ဖက်ရှင်ဂယက်ကြောင့်ရုပ်ရှင်အစည်းအရုံး ရဲ့သတိပေးမှုအကြောင်းကိုရှင်းပြတဲ့သင်ဇာဝင့်ကျော်
Unicode
ပြီးခဲ့တဲ့လအတွင်း သင်ဇာဝင့်ကျော် က ပွဲတခုသို့တက်ရောက်ရင်း ဝတ်ဆင်ခဲ့တဲ့ဖက်ရှင် ဟာ အတော်ကိုဂယက်ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး ရုပ်ရှင်အစည်းအရုံးကလည်း သင်ဇာဝင့်ကျော် ကိုခေါ်ယူဆုံးမသတိပေးခဲ့တဲ့ အကြောင်းတွေထွက်ပေါ်လာပါသေးတယ်။ ဒီအပတ်မှာ သင်ဇာဝင့်ကျော်က မီဒီယာတွေ ရဲ့မေးမြန်းမှုအပေါ် ယခုလိုဖြေကြားခဲ့ပါတယ် “ဦးဇင်ဝိုင်းကဖုန်းဆက်ခေါ်တယ်။ သမီးရေလာပါဦး ပြောစရာရှိလို့ဆိုပြီးဆက်လာတယ်။ ကိုယ်ကလည်း တလေးတစားနဲ့သွားဖြစ်တယ်ပေါ့နော်။ ကိုယ်ကလည်း အဲ့အဖြစ်ကိုရှင်းပြတယ်။ ဒါဟာတမင်သက်သက် လုပ်တာမဟုတ်ပါဘူး။ ဒီပုံကိုတင်လိုက်တဲ့အချိန်မှာပုံကို Exposure ကိုချရင်းလုပ်လိုက်လို့ ဖြစ်တာပါဆိုပြီး အဲ့လိုဖြစ်တာကိုသေချာရှင်းပြလိုက်တော့ တကယ်လုပ်တာမှ မဟုတ်တာဆိုတော့ အားလုံးက နားလည်ကြ ပါတယ်။ ပရိသတ်တွေက သင်ဇာကိုဘယ်သူတွေ ဘာဘဲလုပ်လုပ်နားလည်ပေးနေသေးတဲ့ အတွက်လည်း အရမ်းကိုအားရှိပါတယ်။ အရမ်းကို ကိုယ့်ကိုယ်ကို Confident ရှိပါတယ် ” လို့ဖြေဆိုသွားပါတယ်။
သင်ဇာဝင့်ကျော် ဟာ ဖက်ရှင်ခပ်လန်းလန်းတွေဝတ်တတ်လွန်းလို့ခဏခဏ ဝေဖန်ခံနေရသူလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး သင်ဇာက “ဝတ်စားဆင်ယင်မှုနဲ့ ပတ်သက်ပြီးဝေဖန်မှုတွေ အပေါ်မှာဘယ်လိုမှတုံ့ပြန်မှာမဟုတ်ပါဘူး။ ကိုယ်ကိုချစ်တဲ့ သူလည်းရှိမယ်။မုန်းတဲ့သူလည်းရှိမယ်။ ကိုယ်ကတော့ ကိုယ်ကိုချစ်တဲ့သူတွေ အတွက်ပဲ အလုပ်လုပ်တယ်။ သူတို့အတွက်ပဲ ကြိုးစားတယ်။ ကိုယ်ကိုမုန်းနေတဲ့သူတွေ အတွက်ကတော့ ဘာမှ ပြောစရာလည်းမရှိဘူး။ သူတို့အတွက်အလုပ်လုပ်နေတာမဟုတ်ဘူး။ကိုယ်ချစ်တဲ့ သူတွေအတွက်ပဲကြိုးစားနေပါတယ်။ အဓိကတော့ သင်ဇာ့ကိုချစ်တဲ့ ဘယ်သူမဆို သင်ဇာ့ရဲ့ ကာရိုက်တာကိုလည်း ဘာပဲလုပ်လုပ်ချစ်ကြတဲ့သူတွေပဲဆိုတော့ ဘယ်လိုနေ ဘယ်လိုထိုင် ကန့်ကွက်ပြီးပြောဆိုနေတာတွေတော့မရှိပါဘူး လို့ဖြေဆိုသွားပါတယ်။ သင်ဇာရဲ့ ပရိသတ်ကြီးကကော ဘယ်လိုအမြင်ရှိလဲ ဆိုတာပြောသွားဦးနော်။