ဆွဲဆောင်မှုအပြည့်နဲ့ ဖွေးဖွေးရဲ့ ပွဲတက်ဖက်ရှင်


Unicode
ဖွေးဖွေး ရဲ့ Samsung Music Festival ပွဲသို့တက်ရောက်လာတဲ့ဖက်ရှင်ဟာ ပရိသတ်များကြားမှာ ရေပန်းစားလို့ နေပါတယ်။ အနက်ရောင် တောက်တောက်ပေါ်မှာမှ ရောင်စုံ ဒီဇိုင်းအဆန်းနဲ့ဖက်ရှင်လေးဟာ ဖွေးဖွေး ရဲ့ အလှကို ပိုမိုပေါ်လွင်စေတယ်လို့ပရိသတ်တွေက မှတ်ချက်ပေးနေကြပါတယ်။ ဒါ့အပြင် ပွဲသို့တက်ရောက်လာစဉ် သူငယ်ချင်း ဖြစ်တဲ့ စိုင်းစိုင်း ရဲ့ လက်ကိုချိတ်ပြီး တက်ရောက်ခဲ့တဲ့ပုံတွေဟာလည်း ချစ်ဖို့ကောင်းတယ်လို့ပရိသတ်တွေက ပြောနေကြပါတယ်။ ကဲ ပပဝတီ ကရွေးချယ်ပေးထားတဲ့ ဖွေးဖွေး ရဲ့ ပုံလှလှလေးတွေ ကြည့်လိုက်ဦးနော်။ ဓာတ်ပုံတွေကတော့ Nay Min Tun ( Amazing Grace) ဖြစ်ပါတယ်။