သူတို့စုံတွဲတကယ်ပြတ်သွားတာလား ၊ ရန်ဖြစ်စိတ်ကောက်ကြတာလား
ဆယ်လီ စုံတွဲဖြစ်ကြတဲ့ ရဲရင့်အောင် နဲ့ဧငြိမ်းဖြူ တို့ပြတ်သွားပြီလားဆိုတဲ့ သတင်းတွေဟာ ပရိသတ်တွေကြားမှာ လူပြောများလို့နေပါတယ်။ ပြီးခဲ့တဲ့လပိုင်းအင်တာဗျူးတွေမှာ တယောက်နဲ့တယောက်ဘယ်လောက်ချစ်ကြကြောင်း ပြောဆိုထားဖူးပေမယ့် ဒီတခါ ဖေ့ဘွတ်ခ်ပေါ်မှာ ရေးထားတဲ့စာကြောင့် တကယ်ပြတ်သွားတာလားဆိုပြီး ပရိသတ်တွေက စိတ်မကောင်းဖြစ်နေကြပါတယ်။ ရဲရင့်အောင် ဖက်မှာတော့ မိန်းကလေး ပရိသတ်တွေများလွန်းတာကြောင့် အမြင်ကနှစ်မျိုးကွဲနေပါတယ်။
ဖြစ်ပုံကဒီလိုပါ။ ဧငြိမ်းဖြူ က ဖေ့ဘွတ်ခ်ပေါ်မှာ We Broke Up ၊ ငါ့တို့ပြတ်ပြီလို့စတင်ရေးသားခဲ့တာဖြစ်ပြီး ၊ ရဲရင့်အောင် က ကစားချင်ရင်အရုပ်ဝယ်ထား အချိန်လာမဖြုန်းနဲ့လို့ဧငြိမ်းဖြူ ရဲ့ status အောက်မှာရေးခဲ့တာပါ။ ဒါပေမယ့် မကြာခင်မှာ ဒီပိုစ့်ကို ဖျက်ထားတာတွေ့ရပြီး ပရိသတ်တွေကတော့ ခဏ စိတ်ကောက်ကြတာနေမှာပါလို့ ပဲ ပြောဆိုနေကြပါတယ်။