စင်ကာပူဂီတပွဲတော်မှာသူငယ်ချင်းတွေနဲ့ အတူစိတ်လွတ်ကိုယ်လွတ်ပျော်ခဲ့တဲ့ဝတ်မှုံရွှေရည်
ပရိသတ်ရဲ့အချစ်တော်မင်းသမီး ဝတ်မှုံရွှေရည်ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာစင်ကာပူသို့ရောက်ရှိနေပြီး ၊ Ultra Singapore ဂီတပွဲတော်မှာ သူငယ်ချင်းတွေနဲ့အတူကဲခဲ့တယ်လို့သိရပါတယ်။ ဝတ်မှုံရွှေရည် က
ချစ်ပရိသတ်တွေအတွက် အလုပ်တွေပြန်မစခင် ဘော်ဘော်တွေနဲ့ ခေတ္တခုန်ပေါက်ပါရစေနော် ဆိုပြီး ဓာတ်ပုံတွေတင်ထားတာပါ။ ဒီပွဲကိုတက်ရောက်ဖို့အတွက် Mercedes က sponsor ပေးတာလို့လည်းရေးထားပါတယ်။ ဝတ်မှုံရွှေရည်က ဒုတိယ နေ့ မှာလည်းပွဲကိုတက်ရောက်ခဲ့ပြီး ကစ်နဲ့ကစ်သူငယ်ချင်းတွေအားလုံးကို အစစအရာရာ အဆင်ပြေအောင်စီစဉ်ပေးတဲ့ Mercedes Myanmar မှသူများအားလုံးကိုကျေးဇူးပါရှင့်။ နောက်နှစ်တွေလည်း ဆုံချင်ပါတယ်လို့(စ်) သူမရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်မှာရေးထားတာပါ။ဝတ်မှုံရွှေရည် ကတော့ လူငယ်လေးလို သွက်လက်ပေါ့ပါးနေတဲ့ပုံရိပ်လေးတွေနဲ့အတူဖက်ရှင်စတိုင်မိုက်မိုက်လေးတွေကိုလည်း ဓာတ်ပုံတွေထဲမှာတွေ့ရမှာပါ။