ကျက်သရေရှိစွာလှနေတဲ့ဝတ်မှုံရွှေရည် ရဲ့ဖက်ရှင်ဝတ်စုံလေးအကြောင်း
ပရိသတ်အချစ်တော် မင်းသမီး ဝတ်မှုံရွှေရည် က ဒဏ္ဍာရီမိုး ရုပ်ရှင် သစ်မှာ ပါဝင်သရုပ်ဆောင်မယ်လို့သိရပါတယ်။ ကန်တော့ပွဲပေးအခမ်းအနားကို တက်ရောက်လာတဲ့ ဝတ်မှုံရွှေရည် ဖက်ရှင်လေးဟာ ယဉ်ယဉ်လေးနဲ့ကျက်သရေရှိလို့ နေပါတယ်။ ဝတ်မှုံရွှေရည် က နောက်တော့ ဒါကိုရှင်းပြထားပြီး “Antique look လေးတွေ ဓာတ်ကျ နေကြလို့ ရှေးခေတ်က နာမည်ကြီးမင်းသမီး အန်တီ ‘ဝင်းမင်းသန်း’ ရဲ့ ပုံလေးကို inspired ယူပြီးမေဦးကဖန်တီးပေးထားတဲ့ look လေးပါ လို့ရေးထားပါတယ်။ ပြီးတော့ မိတ်ကပ် မေဦး ကို ကျေးဇူးတင်ကြောင်းလည်း ယခုလို ရေးထားပါတယ်။ “Thank u so much Makeup May Oo Offical for always making me classy & beautiful. ” ဓာတ်ပုံတွေကတော့ ကိုနေမင်းထွန်း (Amazing Grace) က ရိုက်ကူးပေးထားတာဖြစ်ပါတယ်။ ဝတ်မှုံရွှေရည် ကို ကန်တော့ပွဲမှာ မင်းသားသုံးလက်ဖြစ်တဲ့ ရဲတိုက် ၊ ရွှေထူး ၊ ဒေါင်းတို့နဲ့အတူ ရယ်ရယ်မောမော တွေ့ရပါတယ်။