ခိုင်သဇင်ယုဝါ နဲ့ ခိုင်သဇင်ငုဝါ တို့ ရဲ့ ကောင်းမြတ်တဲ့ မွေးနေ့ အလှူ


ဒီကျောင်းလေးက ရွာသာကြီး နှီးဘုရားနားမှာရှိပါတယ်

အမွှာညီအစ်မ ဖြစ်တဲ့ ခိုင်သဇင်ယုဝါ နဲ ့ခိုင်သဇင်ငုဝါ တို ့ဟာ မွေးနေ ့အလှူအဖြစ် မိသားစု နဲ ့အတူ ဝီဇယဒါယီသီလရှင်
သင်ပညာရေးကျောင်း မှာသွားပြီး လှူဒါန်း
ဖြစ်ခဲ့သောပုံရိပ်တွေကို အွန်လိုင်းစာမျက်နှာမှာတင်ထားတာကို တွေ ့ရမှာပါ
ဒါနဲ ့ပတ်သတ်ပြီး ခိုင်သဇင်ငုဝါ က ဒီလိုရေးထားပါတယ်

မနေ့ကမွေးနေ့မှာ သွားလှူတုန်းက သီလရှင်ကျောင်းက
ချစ်စရာ ဆရာလေးတွေနဲ့အမှတ်တရရိုက်ဖြစ်ခဲ့ပါတယ်
ဒီကျောင်းမှာ စာသင်ဆရာလေးတွေကြီးဘဲ အပါး ၁၀၀ ကျော်ရှိပါတယ်
မနေ့က မွေးနေ့အလှူအနေနဲ့ ဆရာလေးတွေကို
နေ့ဆွမ်းကပ်လှူခဲ့ပါတယ် နေ့ဆွမ်းအပြင် ဆရာလေးတွေ
အတွက် လိုအပ်မယ့် အမျိုးသမီး လစဉ်သုံးပစ္စည်းများ
ဖိနပ် စာအုပ် အတွင်းခံများ နဲ့ မုန့်များလှူဒါန်းခဲ့ပါသေးတယ်
ဒီကျောင်းလေးက ရွာသာကြီး နှှီးဘုရားနားမှာရှိပါတယ်
အလှူရှင်သိပ်မရှိတဲ့အတွက် တစ်ခါတလေဆိုရင် ဆွမ်းကို အသားမပါဘဲ ဟင်းသီးဟင်းရွက်နဲ့သာစားရပါတယ်
စာသင်ကျောင်းဖြစ်တဲ့အတွက် စာရေးကိရိယာများလဲ
လိုအပ်ပါတယ် ဒါကြောင့် အလှူရှင်သိပ်မရှိတဲ့
ဒီကျောင်းလေးမှာ သွားရောက်လှူဒါန်းလိုပါက
ဆက်သွယ်လှူဒါန်းလို့ရမယ့် လိပ်စာကဒ်လေးပါ
တွဲတင်ပေးထားပါတယ်နော်