အွန်လိုင်းတွေပြန့်နေသော ဓာတ်ပုံများမှာရည်းစား မဟုတ်ကြောင်းရှင်းလိုက်တဲ့နေတိုး

အွန်လိုင်းတွင်ပြန့်နှံ့နေသည့် နေတိုး နဲ့နေတိုးရဲ့ ချစ်သူ ဆိုသော ဓာတ်ပုံများမှာ မဟုတ်မှန်ကြောင်း နှင့် ရုပ်ရှင်သရုပ်ဆောင်မင်းသမီးသာဖြစ်ကြောင်းကို နေတိုး ကရှင်းပြလိုက်ပါတယ်။ နေတိုးက “လက်ရှိ ထွက်ပေါ်နေသော သတင်းမှာမဟုတ်မမှန်ကြောင်းနဲ့ ပုံပါ မင်းသမီးမှာ Rose Riders ရုပ်ရှင်ကားမှမင်းသမီးများသာဖြစ်ပါကြောင်းပရိသတ်များသို့ လေးစားစွာ အကြောင်းကြားရင်း” လို့ရေးကာ အောက်ပါ ဓာတ်ပုံများနဲ့တွဲလျက်တင်ထားတာဖြစ်ပါတယ်။နေတိုးရဲ့ အချစ်ရေး ဟာ ပရိသတ်တွေအလွန်စိတ်ဝင်စားနေတဲ့ကိစ္စဖြစ်သလို ၊ မီဒီယာများကလည်း တွေ့တိုင်းဆိုသလို နေတိုး ကို မေးနေတာကြောင့် နေတိုးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ချစ်သူရှိနေပြီ ၊ သရုပ်ဆောင်လောက ကသူမဟုတ်ကြောင်းကို ဖြေဆိုထားပါတယ်။
နေတိုးရဲ့ ယခုသတင်းနဲ့ပတ်သတ်ပြီး ပုံအောက်မှာ ရေးထားသူတချို့ရဲ့ကွန့်မန့်တွေကတော့ ရီစရာပါ။ “တော်သေးတာပေါ့ ခုနက ပုံတွေ တတ်လာတာ ထမင်းတောင် မစားနိုင်ဘူး။ ခုမှ သွားပြန်စားတော့မယ်။” “ကိုကိုရယ် သဲမှာတော့ငိုလက်ရတာရူးနေတာဘဲကိုကိုများရက်စက်သွားပြီလားလို သဲဘဝမှာရူးခါနေအောင်ချစ်ရတာ ကိုကို တယောက်ထဲပါ ယုံပါနော် ချစ်လွန်းလို့ ရင်ကွဲရတော့မယ်” လို့ရေးသူကရေးနဲ့ပွဲစည်နေပါတယ်။