သိန်း ၈ ထောင်တန်ကားမွေးနေ့လက်ဆောင်ရသွားတဲ့ စမိုင်းလ်

ပျော်ရွှင်သာယာတဲ့မိသားစု ဘဝလေးကိုပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် စမိုင်းလ် ကို မွေးနေ့surprise အဖြစ် မြန်မာပလာဇာ မှာ ခင်ပွန်းဖြစ်သူ က သိန်း ၈ ထောင်တန် Rolls Royce ကားလက်ဆောင်ပေးခဲ့တဲ့ ဖြစ်ရပ်လေးဟာ လူမှုကွန်ယက်ပေါ်မှာရေပန်းစားနေပါတယ်။စမိုင်းလ် ဟာ ခင်ပွန်း ဖြစ်သူ ၊ ကလေးတွေနဲ့အတူမြန်မာပလာဇာ ကို ရောက်ရှိနေတဲ့အချိန်မှာ ဘာမှကြိုတင်သိထားခြင်းမရှိပဲ အက အဖွဲ့ဝင်တွေရဲ့ ခေါ်ယူမှုနဲ့အတူ သိန်း ၈ ထောင်တန်ကားကြီး ကိုခင်ပွန်းဖြစ်သူဆီက လက်ဆောင်ရရှိခဲ့ခြင်းဖြစ်ပါတယ်။ စမိုင်းလ် ဟာ ဗီဒီယို ထဲမှာ အံ့အားအတော်သင့်သွားတာကိုတွေ့ရမှာဖြစ်ပြီး မိတ်ဆွေသူငယ်ချင်းတွေလည်း surprise ပွဲအတွက်ရောက်ရှိနေခဲ့တာပါ။ အားကျဖို့ကောင်းတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ် တို့ မိသားစု လေးရဲ့ပုံရိပ်လေးတွေဟာ စိတ်ချမ်းသာစရာပါ။ ဓာတ်ပုံလေးတွေကြည့်လိုက်ဦးနော်။