အနုပညာခြေလှမ်းတွေစိပ်လာတဲ့ နေခြည်ဦး ရဲ့ဖက်ရှင်ပုံရိပ်များ
Beauty Blogger အဖြစ်ကနေ မော်ဒယ် နဲ့သရုပ်ဆောင်အဖြစ် ခြေလှမ်းတွေစိပ်လာတဲ့ နေခြည်ဦး ဟာ အခုဆိုရင် သူမရဲ့ ဒုတိယ မြောက်ရုပ်ရှင်ဇာတ်ကားကြီး တောင်ရိုက်တော့မှာပါ။ ဒုတိယ ရုပ်ရှင်ဇာတ်ကားနဲ့နာမည်က ဧည့်သည် လိုအမည်ရပြီ ဒါရိုက်တာ ညွှန့်မြန်မာညီညီအောင် ရိုက်ကူးမှာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ဖြိုးငွေစိုး၊ ရွှေထူး၊ ရွှေမှုံရတီတို့နဲ့ အတူ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေကြိုက်တဲ့ စတားတွေ နဲ့ပေါ့နော်။ ချီချီ ရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားက ရန်သူ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နေမင်း၊ ဝတ်မှုံရွှေရည်တို့ နဲ့ အတူ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။နေခြည် က လက်ရှိအောင်မြင်မှုတွေနဲ့ပတ်သတ်ပြီး အင်တာဗျူး တခုကိုဖြေထားရမှာတော့ ကိုယ်ကအခုချိန်မှာပျော်နေတာ၊ အလုပ်တွေလုပ် အပျော်တွေလွန်ပြီးတော့ ကိုယ့်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေ မမျှဘူး၊ မကိုက်ဘူး။ အဝတ်အစား တွေ အများကြီး ဝယ်ဖြစ်တယ်၊ ခရီးတွေ လျှောက်သွားဖြစ်တယ်။ အဓိက ကတော့ ပျော်နေတာပေါ့နော် လို့သူမရဲ့ လတ်တလော ခံစားချက်တွေနဲ့ပတ်သတ်ပြီးပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။
နေခြည်ဦး ဟာ မြန်မာဆန်ဆန် ဝတ်စုံလေးတွေကိုလည်း လှလှပပဝတ်စားတတ်သလို ၊ ခပ်မိုက်မိုက်စတိုင်ကောင်မလေးစတိုင်နဲ့လည်းတွေ့ရမှာပါ။ နေခြည်ဦး ရဲ့ မေ လအတွင်း ကဖက်ရှင်ပုံရိပ်တွေကို ပပဝတီ က စုစည်းတင်ဆက်လိုက်တာကို ကြိုက်နှစ်သက်လိမ့်မယ်မျှော်လင့်ပါတယ်။ ဓာတ်ပုံကတော့ ပရိသတ်တွေ အကြိုက်ဆုံး ၁၅ ပုံကိုရွေးချယ်ပေးလိုက်တာဖြစ်ပါတယ်။