ရွှေဘိုသူနဲ့ အတွေ့မှာ အနမ်းဗုံးကြဲခံလိုက်ရတဲ့စိုင်းစိုင်း
ဒို့ကိုကြီး စိုင်းကတော့ အရွယ်လည်းတင် ၊ လူချစ်လူခင် လည်းများဆဲ အနုပညာရှင် တယောက်ဖြစ်နေဆဲဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ ဒီနေ့မှာတော့ စိုင်းစိုင်း က ရွှေဘို မြို့သို့သွားရောက်ပြီး ၊La La ဆိုင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။ဒါပေမယ့် တကယ်အမှတ်မထင်ဖြစ်သွားတာကတော့ စိုင်းစိုင်း ပြန်အထွက်မှာ စိုင်းစိုင်း ကို လူအုပ်ကြားထဲက ကောင်မလေး တယောက် ဆွဲခေါ်ပြီး အနမ်းဗုံး ကြဲလိုက်တာကတော့ စိုင်းစိုင်း အတွက် ရင်ခုန်စရာအတွေ့အကြုံတခု ဖြစ်သွားမလားပါပဲ။ စိုင်းစိုင်း ကတော့ တောဂေါ်လီ သီချင်းထဲကလို တောဂေါ်လီ မဖြစ်ပဲ တောဂေါ်လီမလေးရဲ့ အနမ်းခြွေခြင်းကိုခံလိုက်ရတဲ့ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ဂယက်ထတဲ့ထအောင်မြင်နေတာကိုတွေ့ရပါတယ်။