၉ ကျော်လန်းတဲ့ပုံတွေတင်လိုက်တဲ့ နန်းသီရိမောင်
ပုံခပ်လန်းလန်းတွေ ရိုက်ပြီးတင်တတ်တဲ့ နန်းသီရိမောင် ကတော့ လုပ်ချလိုက်ပြန်ပါပြီ။ စွဲဆောင်မှုပြင်းတဲ့ ပုံတွေကို နန်းသီရိမောင် က ဖေ့ဘွတ်ခ် မှာ တင်ထားတာပါ။ မော်ဒယ် နန်းသီရိမောင် ဟာ ဖေ့ဘွတ်ခ်ပေါ်မှာ ရင်းရင်းနှီးနှီး စကားပြောတတ်သူဖြစ်ပြီး ၊ အခုတလော ပုံခပ်မိုက်မိုက်တွေဆက်တိုက်တင်နေသလို ၊ အားပေးတဲ့သူတွေလည်းများပါတယ်။ ပရိသတ်တယောက်ဆိုရင် ဖြစ်နိုင်ရင် ဒီpost ကို only me နဲ့တင့်စေ့ချင်တယ် ဝက်ကလေးနန်းရယ်၊ ပြီးမှ ကျွန်တော့်တစ်ယောက်ထဲ mention ခေါ် ဆိုပြီး ရေးထားတာတွေ့ရသလို ၊ နောက်တယောက်ကလဲ Jennifer lawrence လိုမျက်နှာနဲအသားရေကိုပိုင်ဆိုင်ပီး Beyonce`လို ခန္ဓာကိုယ်ကောက်ကြောင်းအလှကို ပိုင်ဆိုင်ထားတာ နန်းရယ် အယ်လယ် ဆိုပြီး ခပ်နောက်နောက်ရေးထားကြတာကိုတွေ့ရပါတယ်။ ဓာတ်ပုံတွေကြည့်လိုက်ဦးနော်။