ပိုင်ဖြိုးသု ရဲ့ ခွဲစိတ်ကုသမှုအောင်မြင်ကြောင်းသိရ
ရုပ်ရှင်သရုပ်ဆောင် ပိုင်ဖြိုးသု က သားအိမ်မှာ အရည်အိတ် တည်တာကြောင့် Grand Hantha ဆေးရုံမှာ ဇွန်လ ၃ ရက်နေ့က ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ပိုင်ဖြိုးသု ရဲ့ မိခင်ဖြစ်သူက ခွဲစိတ်မှုအောင်မြင်ကြောင်း ဧရာဝတီ သတင်းဌာန သို့ဖြေကြားခဲ့တယ်လို့သိရပါတယ်။
ပိုင်ဖြိုးသု ရဲ့ အမေက သမီးက စိုးရိမ်စရာ မရှိတော့ပါဘူး။ မနက်ဖြန်ဆိုရင် ပြန်ဆင်းလို့ ရနေပါပြီ။ တပတ်လောက် နားပီးရင် အလုပ်တွေ ပြန်လုပ်လို့ပြီလို့တောင် ဆရာဝန်ကြီးက ပြောပါတယ်။ ဒီနေ့ကနေစပြီး ထမင်းတောင် ပြန်စားလို့ ရပါပြီလို့ဖြေဆိုခဲ့တာပါ။ သူမရဲ့ခွဲစိတ်ပြီး ဆေးရုံပေါ်မှာအနားယူနေသော ပုံရိပ်တချို့ကို We Love Group မှာတင်ထားတာတွေ့ရပါတယ်။
ပိုင်ဖြိုးသု ဟာ ခွဲစိတ်မှုအပြီးမှာ အနုပညာလုပ်ငန်းတွေဆက်တိုက်ပြန်လုပ်သွားမှာဖြစ်တယ်လို့သိရပါတယ်။ ပိုင်ဖြိုးသု ဟာ အကယ်ဒမီ ရရှိပြီးနောက်ပိုင်း ပိုမိုလူသိများလာတဲ့မင်းသမီး ဖြစ်ပါတယ်။
ကိုးကား – We Love Paing Pyo Thu Facebook , ဧရာ၀တီ