ႏွလံုးသားကို တံခါးပိတ္ၿပီးေနရေလာက္တဲ့အထိ အသည္းမမာဘူးဆိုလာသူ ခင္သဇင္

ႏွလံုသားကုိ တံခါးပိတ္ၿပီးေနရေလာက္တဲ့အထိ အသည္းမမာဘူးဆိုလာသူကေတာ့ ခင္သဇင္ ပါ။
စီးပြားေရး လည္းလုပ္ ၊ ပညာလည္းရွာ ၊ ဖက္ရွင္ နဲ ့အႏုပညာပိုင္းမွာလည္း ၾကိဳးစားေနတဲ့ ခင္သဇင္ က ေပၚၿပဳလာ ဂ်ာနယ္သို ့
ေၿဖၾကားရာမွာ တေယာက္တည္းပဲ ေနသြားမယ္ဆိုတာ ခ်စ္သူမထားေတာ့ဘူးဆုိတာမ်ိဳးေတာ့မဟုတ္ပါဘူူး။ အိမ္ေထာင္မၿပဳတာကိုေၿပာတာ။
ခ်စ္သူကေတာ့ ရွိရင္လည္းရွိလာမယ္ ၊ မရွိရင္လည္းမရွိလာဘူးေပါ့။ ဒါၾကီးကိုပဲ အတင္းအက်ပ္ၾကီး ႏွလံုးသားကို တံခါးပိတ္ၿပီးေနရေလာက္တဲ့အထိ
အသည္းမမာပါဘူး။ အိမ္ေထာင္မၿပဳပဲေနၿဖစ္သြားမယ္လုိ ့ပဲ ထင္တာပဲ လုိ ့ေၿဖဆိုခဲ့တာပါ။

ခင္သဇင္ ဟာ ၿမန္မာ၀တ္စံု ေလးေတြကို လွလွပပခ်ဳပ္၀တ္တတ္သလို ၊ ေခတ္မွီဖက္ရွင္ေတြကိုလည္းစတိုင္က်က် ၀တ္စားတတ္သူလုိ ့ပရိသတ္
ေတြက ခ်ီးက်ဴးၾကတဲ့ အႏုပညာရွင္တဦးၿဖစ္ပါတယ္။

နှလုံသားကို တံခါးပိတ်ပြီးနေရလောက်တဲ့အထိ အသည်းမမာဘူးဆိုလာသူကတော့ ခင်သဇင် ပါ။
စီးပွားရေး လည်းလုပ် ၊ ပညာလည်းရှာ ၊ ဖက်ရှင် နဲ ့အနုပညာပိုင်းမှာလည်း ကြိုးစားနေတဲ့ ခင်သဇင် က ပေါ်ပြုလာ ဂျာနယ်သို ့
ဖြေကြားရာမှာ တယောက်တည်းပဲ နေသွားမယ်ဆိုတာ ချစ်သူမထားတော့ဘူးဆိုတာမျိုးတော့မဟုတ်ပါဘူူး။ အိမ်ထောင်မပြုတာကိုပြောတာ။
ချစ်သူကတော့ ရှိရင်လည်းရှိလာမယ် ၊ မရှိရင်လည်းမရှိလာဘူးပေါ့။ ဒါကြီးကိုပဲ အတင်းအကျပ်ကြီး နှလုံးသားကို တံခါးပိတ်ပြီးနေရလောက်တဲ့အထိ
အသည်းမမာပါဘူး။ အိမ်ထောင်မပြုပဲနေဖြစ်သွားမယ်လို ့ပဲ ထင်တာပဲ လို ့ဖြေဆိုခဲ့တာပါ။

ခင်သဇင် ဟာ မြန်မာဝတ်စုံ လေးတွေကို လှလှပပချုပ်ဝတ်တတ်သလို ၊ ခေတ်မှီဖက်ရှင်တွေကိုလည်းစတိုင်ကျကျ ၀တ်စားတတ်သူလို ့ပရိသတ်
တွေက ချီးကျူးကြတဲ့ အနုပညာရှင်တဦးဖြစ်ပါတယ်။