိုက်တဲ့စိုးသူ
စိုးသူ ကတော့ ရုပ်ရှင်လောကသို့တကျော့ပြန်ခရီးမှာ စတိုင်မိမိနဲ့ရိုက်ကွင်းကပုံတွေကိုပရိသတ်တွေကြည့်ရန် ဖေ့ဘွတ်ခ်မှာတင်ထားပါတယ်။ တရားလား ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင်နေတဲ့ စိုးသူ ဟာ အခြားနာမည်ကျော် သရုပ်ဆောင်တွေဖြစ်တဲ့ ပြေတီဦး ၊ ဝတ်မှုံရွှေရည် တို့ နဲ့အတူသရုပ်ဆောင်မှာဖြစ်ပါတယ်။
ပုံထဲမှာ စိုးသူ နဲ့အတူ ဒါရိုက်တာ ကျောဇော်လင်းကို လည်းမြင်တွေ့ရမှာဖြစ်ပြီး ၊ စိုးသူ က ဆံပင်ရှည်ရှည် ၊ နှုတ်ခမ်းမွေးရေးရေး နဲ့စတိုင်မိလို့နေပါတယ်။ တခေတ်တခါ က ပျိုပျိုမေတွေရဲ့ပါးစပ်ဖျားမှာ အသဲစွဲဖြစ်ခဲ့တဲ့ စိုးသူ ဟာ အမေရိက မှာ အခြေချနေထိုင်ခဲ့အပြီး ၊ မြန်မာ ပြည်သို့ပြန်လာပြီးနောက်ပိုင်း အခုမှ ရုပ်ရှင်လောကသို့ပြန်လာရန်ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။ စိုးသူ ရဲ့ ရိုက်ကွင်းက လျှပ်တပြက်ရိုက်ချက်တွေ မိုက်လား ပရိသတ်ကြီး ။
စိုးသူ ရဲ့ ပရိသတ်တယောက်ကဆိုရင် “ဦးစိုး လန်းတယ်ေ ပျာ်တယ် ဦးစိုးပြန်ရိုက်တဲ့ဇာတ်ကားသစ်လေးကြည့်ရတော့မယ် အစစအရာရာအဆင်ပြေအောင်မြင်ပါစေ ” လို့စိုးသူ ကိုအားပေးထားပါတယ်။