ဂျပန်မှာ ဗိုက်ဖော်ဝတ်တဲ့ဖက်ရှင်နဲ့ အမ်ဆိုင်းလု ကို ဘာကြောင့်ဝေဖန်နေကြသလဲ
ကချင်မော်ဒယ် အမ်ဆိုင်းလု က ဂျပန် နိုင်ငံ တိုကျို မြို ့သို ့အလည်အပတ်ရောက်ရှိနေပါတယ်။
သူမရဲ့ အွန်လိုင်းစာမျက်နှာ မှာတင်ထားတဲ့ပုံတွေဟာ ဝေဖန်မှုတွေနဲ ့ကြုံနေရပါတယ်။ ဂျပန် ရောက်မြန်မာ တချို ့က
ဂျပန် မှာတောင် လူတွေအသွားအလာများတဲ့နေရာမှာ ဒီလို ဖော်တဲ့ ဖက်ရှင်မျိုးကို ဂုဏ်ယူပြီးမဝတ်ကြပဲ ပါတီ လိုမျိုးနေရာမှာသာ
၀တ်ကြတယ်လို ့ဝေဖန်ထောက်ပြနေကြပါတယ်။
ဂျပန် က ဆရာမ ယုမိကို ကတော့လတ်တလောဖြစ်ရပ်နဲ ့ပတ်သတ်ပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်မှာ မှတ်ချက်ပေးထားပါသေးတယ်။
ဂျပန်မှာလည်းမော်ဒယ်လ်မတွေနာမည်ကြီးကော နာမည်လူမသိကော အများကြီးမှအများကြီးပါ။
ဒါပေမယ့် တော်ရုံမဖော်ကြဘူး..။ ဘာလို့မဖော်သလဲဆိုတော့ အပေါစားဖြစ်မှာစိုးလို့..။ အလကားနေရင်းထုတ်ပြနေရင် အပေါစားဖြစ်တာပေါ့..ဟုတ်ဘူးလား..။ Night out Partyမို့ အလန်းတွေဝတ်ရရင်တောင် လူကြားသူကြားသွားလာရင် အပေါ်ခြံုလောက်တော့ခြံုထားတတ်ကြတယ်..။ လူမြင်တင့်တယ်အောင်ပေါ့..။ Partyလိုနေရာရောက်မှ သူလည်းချွတ် ငါလည်းချွတ် အကုန်ချွတ်လည်း ပြဿနာမရှိဘူးလေ..။
ဂျပန်မော်ဒယ်လ်နာမည်ကြီးတွေဆိုရင် လူတကာရှေ့မှာဓာတ်ပုံအလကားရိုက်ယူသွားမှာစိုးလို့ ဖော်ပြီးဝတ်မပြဘူး..။တီဗီတွေ မီဒီယာတွေမှာ ပိုက်ဆံလှိမ့်ဝင်မယ့်နေရာတွေကျမှ အပီအပြင်ဖော်ဝတ်ပြတာ..။
သူတို့ရဲ့ကိုယ့်ကိုယ်ကိုယ်တန်ဖိုးတက်အောင်လုပ်နည်းက အလကားမပြတာပဲ..။
အဲဒါဆို ဖော်လျှောက် ချွတ်လျှောက်နေတဲ့ ဂျပန်မတွေရှိပါတယ်..အကုန်တောင်ပေါ်တော့မယ်..အဲဒါဘာတွေလဲ..လို့လာမေးမလို့မဟုတ်လား။
အမ်ဆိုင်းလု ရဲ့ အလန်းဖက်ရှင် ကို ထောက်ခံတဲ့သူတွေရှိသလို ၊ ဂျပန် ရဲ့ ယဉ်ကျေးမှု နဲ ့နေရာအလိုက်ဝတ်စားဆင်ယင်မှုရှိပုံကို ကြိုပြီးနားလည်အောင်
လုပ်သင့်တယ်လို ့ပြောတဲ့သူတွေလည်းရှိပါတယ်။ ပပဝတီ ပရိသတ်ကြီးကကော