နန်းစန္ဒာလှထွန်း ရဲ့ ပွဲတက်ဖက်ရှင်
အရိပ် ဇာတ်လမ်းတွဲ နဲ့အတူ ပရိသတ်တွေသိလာတဲ့ နန်းစန္ဒာလှထွန်း ဟာ Miss Myanmar World 2018 Final ပွဲသို့တက်ရောက်ခဲ့တဲ့ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ လူပြောများနေပါတယ်။  ဒါနဲ့ပတ်သတ်ပြီး နန်းစန္ဒာလှထွန်း က မီဒီယတွေကို ဖြေကြားရာမှာ Online မှာ ပြန့်နေတဲ့ ဖက်ရှင်ဝတ်စုံရဲ့ ဖော့ခွက် အရောင်က အသားရောင်မို့ ထင်ယောင်ထင်မှား ဖြစ်နေကြတာပါ လို့ဖြေဆိုထားပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ အရှ အတိုင်း ခန္ဓာကိုယ်ကို သဘောကျပါတယ်။ လူတခြား ပစ္စည်းတခြား ဖြစ်နေမှာ စိုးလို့ ဆီလီကွန်ထည့်ဖို့ အစီအစဉ် မရှိပါဘူး လို့လည် ထပ်လောင်းဖြေဆိုခဲ့တာကိုတွေ့ရပါတယ်။ဒီဝတ်စုံ ဝတ်ဖြစ်သွားတာနဲ့ပတ်သတ်ပြီး Miss ပြိုင်ပွဲတွေမှာ အတော်များများက Evening Gown တွေဝတ်ကြလို့ ဝတ်ဖြစ်သွားတာပါ။ ကိုယ်တိုင်က သွားမယ့်နေရာနဲ့ လိုက်ဖက်တာကို ဝတ်တတ်တယ်။ နေရာဒေသအလိုက် ဝတ်ဆင်တာ ကြောင့် ပရိသတ်ကြီးလည်း နားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်လို့ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။
ဖေ့ဘွတ်ပေါ်မှာလည်း နန်းက လူပဲလေ ဒီလိုပဲပြောနေကြဆိုနေကြမှာပဲ အနုပညာရှင်ဆို တော့ ပိုလို့ဆိုးပေါ့ ဒါပေမယ့်ဘာကိုမှဂရုမစိုက်နိုင်ပါဘူး ၊ ကိုယ့်ကိုချစ်တဲ့သူတွေကို ပြန်ချစ်နေရတာနဲ့မအားလို့ ဆိုပြီး ချစ်စဖွယ်တုံ့ပြန်ထားပါတယ်။