သင္ဇာ၀င့္ေက်ာ္ ကို ဘယ္သူဆူလိုက္တာလဲ

ၿပီးခဲ့တဲ့ အပတ္က သင္ဇာ၀င့္ေက်ာ္ ရဲ့ အြန္လုိင္းေပၚမွာ ၀ုန္းဒိုင္းၾကဲ ဂယက္ ထသြားတဲ့ ဖက္ရွင္ကိစၥနဲ ့ပတ္သတ္ၿပီး ပရိသတ္တခ်ိဳ ့က ရုပ္ရွင္အစည္းအရံုး ဘာလုပ္ေနလဲလုိ ့ေမးခြန္းထုတ္လာမွုေတြရွိသလုိ ၊ မီဒီယာ တခ်ိဳ ့ကလည္း သတင္းလုိက္ေမးၿမန္းတာမ်ိဳးေတြရွိခဲ့ပါတယ္။ အခုဆိုရင္ေတာ့ ရုပ္ရွင္အစည္းအရံုး ဥကၠဌၿဖစ္သူ ဦးဇင္၀ိုင္း က မသင္ဇာ၀င့္ေက်ာ္ ကို ေခၚယူေတြ့ဆံုခဲ့ေၾကာင္း မီဒီယာေတြကိုေၿဖဆိုလုိက္ပါတယ္။ ေတြ့ဆံုရာမွာ ဒုဥကၠဌ ဦးေအးၾကဴေလး ၊ အတြင္းေရးမွဳး ၿဖစ္သူ ဦးညီညီထြန္းလြင္ ၊ ေနာက္တဲြဖက္အတြင္းေရးမွဳၿဖစ္တဲ့ ဦးေဇာ္ၿမင့္ဦးတို ့က သင္ဇာ၀င့္ေက်ာ္ ကို ဆံုးမ စကားေၿပာဆိုၿပီး အမ်ားအၿမင္မွာမသင့္ေတာ္တဲ့၀တ္စားဆင္ယင္ပံုမ်ိဳးကို ဆင္ၿခင္ဖို ့ဆံုးမ လုိက္ေၾကာင္းသိရပါတယ္။သင္ဇာ၀င့္ေက်ာ္ က ေတာင္းပန္ပါတယ္ ၊ ေနာင္ကိုလည္း မၿဖစ္ေအာင္ ထိန္းသိမ္းပါ့မယ္ဆိုၿပီး ကတိ ေပးသြားတယ္လုိ ့ဦးဇင္၀ိုင္း က ေၿပာဆိုလုိက္ပါတယ္။ သင္ဇာ၀င့္ေက်ာ္ က ေတာ့ အႏုပညာ လုပ္ငန္းေတြ အဆက္မၿပတ္ဆက္လက္လုပ္ကိုင္ေနၿပီး သူမရဲ့ ဖက္ရွင္နဲ ့ပတ္သတ္ၿပီး ခင္သဇင္ ၊ ေနၿခည္ဦး နဲ ့အၿခား သရုပ္ေဆာင္မ်ားကလည္း ကိုယ္ပိုင္လြတ္လပ္ခြင့္ လုိ ့ဆိုကာ ေထာက္ခံေၿပာဆိုခဲ့တာေတြကိုလည္းေတြ့ရပါတယ္။
ပြီးခဲ့တဲ့ အပတ်က သင်ဇာဝင့်ကျော် ရဲ့ အွန်လိုင်းပေါ်မှာ ဝုန်းဒိုင်းကြဲ ဂယက် ထသွားတဲ့ ဖက်ရှင်ကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်တချို့က ရုပ်ရှင်အစည်းအရုံး ဘာလုပ်နေလဲလို့မေးခွန်းထုတ်လာမှုတွေရှိသလို ၊ မီဒီယာ တချို့ကလည်း သတင်းလိုက်မေးမြန်းတာမျိုးတွေရှိခဲ့ပါတယ်။ အခုဆိုရင်တော့ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးဇင်ဝိုင်း က မသင်ဇာဝင့်ကျော် ကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း မီဒီယာတွေကိုဖြေဆိုလိုက်ပါတယ်။ တွေ့ဆုံရာမှာ ဒုဥက္ကဌ ဦးအေးကြူလေး ၊ အတွင်းရေးမှုး ဖြစ်သူ ဦးညီညီထွန်းလွင် ၊ နောက်တွဲဖက်အတွင်းရေးမှုဖြစ်တဲ့ ဦးဇော်မြင့်ဦးတို့က သင်ဇာဝင့်ကျော် ကို ဆုံးမ စကားပြောဆိုပြီး အများအမြင်မှာမသင့်တော်တဲ့ဝတ်စားဆင်ယင်ပုံမျိုးကို ဆင်ခြင်ဖို့ဆုံးမ လိုက်ကြောင်းသိရပါတယ်။
သင်ဇာဝင့်ကျော် က တောင်းပန်ပါတယ် ၊ နောင်ကိုလည်း မဖြစ်အောင် ထိန်းသိမ်းပါ့မယ်ဆိုပြီး ကတိ ပေးသွားတယ်လို့ဦးဇင်ဝိုင်း က ပြောဆိုလိုက်ပါတယ်။ သင်ဇာဝင့်ကျော် က တော့ အနုပညာ လုပ်ငန်းတွေ အဆက်မပြတ်ဆက်လက်လုပ်ကိုင်နေပြီး သူမရဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီး ခင်သဇင် ၊ နေခြည်ဦး နဲ့အခြား သရုပ်ဆောင်များကလည်း ကိုယ်ပိုင်လွတ်လပ်ခွင့် လို့ဆိုကာ ထောက်ခံပြောဆိုခဲ့တာတွေကိုလည်းတွေ့ရပါတယ်။
ကိုးကား – Duwun, MC