မေမြို့ ရှုတင်မှာ မေမြင့်မိုရ်နဲ့အတူတွေ့ရတဲ့ နိုင်းနိုင်း ၊ ၀တ်မှုံရွှေရည်


ရုပ်ရှင်သရုပ်ဆောင် မေမြင့်မိုရ် က မေမြို့သို့ ရောက်ရှိနေပြီး ရှုတင်းက ပုံလေးတွေတချို့ကိုတင်ထားပါတယ်။ မေမြင့်မိုရ် ဟာ နိုင်းနိုင်း နဲ့အတူ ဆဲဖီ ပုံတွေတင်ထားသလို ၊ မင်းသမီး ဝတ်မှုံရွှေရည် နဲ့လည်း ချစ်စရာကောင်းတဲ့ ဆဲဖီ ပုံလေးတွေကိုရိုက်ထားတာတွေ့ရပါတယ်။ ပရိသတ်ကတော့ အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ရေးသားထားကြပါတယ်။
ထို့အပြင် မြန်မာဆန်ဆန် ပုံလေး တချို့နဲ့ရိုက်ကူးနေတဲ့ ရှုတင်ပုံတချို့ကို တွေ့ရမှာဖြစ်သလို ၊ ခပ်လန်းလန်းစတိုင် နဲ့မော်တော်ဆိုင်ကယ် ပေါ်မှာ နိုင်းနိုင်း နဲ့အတူ ဂိုက်ပေးကြမ်းနေတဲ့ပုံတွေကိုလည်းတွေ့ရမှာပါ။ အရိပ် ဇာတ်လမ်းတွဲ နဲ့ပရိသတ်တွေရဲ့အားပေးမှုတွေကို ရရှိနေတဲ့ မေမြင့်မိုရ် ကို ပရိသတ်တွေက မြန်မာဆန်ဆန် လေးနဲ့တအားလိုက်တယ်လို့မှတ်ချက်ပေးနေကြပါတယ်။