ယူတို့ကြောင့်ပျော်နေတယ်လို့ ပြောတဲ့ အောန်ဆိုင်း

ယူတို့ကြောင့် အိုင်ပျော်နေတယ်လို့ဆိုသူကတော့ နာမည်ကြီးမော်ဒယ် အောန်ဆိုင်း ပါ။ အခုလိုရေးပြီး အောန်ဆိုင်း က ပုံမိုက်မိုက်လေးတွေ တင်ထားပါတယ်။ ဒီနေ့ မှာပဲ အောန်ဆိုင်း က ရုပ်ရှင်ကားကြီးမှာ သရုပ်ဆောင်သင့်မသင့် ၊ ပရိသတ်တွေဆီက အကြံညဏ်တောင်းထားပါသေးတယ်။ ပရိသတ်တွေ နဲ့အတူ အနုပညာရှင်တွေကပါ အောန်ဆိုင်း ကို အားပေးစကားတွေပြောလို့အောန်ဆိုင်းက ဝမ်းသာနေပုံပါ။အောန်ဆိုင်း ရေးထားတာကတော့ ဒီလိုပါ “ရုပ်ရှင်ကားကြီး ရိုက်သင့်မရိုက်သင့်အကြံညဏ်လေးတွေပေးကြပါအုန်း အရင် တုန်းကတော့ အဲဘက်ကိုအာရုံးမရခဲ့ဘူး ခုတော့ ကို့ကို စိတ်ဝင်စားစေတဲ့ အချက်လေးတွေရှိနေလို့။ Model တစ်ယောက်အဖြစ်ဘဲ ဆက်ရပ်တည်ကြိုးစားသွားမှာပါ ကြားဖြတ်ကြော်ငြာဝင်ရုံလေး” ဆိုပြီးရေးထားတာပါ။ ပရိသတ်ကြီးကကော အောန်ဆိုင်း သရုပ်ဆောင် မင်းသမီးလုပ်မယ်ဆိုရင် အားပေးမှာလားဆိုတာ ပြောသွားဦးနော်။

မိတ်ကပ် – မေဦး  ဓာတ်ပုံ – ဥက္ကာ ဖက်ရှင် – Patrick Hseng
Source:  Awn Seng