သင်ဇာဝင့်ကျော် ကြိုက်တဲ့ ယောင်္ကျားပီသတာမျိုးဆိုတာ

ဖက်ရှင် အလန်း နဲ့ပရိသတ်တွေကြားမှာ ဂယက် ထအောင်လုပ်သွားတဲ့ သင်ဇာဝင့်ကျော် ကြိုက်တဲ့ ယောင်္ကျားလေး ပုံစံမျိုးက ဘယ်လိုမျိုးလဲ။ သင်ဇာဝင့်ကျော် က အင်တာဗျူး တခုမှာ ဘရတ် ပစ် နဲ့ကိုရီးယား မင်းသား ဂျွန်စော (Song Seung-heon ) တို့ဖြစ်တယ်လို့ဖြေဆိုထားတာကိုတွေ့ရပါတယ်။ သင်ဇာဝင့်ကျော်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ရက်ပိုင်း က ဂျွန်စော ရဲ့ ဓာတ်ပုံတွေကို ရှဲထားပြီး အိုပါး လို့ရေးထားတာကိုတွေ့ရပါတယ်။ ဒါဆို သင်ဇာ ကြိုက်တဲ့ အမျိုးသား ဆိုတာ ယောင်္ကျားပီပီသသ ဗလ တောင့်တောင့် နဲ့စတိုင်မိတဲ့ သူမျိုးကို ကြိုက်တယ်လို့ပြောလို့ရမယ်ထင်ပါတယ်။ ယောင်္ကျား လေး တယောက်က ကိုယ်ကြည့်လိုက်တဲ့ အချိန်မျိုး မှာစွဲဆောင်မှုရှိတယ်ဆိုကြိုက်ပါတယ် ၊ သူ့ဘာသူ ဘယ်လိုမျိုးပဲဖြစ်နေဖြစ်နေ ၊ အရပ်ပုပု ရှည်ရှည် ၊ ယောင်္ကျား ပီသရင် ကြိုက်ပါတယ်လို့8 Days နဲ့အင်တာဗျူး တခုမှာ ဖြေဆိုသွားပါတယ်။ ကဲ သင်ဇာဝင့်ကျော် ရဲ့ အကြိုက်ခံချင်ရင်တော့ စတိုင်မိရမယ် ၊ ယောင်္ကျားပီသရမယ် ၊ အပေါ်က ဘရတ် ပစ် နဲ့ဂျွန်စော တို့ရဲ့ စတိုင်တွေအတိုင်းသာ မိနေအောင် ကြိုးစားလိုက်တော့ ကွီးတို့ ၊ ညီလေးတို့။