ဖက်ရှင်ရိုရိုးလေးနဲ့ လည်းချစ်ဖို့ ကောင်းနေတဲ့ အိချောပို

အိချောပို က ယနေ့အတွက် ရိုးရိုးရှင်းရှင်းဖက်ရှင်လေးနဲ့လှနေတဲ့ပုံလေးတွေကို ဆဲဖီ ရိုက်ချက်တွေကော ၊ အလှပုံတွေကော နေရာစုံကနေရိုက်ကာ ပရိသတ်တွေအတွက် ဓာတ်ပုံတွေတင်ထားပါတယ်။ စူစူ လို့လည်း သိတဲ့ အိချောပို က ရုပ်ရှင်ဇာတ်ကားတွေမှာ မနားတမ်း သရုပ်ဆောင်နေရတဲ့ မင်းသမီးတလက်ဖြစ်ပါတယ်။
အနုပညာလှုပ်ရှားမှုတွေအနေနဲ့ဒါရိုက်တာပြည်ဟိန်းသီဟ ရိုက်ကူးမယ့် “အချစ်နှစ်” ရုပ်ရှင်ကားမှာသရုပ်ဆောင်ဖို့ရှိတယ်လို့သိရပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရုပ်ရှင်ကန်တော့ပွဲသို့တက်ရောက်ခဲ့ပါသေးတယ်။ အိချောပို ရဲ့ ဓာတ်ပုံလေးတွေကို ကြိုက်နှစ်သက်တယ်ဆို တခုခုပြောသွားနော်။